Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နောက်ထပ် “Venom”ရုပ်ရှင်မှာ ထပ်မံမြင်တွေ့ရမယ့် မင်းသား Tom Hardy

$
0
0

မင်းသား Tom Hardy က သူဟာ Sony ကုမ္ပဏီနဲ့ ရုပ်ရှင် ၃ ကား စာချုပ်ချုပ်ဆိုထားတဲ့အတွက် Marvel ရဲ့ လူဆိုးဟီးရိုး Venom အဖြစ် ရုပ်ရှင်တကားထက်ပိုပြီး သရုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

အသက် ၄၀ အရွယ် မင်းသားက ဒါရိုက်တာ Ruben Fleischer ရဲ့”Venom” ရုပ်ရှင်မှာ အဓိက ဇာတ်ကောင်အဖြစ် ပွဲဦးထွက်လာဖို့ စီစဉ်ထားပြီးလည်း ဖြစ်ပါတယ်။

Total Film မဂ္ဂဇင်းနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ မင်းသား Hardy က Eddie Brock သို့မဟုတ် Venom အဖြစ် ပြန်လည်ပါဝင် သရုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အကြောင်းနဲ့ ရုပ်ရှင်ဟာ အောင်မြင်သင့်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

“ကျနော် လုပ်ချင်တာ ဘာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ရှိပါတယ်။ ကျနော် ရုပ်ရှင် ၃ ကားအတွက် စာချုပ်ချုပ်ထားပါတယ်။ ဒါ့ကြောင့် ပွင့်ပွင့်လင်းလင်း ထုတ်ပြောလို့ရတဲ့ ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ လူတွေ ဘယ်လိုတုံ့ပြန်တယ် ဆိုတာကို ကြည့်ရမှာပါ” လို့ မင်းသားက ပြောပါတယ်။

“တော်တော်လေးကို ထူးခြားတဲ့ ဇာတ်ကောင်တခုဖြစ်တယ်လို့ ထင်ပါတယ်။ ဇာတ်ကောင်နှစ်ခုလုံးကို သရုပ်ဆောင်ရတာ သဘောကျပါတယ်။ စိတ်အပန်းလည်းပြေ၊ ပညာလည်းရပါတယ်။ Sony အတွက်တော့ Venom နဲ့သက်ဆိုင်တဲ့အရာတခုကတော့ သီးခြားစီ စတင်လိုက်ပါပြီ” လို့ မင်းသား Tom Hardy က ဆိုပါတယ်။

ဗြိတိသျှမင်းသား Hardy ဟာ ပင့်ကူလူသား ရုပ်ရှင်ကနေ ခွဲထွက်လာတဲ့ ဇာတ်ကောင်အခြေပြု ရုပ်ရှင်ဟာ ၃ ကားအထိ ရှိလိမ့်မယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

မင်းသားက “ကျနော်တို့က တခုတည်းရပ်တည်နိုင်တဲ့ စကြာဝဠာတခုကို ဖန်တီးခဲ့ကြပြီးပါပြီ။ ဒါကြောင့် နောက်ပိုင်းမှာ Sony က ဘာပဲရိုက်ဖို့ ကြိုးစားတာပဲဖြစ်ဖြစ် အလိုက်သင့်လေးဖြစ်နေမှာပါ။ ဒါပေမယ့် တကယ် ရုံတင်တဲ့နေ့ကျရင်တော့ ဘယ်တွေဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ပေါ့” လို့ ပြောကြားခဲ့ပါတယ်။

ယခုလ အစောပိုင်းမှာမင်းသား Hardy က သူ့မှာလုံလောက်တဲ့ သရုပ်ဆောင်ပညာရှိနေပြီ ဖြစ်တဲ့အတွက် ကင်မရာ နောက်ကွယ်ကို သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်မြင်တဲ့အကြောင်း ပြောဆိုခဲ့ပါသေးတယ်။

Esquire မီဒီယာနဲ့ ပြောဆိုခဲ့ရာမှာတော့ သူက “အခုအချိန်အထိ ဘာကိုစွဲလမ်းနေပါသလဲလို့ မေးလာခဲ့ရင် ဒီအသက် ဒီအရွယ်မှာ ကျနော်ထပ်ပြီးမသိချင်တော့ပါဘူးလို့ ဖြေရမှာပါပဲ။ ကျနော် တော်တော်လေး ပြည့်စုံနေပါပြီ။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျနော့်ဘဝကို ရှေ့ဆက် ချင်ပါတယ်။ ထုတ်လုပ်တာ၊ ဇာတ်ညွှန်းရေးတာနဲ့ ရိုက်ကူးရေး လုပ်ချင်ပါတယ်” လို့ ပြောပါတယ်။

Ref:ptinews

The post နောက်ထပ် “Venom” ရုပ်ရှင်မှာ ထပ်မံမြင်တွေ့ရမယ့် မင်းသား Tom Hardy appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ