Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စင်ပေါ်ကို ပရိသတ် တက်လာလို့ Jay-Z နဲ့ Beyonce တို့ရဲ့ဖျော်ဖြေပွဲ ရပ်ဆိုင်းလိုက်ရ

$
0
0

Jay-Z နဲ့ Beyonce တို့ဟာ အတ္တလန္တာမြို့မှာ ပြုလုပ်နေတဲ့ ဖျော်ဖြေပွဲတခုအတွင်း အမျိုးအမည် မသိတဲ့ အမျိုးသားတဦး စတိတ်စင်ပေါ်ကို ပြေးတက်လာခဲ့ပြီးနောက် အဲဒီဖျော်ဖြေပွဲကို ရပ်ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

အသက် ၄၈ နှစ်အရွယ် Jay နဲ့ အသက် ၃၆ နှစ်အရွယ် Beyonce တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ညက Mercedes-Benz Stadium ကွင်းမှာ သူတို့ရဲ့ On the Run II နယ်လှည့်ဖျော်ဖြေပွဲကို ပြုလုပ်နေချိန် အမျိုးသားတဦးက စတိတ်စင် ပလက်ဖောင်းပေါ် တက်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ နောက်ခံအကသမားတွေကတော့ စင်အနောက်ကို သွားရောက်ဖို့ ကြိုးစားနေတဲ့ ကျူးကျော်လာသူဆီ အလျင်အမြန်ပြေးသွားခဲ့ကြပါတယ်။ Beyonce ရဲ့ ပြင်ပဆက်ဆံရေးပုဂ္ဂိုလ် Yvette Noel-Schure က အဲဒီဖြစ်ရပ်နောက်ပိုင်း အရာအားလုံးအဆင်ပြေတဲ့အကြောင်း ပရိသတ်တွေကို အသိပေး ပြောကြားခဲ့ပါတယ်။

Yvette က “စိုးရိမ်ပူပန်ပေးခဲ့ကြတဲ့အတွက် ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့အဆင်ပြေပြီး မနက်ဖြန်မှာ ဖျော်ဖြေပွဲကို ဆက်လုပ်မှာပါ” လို့ Instagram မှာ ရေးသားခဲ့ပါတယ်။

အခုလိုမျိုး ဖျော်ဖြေပွဲ ကျင်းပနေချိန်မှာ စတိတ်စင်ပေါ်ကို ပြေးတက်လာခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် Anthony Charles Thomas Maxwell ဆိုတဲ့အမျိုးသားကိုဖမ်းဆီး တရားစွဲဆိုထားလိုက်တယ်လို့ သိရပါတယ်။

အဲဒီ Maxwell ဆိုတဲ့အမျိုးသားကို လွဲမှားစွဲပြုကျင့်မှုနဲ့ တရားစွဲဆိုခဲ့ပြီးနောက် လွှတ်ပေးခဲ့ကြောင်း၊ ဒါပေမယ့် ရဲတပ်ဖွဲ့က ရိုက်နှက်ရန် ခြိမ်းခြောက်မှုနဲ့ ထပ်တိုးတရားစွဲခဲ့တယ်လို့ သိရပါတယ်။ အသေးစား ဒဏ်ရာတွေ ရရှိခဲ့တဲ့ သူ့ကိုလည်း ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ပွဲစီစဉ်သူတွေဘက်ကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာဆိုရင်လည်း အဲဒီဖြစ်စဉ် အကြောင်း ရှင်းပြထားပြီး ဖြစ်စဉ်အတွင်း မည်သူ တဦးတယောက်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိခဲ့တာကို အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် အဆိုတော် နှစ်ဦးဟာ အဲဒီပုဂ္ဂိုလ်ကိုလည်း တရားစွဲဆိုခြင်း မပြုခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

အခြေအနေကို ပညာသားပါပါ ကိုင်တွယ်ပေးခဲ့ကြတဲ့ အကသမားတွေနဲ့ အဖွဲ့တွေအားလုံး၊ အဲဒီပုဂ္ဂိုလ်ကို ခွဲထုတ်ပေးခဲ့တဲ့ လုံခြုံရေးအဖွဲ့တို့ရဲ့ ကြိုးပမ်းမှုကိုလည်း ကျေးဇူးတင်ပါကြောင်း ရေးသားထားပါတယ်။ အဲဒီနေ့ နောက်တရက် အတ္တလန္တာမြို့မှာပဲ ပြုလုပ်တဲ့ အဆိုတော် နှစ်ဦးရဲ့ ဖျော်ဖြေပွဲဟာတော့ ထူးခြားဖြစ်စဉ် မရှိခဲ့ဘဲ ကျင်းပနိုင်ခဲ့ပါတယ်။

Ref: contactmusic

The post စင်ပေါ်ကို ပရိသတ် တက်လာလို့ Jay-Z နဲ့ Beyonce တို့ရဲ့ဖျော်ဖြေပွဲ ရပ်ဆိုင်းလိုက်ရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link