Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကြိုးစားတဲ့ အနုပညာကိုပဲ ပရိသတ်ကို ချပြချင်တာပါ”

$
0
0

ကက်ဆက်ခွေ ဇာတ်လမ်းများ ရိုက်ကူးရာမှ ပရိသတ်တွေသတိထားမိလာကြတဲ့ မော်ဒယ်သရုပ်ဆောင် ဧငြိမ်းဖြူက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အကဗီဒီယိုဖိုင်လေးတွေ တင်လေ့ရှိပါတယ်။ မကြာခင်က တင်ခဲ့တဲ့ အကဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး သူမကို Body Shaming ပြုလုပ်ကြတာတွေကို ဘယ်လိုမှမခံစားရပါဘူးလို့ ပြောပါတယ်။

“သီချင်းပေါ်မှာ မူတည်ပြီးကရတဲ့ အကဖြစ်တဲ့အတွက် ပရိသတ်တွေအတွက် ရသမတူဘဲ တမျိုးပြီး တမျိုး အမြင်ဆန်း အောင် ပေးချင်တာပါ။ ညီမ ကတယ်ဆိုတာက ကကွက်က အဓိကပါ။ တခြားနိုင်ငံက အနုပညာရှင်တွေလည်း ခန္ဓာကိုယ်မလှတဲ့ သူတွေလည်းရှိတာပဲ။ အဓိကကတော့ ညီမက ညီမကြိုးစားတဲ့အနုပညာကိုပဲ ပရိသတ်ကိုပြချင်တာပေါ့။ Body Shaming လုပ်တာတွေကိုလည်း ညီမဘယ်လိုမှမခံစားရပါဘူး” လို့ ဧငြိမ်းဖြူက ပြောပါတယ်။

ဧငြိမ်းဖြူက မကြာခင်မှာလည်း အကနဲ့ ပတ်သက်တဲ့ရုပ်ရှင်ကားကြီးတကား ရိုက်ဖို့ရှိတဲ့အတွက် အကတွေလေ့ကျင့်နေရပြီး အဆိုပါရုပ်ရှင်ကားမတိုင်ခင် Music ဒရမ်မာအကဇာတ်လမ်းတွဲ ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

“အက ကားရိုက်မယ်။ အကတွေစပြီး လေ့ကျင့်နေပြီ။ အဲဒီအက ရုပ်ရှင်ကားကြီးမတိုင်ခင်မှာလည်း Music ဒရမ်မာအက ဇာတ်လမ်းတွဲရိုက်ဖို့ရှိပါတယ်” လို့ ဆိုပါတယ်။

ဧငြိမ်းဖြူရဲ့ လွန်ခဲ့တဲရက်ပိုင်းက ကျင်းပခဲ့တဲ့ တောင်ပြုန်းပွဲတော်မှာ “မိရိုးဖလာ” ဆိုတဲ့ ရုပ်ရှင်ကားကြီးသွားရောက် ရိုက်ကူးစဉ်က ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း တော်တော်များများ ကြိုက်နှစ်သက်ခဲ့ကြပါသေးတယ်။

“အဲဒီပုံတွေက တောင်ပြုန်းမှာ မိရိုးဖလာရုပ်ရှင်ကားကြီး သွားရိုက်တုန်းက ရိုက်ထားတာပါ။ တောင်ပြုန်းရဲ့ နတ်တွေအကြောင်းကို အဓိကအခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပါ။ နိုင်ငံခြားကနေ စာတန်းပြုစုပြီး ပြန်လာတဲ့ နတ်တွေကို စိတ်ဝင်စားတဲ့ လူငယ်တယောက်ပါ” လို့ဧငြိမ်းဖြူက ပြောပါတယ်။

ဧငြိမ်းဖြူကတော့ ကက်ဆက်ခွေဇာတ်လမ်းများမှာ ပါဝင်သရုပ်ဆောင်ရင်း လူသိများလာသူဖြစ်တဲ့အတွက် သူမမှာ နယ်ပရိသတ်များ ၊ လူငယ်ပရိသတ်များသာမက လူကြီးများကလည်း အားပေးကြတဲ့အတွက် ဝမ်းသာမိတယ်လို့ ပြောပါတယ်။

“ညီမတို့က နယ်ပရိသတ်တွေပိုများတယ်။ ကက်ဆက်ခွေဇာတ်လမ်းနဲ့ လူသိလာတဲ့အခါကျတော့ အရမ်းဝမ်းသာတယ်။ အားပေးကြသူတွေမှာ လူငယ်လူကြီးမရွေး အားပေးကြတာကို မြင်ရတာ ဝမ်းသာတယ်။ တခေတ်တခါက နာမည်ကြီးခဲ့တဲ့ သူတို့ကြိုက်ခဲ့တဲ့ ဇာတ်ကားတွေကို ရုပ်နဲ့ပြန်ကြည့်ရတဲ့အတွက် လူကြီးတွေက အားပေးတာပါ။ နောက်ထပ်လည်း ပရိသတ်အခိုင်အမာရအောင် ကြိုးစားရမှာပါ” လို့ ဧငြိမ်းဖြူက ပြောပါတယ်။

The post “ကြိုးစားတဲ့ အနုပညာကိုပဲ ပရိသတ်ကို ချပြချင်တာပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ