Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အားကစားသမားကောင်းတယောက်အကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင်” The Miracle Season”

$
0
0

ရုပ်ရှင်ချစ်ပရိသတ်တွေဒီတပတ်မှာ ဘာကားကြည့်ရမလဲ အတွေးခက်နေတယ်ဆိုရင် ဇာတ်ကားကောင်းတခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။

ကစားသမားတွေဟာ အောင်မြင်မှုရဖို့ ဘယ်လိုအားထုတ်ရတယ်၊ အဖွဲ့အစည်းစိတ်ဓာတ်က ဘယ်လောက် အရေးပါ တယ်ဆိုတာမျိုးအပြင် သူငယ်ချင်းရဲ့ အိပ်မက်အကောင်အထည်ပေါ်လာစေဖို့ ကြိုးစားပေးတဲ့ သူငယ်ချင်းသံယောဇဉ် ဆိုတာမျိုးကိုလည်း ရိုက်ကူးပြထားပါတယ်။ ဒီကားကြည့်ရင် သင်ပါစိတ်ခွန်အားတွေတက်ကြွလာမယ်လို့ ပြောချင်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသမီးအသစ်လေးတွေဖြစ်တဲ့ Erin Moriarty နဲ့ Danika Yarosh တို့က အဓိကပါဝင်သရုပ်ဆောင် ထားပါတယ်။

ဇာတ်လမ်းအကျဉ်းက ကယ်လီနဲ့ ကယ်ရိုလိုင်းဆိုတဲ့ နှစ်ယောက်က ငယ်စဉ်ကတည်းက တွဲလာကြတဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ပါ။ ကယ်ရိုလိုင်းက ပျော်ပျော်နေတတ်ပြီး အထက်တန်းကျောင်းက ဘော်လီဘောအဖွဲ့ရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်။

သူမမှာ မကျန်းမာတဲ့ မိခင်ရှိပေမယ့် စိတ်ပျက်အားငယ်မနေဘဲ အမြဲတမ်းတက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် နေလေ့ရှိပါတယ်။ ဒါကြောင့် ကယ်ရိုလိုင်းကို လူတိုင်းက ချစ်ခင်သဘောကျပါတယ်။ တနေ့ ပါတီပွဲတခုအပြန်ကနေ ကယ်ရိုလိုင်းတယောက် မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူမလို စိတ်ကောင်းရှိပြီး အရည်အချင်းရှိ တဲ့ကစားသမားတယောက် စောစောစီးစီး ကြွေလွင့်သွားရတဲ့အတွက် တကျောင်းလုံးက စိတ်မကောင်းဖြစ်သလို အချစ်ဆုံးသူငယ်ချင်း ကယ်လီကိုယ်တိုင်လည်း ဘောလီဘော ဆက်ကစားနိုင်စွမ်း မရှိခဲ့ပါဘူး။

ဒီလို တသင်းလုံးဝမ်းနည်းပြီး လေ့ကျင့်မှုတွေမလုပ်နိုင်တဲ့အခါ ကယ်ရိုလိုင်းရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံဆုကို ရယူနိုင်ပါ့မလား၊ ကယ်လီ့ကိုကော အသင်းခေါင်းဆောင်အဖြစ် တခြားအဖွဲ့ဝင်တွေက လွယ်လွယ်ကူကူလက်ခံမလား ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။

ဒီကားအမျိုးအစားက Sport Drama ဖြစ်ပြီး ကြည့်နေရင်းနဲ့ ကိုယ်တိုင်လွယ်လွယ်ကူကူအရှုံးမပေးဖို့ အတွေးဝင်မိပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ုလို့ကောင်းတဲ့ ဇာတ်ကားတခုဖြစ်ပြီး တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတယ်လို့ သိရပါတယ်။ IMDb 6.4 လည်းရထားတာကြောင့် ကြည့်ကောင်းတဲ့ဇာတ်ကားတခုဖြစ်ပါတယ်။

The post အားကစားသမားကောင်းတယောက်အကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင်” The Miracle Season” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ