Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

BTS အဖွဲ့ရဲ့ ဒုတိယအကြိမ် Billboard အောင်မြင်မှုအတွက် ကိုရီးယားသမ္မတရုံး ဂုဏ်ပြု

$
0
0

တောင်ကိုရီးယားသမ္မတ Moon Jae In ရဲ့ ရုံးကနေ ကမ္ဘာကျော် BTS အဖွဲ့ရဲ့ Billboard မှာ ဒုတိယမြောက် အောင်မြင်မှုအတွက် ဂုဏ်ပြုစကားဆိုခဲ့တယ်လို့ သိရပါတယ်။

သမ္မတအိမ်ပြာတော်ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ Twitter အကောင့်မှာ “Billboard 200 မှာ ဒုတိယအကြိမ် မြောက်အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နိုင်တာကို အထူးဂုဏ်ပြုပါကြောင်း” ရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ့ပို့စ်မှာတော့ BTS အဖွဲ့ရဲ့ ပရိသတ် “ARMY” ၊ အဖွဲ့ရဲ့ နောက်ဆုံးထွက်သီချင်းဖြစ်တဲ့ “Idol” ထဲမှာ စာသားတချို့ကိုလည်း တွဲဖက်ဖော်ခဲ့ပါတယ်။

တောင်ကိုရီးယားဝန်ကြီးချုပ် Lee Nak-yon ကတော့ သူ့ရဲ့ Twitter အကောင့်မှာ ဂုဏ်ပြုသတင်းစကားတခုကို တင်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Lee က “BTS၊ ငါမင်းတို့အတွက် ဂုဏ်ယူပါတယ်။ BTS အဖွဲ့ဟာ ဒီနှစ်ရဲ့ Billboard မှာ ဒုတိယအကြိမ်မြောက် နံပါတ် ၁ ရရှိပြန်ပါပြီ။ The Beatles, Elvis Presley နဲ့ Frank Sinatra တို့လိုမျိုး စူပါစတား တွေသာ တနှစ်တည်း Billboard မှာ နှစ်ကြိမ် ထိပ်ဆုံးရောက်ခဲ့တာပါ” လို့ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာတော့ အမေရိကန်ဂီတဇယား Billboard က သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ BTS အဖွဲ့ဟာ Billboard 200 အယ်လ်ဘမ်ဇယားမှာ ဒုတိယအကြိမ်မြောက်အဖြစ် နံပါတ် ၁ နေရာကို ရရှိခဲ့တဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။

Billboard ရဲ့ အဆိုအရ BTS အဖွဲ့ရဲ့ နောက်ဆုံးထွက် တေးအယ်လ်ဘမ် “Love Yourself: Answer” ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့မှာ အဆုံးသတ်ခဲ့တဲ့ သီတင်းပတ်တုန်းက နံပါတ် ၁ နေရာနဲ့ ပွဲဦးထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါဟာ ဒီနှစ် မေလအတွင်းမှာပဲ ထွက်ရှိခဲ့တဲ့ “Love Yourself: Tear” အယ်လ်ဘမ်ပြီးတဲ့နောက် ယှဉ်ပြိုင်မှုများတဲ့ Billboard မှာ ဒုတိယအကြိမ်မြောက် အောင်မြင်မှုရရှိတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက Billboard Hot 100 ဇယားမှာ နံပါတ် ၁၀ နေရာအထိ တက်ရောက်နိုင်ခဲ့တဲ့ အဖွဲ့ရဲ့ “Fake Love” သီချင်းပြီးတဲ့နောက် အခုအယ်လ်ဘမ်သစ်အထဲက “Idol” သီချင်းဟာလည်း အောင်မြင်မှု ရဖို့ လမ်းစပွင့်သွား ခဲ့ပြီဖြစ်ပါတယ်။

Ref:yonhap

The post BTS အဖွဲ့ရဲ့ ဒုတိယအကြိမ် Billboard အောင်မြင်မှုအတွက် ကိုရီးယားသမ္မတရုံး ဂုဏ်ပြု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ