Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“လူရွှင်တော်အဖွဲ့တွေကွဲတာ ငွေရေးကြေးရေးကြောင့် ကွဲကုန်ကြတာပါ”

$
0
0

လူရွှင်တော် ကျင်ဝှက်ဟာ သက်ကြီးပူဇော်ပွဲအတွက် ရန်ပုံငွေရှာဖွေပွဲအတွက်ပြုလုပ်တဲ့ ဘောလုံးပွဲမှာ သက်ကြီးပိုင်းကနေပါဝင်ပြီး ဘောလုံးကန်ဖြစ်မယ်လို့ ဆိုပါတယ်။

“လူရွှင်တော်သက်ကြီးပူဇော်ပွဲအတွက် ရန်ပုံငွေပွဲမှာ ကျနော်က သက်ကြီးပိုင်းကကန်မယ်။ အမျိုးသမီးတွေနဲ့ ကန်ရမှာပါ။ ဇရာအိုနဲ့ ကညာပျိုပေါ့။ သင်ဆရာ မြင်ဆရာ ကြားဆရာတွေကို တတ်နိုင်တဲ့ဘက်ကနေ ကာယဒါနနဲ့ လှူဖို့ငွေအင်အားနည်းနေတာကြောင့် ပါဝင်တာပါ။ သက်ကြီးတွေကလည်း တိုးလာတော့ နှစ်စဉ်နှစ်တိုင်းလည်း လိုအပ်နေလို့ ဒီလိုပွဲလေးလုပ်တာပါ”

” ကျနော်တို့အဖွဲ့ထဲက ကိုအောင်သော်နဲ့ ကြာစိကတော့ ခရီးလွန်နေလို့ ကျနော်တို့ ၃ ယောက်ပဲရှိတယ်။ ဒီလဆို တလလုံး အလုပ်မရှိဘူး။ ၇ လပိုင်းတုန်းကလည်း အဲ့လိုပဲ အလုပ်မရှိဘူး။ အဲ့လိုတခါမှမဖြစ်ဖူးဘူး။ အခုဘာလို့ ဖြစ်တာလဲ။ သဘာဝဘေးသင့်တဲ့နေရာတွေက အများကြီးပဲလေ။ အဲ့တာကြောင့်လည်း အနုပညာသမားတွေ အခက်အခဲလေးတွေ တွေ့တာပေါ့။ ၁၀ လ ပိုင်းမှာ ဇာတ်ကားရော၊ ပွဲလေးတွေရော ကဖို့ရှိတယ်” လို့ ကျင်ဝှက်က ပြောပါတယ်။

အမြဲစည်းလုံးမှုရှိတဲ့ Five Star အဖွဲ့က အမြဲရန်ဖြစ်တတ်သလို အလုပ်လုပ်ရင်လည်း အလုပ်နဲ့ တူအောင် လုပ်ကြတယ်လို့ အဖွဲ့ဝင် ကျင်ဝှက် ကပြောပါတယ်။

“အလှူရှင်တွေက အခွေတွေရိုက်တယ် မှတ်တမ်းဆိုပြီး တယောက်ကို တယောက်လက်ဆင့်ကမ်းရင်းနဲ့ အဲ့အပေါ်မှာ လုပ်စားသွားကြတာ။ ကျနော်တို့က ပါတယ်။ အလှူရှင်တွေက အခွေတွေ မထွက်တော့ဘူး။ သီချင်းခွေလည်း ထွက်လိုက်တယ်။ အဲ့အခွေကလည်း ကောင်းအောင်လုပ်လိုက်တာ သိန်း ၃၀၀ ကျော်သွားတယ်။ နောက်ထပ်လည်း လုပ်ချင်ပေမယ့် မလုပ်ဖြစ်သေးပါဘူး”

” နောက်ကနေ လိုက်လုပ်ပေးမယ့် သူမရှိတော့ အဆင်မပြေဘူး။ ကျနော်တို့က ကိုယ့်အားနဲ့ ကိုယ်လုပ်ရတာလေ။ နောက်ကနေ လုပ်ပေးနိုင်မယ့် သူရှိရင်ကောင်းမယ်။ ကျနော်တို့ လုပ်ချင်တာတွေ အများကြီးပဲ။ ကျနော်တို့အဖွဲ့က အမြဲရန်ဖြစ်တယ်။ အလုပ်လုပ်ရင်လည်း အလုပ်နဲ့ တူအောင်လုပ်ကြတယ်။ ရန်ဖြစ်ရင်လည်း ဒီနေ့ဖြစ် မနက်ဖြန်ပြန်ခေါ်ကြတာ” လို့ ဆိုပါတယ်။

လူရွှင်တော်အဖွဲ့များ အောင်မြင်လာပြီးနောက်ပိုင်းမှာ အဖွဲ့ကွဲပြီး တဦးခြင်း စီဖြစ်ကုန်တာနဲ့ ပတ်သက် လို့လည်း ကျင်ဝှက်က သူရဲ့အမြင်ကို အခုလိုဆိုပါတယ်။

“အဓိက အဖွဲ့တွေကွဲတာက ငွေရေးကြေးရေးကြောင့် ကွဲကုန်ကြတာ။ ကျနော်တို့အဖွဲ့က ဘုရားတည်ဖို့ ဖယ်တယ်။ ကားခတွေကို ဖယ်တယ်။ ကျန်တာကို ဖယ်ပြီးမှ ကျနော်တို့ငါးယောက်ခွဲယူတယ်။ ပရိသတ်ကို မိသားစုလို ဖျော်ဖြေ ပေးတာပါတယ်။ ကျနော်တို့ ပရိသတ်တွေကို ပျော်စေချင်တယ်။ ကလေးတွေ ရယ်ရမယ့် ပျက်လုံးတွေလုပ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ မပျက်ဘူး။ နိုင်ငံရေးတွေတော့ ပြောတယ်” လို့ပြောပါတယ်။

ကျင်ဝှက်ဟာ Five Star အဖွဲ့နဲ့ ပွဲများကပြဖျော်ဖြေနေပြီး ဇာတ်ကားများမှာလည်း အဖွဲ့လိုက်ရော တယောက်တည်း အနေနဲ့ပါ သရုပ်ဆောင်နေသူတဦးဖြစ်ပါတယ်။

The post “လူရွှင်တော်အဖွဲ့တွေကွဲတာ ငွေရေးကြေးရေးကြောင့် ကွဲကုန်ကြတာပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ