Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သမီးစံထားရတဲ့ မိခင်တယောက်ပဲ ဖြစ်ချင်နေတဲ့ အေသင်ချိုဆွေ

$
0
0

အဆိုတော်အေသင်ချိုဆွေရဲ့ သမီးဖြစ်သူ အိုင်ဗီရဲ့ အသက်၁နှစ်ပြည့်မွေးနေ့ အလှူကို သြဂုတ် ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အေသင်ချိုဆွေက အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာပြီးနောက် မကြာခင်ကပဲ သမီးဖြစ်သူရဲ့ အိုင်ဗီရဲ့ပုံများကိုလည်း ပရိသတ်ထံ ချပြခဲ့တာဖြစ်ပါတယ်။

အေသင်ချိုဆွေက သမီးဖြစ်သူ အိုင်ဗီ နဲ့ပတ်သက်ပြီး မိခင်တယောက်ရဲ့ ခံစားချက်များကို ဧရာဝတီကို အခုလိုဆိုပါတယ်။

“ကိုယ့်ရဲ့သွေးသားနဲ့ ဖြစ်တည်လာတာဆိုတော့ ချစ်တာပေါ့နော်။ သူရှိနေပြီဆိုတာ စသိတဲ့အချိန်ကတည်းက ဆုံးဖြတ်ခဲ့တာ။ စိတ်ခွန်အားကတော့ သမီးလေးစိတ်ပဲပေါ့နော်။ ဘယ်လိုပြောရမလဲ။ ကြားထဲမှာတော့ အခက်အခဲ အများကြီးရှိခဲ့တယ်”

“အေသင် အဲ့ဒါတွေတော့ ပြန်မပြောချင်တော့ဘူး။ မိခင်စိတ်ဆိုတာကတော့ မိန်းမတိုင်းမှာရှိကြတာပဲ။ မိခင်စိတ်နဲ့ သူ့ကိုချစ်လည်း ချစ်တယ်။ သူ့အတွက်ပဲ သူနဲ့အတူ ရှေ့ဆက်ပြီးသွားဖို့ ဆုံးဖြတ်ထားပါတယ်”လို့ အေသင်ချိုဆွေက ဧရာဝတီကို ပြောပါတယ်။

အေသင်ချိုဆွေက သမီဖြစ်သူ အိုင်ဗီရဲ့ မွေးနေ့အလှူကို “ဆည်းဆာရိပ် ဘိုးဘွားများစောင့်ရှောက်ရေးဂေဟာ”နဲ့ ၊သန်လျင် “သဘာဝတရားရိပ်သာ”တို့မှာ လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဆည်းဆာရိပ်ကို အလှူငွေ ကျပ်နှစ်သိန်း ၊သဘာဝတရားရိပ်သာကို အလှူငွကျပ်နှစ်သိန်း လှူဒါန်းခဲ့ပါတယ်။

သမီးဖြစ်သူ နာမည်ကို အိုင်ဗီ လို့နာမည်ပေးဖြစ်တာနဲ့ ပတ်သက်ပြီးလည်း အေသင်ချိုဆွေက အခုလိုဆိုပါတယ်။

” အေသင်က အဆိုတော်ဘီယွန်းဆေးကို အရမ်းကြိုက်တော့ ဘီယွန်းဆေး ပထမဆုံးမွေးတဲ့ သမီးလေးနာမည်က ‘ဘလူးအိုင်ဗီ ‘တဲ့။ အဲဒီ ‘အိုင်ဗီ’ ဆိုတဲ့နာမည်လေးကိုလည်း ကြိုက်လို့ပါ”လို့ ဆိုပါတယ်။

အေသင်က သိပ်မကြာသေးခင်ကပဲ Single Mother ပါလို့ ရဲတင်းစွာ ဆုံးဖြတ်ချက်ချကြေညာခဲ့သူဖြစ်ပြီး သမီးလေးနဲ့ မီဒီယာကို သမီးဖြစ်သူရဲ့မွေးနေ့မှာ ပထမဆုံးတွေ့ဆုံပေးခဲ့တာ ဖြစ်ပါတယ်။

“အေသင့်ပရိသတ်ကြီးကိုလည်း မညာချင်ဘူးလေ။ အမှန်အတိုင်းပ ဲပြောပြချင်လို့ပါ။ အခုလိုဝိုင်းချစ်ပေးကြလို့လည်း ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ အခု အင်အားတွေမွေးနေပါပြီ။ Ready ပါပဲ။ အေသင် Single Mother လို့ ဖွင့်ပြောလိုက်တဲ့အတွက် အမေကတော့ နည်းနည်းစိတ်ဆိုးတယ်”

“အေသင့်တယောက်တည်းအတွက်ဆိုရင် ဂရုမစိုက်ဘူး။ သူ့အတွက်ပတ်ဝန်းကျင်က ပြောလာမယ့် စကားတွေကိုလည်း ဂရုမစိုက်ဘူး။ ဒါပေမယ့် အေသင့်မှာ မိသားစုနဲ့ အသိုင်းအဝိုင်းတွေရှိတဲ့အတွက် ဂရုစိုက်ရတယ်။ အခုတော့ စမွေးကတည်းက Strong ဖြစ်ပြီးသားပါ။ အားလုံးပေါ့”လို့လည်း အေသင်က ဆိုပါတယ်။

ကိုယ့်ရင်သွေးလေး လူ့လောကမရောက်ခင် သမီးလို့ သိထားရတဲ့ အချိန်ကခံစားမှုကိုလည်း အေသင်ချိုဆွေက အခုလိုပြောပြပါတယ်။

“သမီးဆိုတော့ ပိုပျော်တာပေါ့။ ပြီးတော့ အဲ့ဒီအချိန်တုန်းက ဖြစ်ပျက်တဲ့အဖြစ်အပျက်တွေက အများကြီးပဲ။ ဒါပေမယ့် သေချာတာတခုကတော့ သူရှိလာတယ်ဆိုတဲ့အတွက် ကိုယ့်စိတ်ထဲမှာ အရမ်းပျော်တယ်။ ဒါကြောင့် သူ့ကိုယူမယ်လို့ ဆုံးဖြတ်ခဲ့တာကလည်း လိုလိုချင်ချင်နဲ့ပါပဲ။ သမီးလေးအတွက် စဉ်းစားထားတယ်။ အခုချိန်မှာ အေသင် အလုပ်တွေ အများကြီး လုပ်ဖြစ်တယ်။ အေသင် တခြား ဘယ်သူ့ Hero မှ မဖြစ်ချင်ဘူး။ သူ့ရဲ့ Hero ပဲဖြစ်ချင်တယ်။ သူစံထားရတဲ့ အမေတယောက်ပဲ ဖြစ်ချင်တယ်” လို့ ပြောပါတယ်။

အေသင်ချိုဆွေက အခုဆို Single mother တယောက်ဖြစ်တဲ့အတွက် ပင်ပန်းပြီး မိခင်နေရာ ၊ ဖခင်နေရာရောကို တာဝန်ယူရတဲ့အတွက် ပိုပြီးမြင့်မြတ်တယ်လို့ ခံစားရကြောင်း ဆိုပါတယ်။

“အမေ့ကိုလည်း ကျေးဇူးတင်ပါတယ်။ တကယ်တော့ အခက်အခဲတွေဖြစ်နေတဲ့အချိန် ကိုယ့်အနားမှာက ကိုယ့်မိသားစု ပဲရှိတယ်။ အဲ့ဒီအချိန်မှာ ပိုပြီးနားလည်လာတာက ကိုယ့်မိသားစုတန်ဖိုးပေါ့။ အမေသာ မရှိရင် ကောင်းကောင်းမွန်မွန် မွေးနိုင်မှာတောင် မဟုတ်ဘူး”

“ကိုယ့်မိသားစုက ကိုယ့်ဘက်က မားမားမတ်မတ်ရပ်တည်ပြီးတော့မှ အားပေးခဲ့တဲ့အတွက် သတ္တိရှိရှိနဲ့ မွေးနိုင်တာပေါ့။ အမေ့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အမေနဲ့သမီးကတော့ အမြဲတမ်းညှိနေရတာ ပေါ့”လို့ လည်း ပြောပါတယ်။

အေသင်ချိုဆွေက သမီးအိုင်ဗီ ကို လိမ္မာထက်မြက်တဲ့သမီးဖြစ်စေချင်တဲ့အကြောင်းကိုလည်း ဧရာဝတီကို ဆိုခဲ့ပါတယ်။

The post သမီးစံထားရတဲ့ မိခင်တယောက်ပဲ ဖြစ်ချင်နေတဲ့ အေသင်ချိုဆွေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)