Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဂီတဆိုတာ အားလုံးသောက်သုံးနိုင်တဲ့ ရေလိုပါပဲ”

$
0
0

Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကထဲရောက်ရှိလာခဲ့တဲ့ အဆိုတော်ဖြိုးပြည့်စုံက သူ့အတွက်တော့ “ဂီတဆိုတာ အားလုံးသောက်သုံးနိုင်တဲ့ ရေလိုပါပဲ” လို့ပြောပါတယ်။

“ဂီတဆိုတာ လူတိုင်းသောက်သုံးရမယ့် သမုဒ္ဒရာရေလိုပါပဲ။ အားလုံးက ကိုယ့်ရင်ထဲက ခံစားချက်အတိုင်း သောက်သုံးရင် အေးရင်အေးသွားမယ်၊ ချိုရင် ချိုသွားမယ်။ ပူရင်ပူမယ်။ စပ်ရင်စပ်မယ်။ ကျနော်တို့က လူငယ်တွေပါ။ နောက်ကို လှည့်ကြည့်ရင် တည်ဆောက်ထားတဲ့ မှတ်တိုင်က လောက်လောက်လားလား မရှိသေးဘူး။ ကိုယ့်အရှေ့က သီချင်း ရာနဲ့ချီပြီး ထွက်ထားနိုင်တာတွေကို လေးစားအားကျ အတုယူချင်တယ်” လို့ဖြိုးပြည့်စုံက ပြောပါတယ်။

ဖြိုးပြည့်စုံရဲ့ သီချင်းအခွေသစ်ကိုမကြာခင် ရက်ပိုင်းအတွင်းမှာထွက်ရှိမှာဖြစ်ပြီး ဒီအခွေမှာတော့ အဆိုတော်အောင်ထက်နဲ့အတူ ပူးပေါင်းဖန်တီးထားတာဖြစ်ပါတယ်။ အဆိုတော်၂ယောက်အတူတွဲထုတ်မယ့် အခွေနာမည်ကိုတော့ “ကြယ်” လို့ အမည်ပေးထားပြီး ပရိသတ်တွေ နားဆင်နိုင်တော့မှာ ဖြစ်ပါတယ်။

“ကျနော်တို့ ပြိုင်ပွဲတွေလည်း ပြိုင်ခဲ့ပြီးပြီ။ ဂီတထဲမှာ ယှဉ်ပြိုင်ခြင်းတွေနဲ့လည်း နေစရာအကြောင်းမရှိတော့ဘူး။ ဂီတဆိုတာ အားလုံးသောက်သုံးနိုင်တဲ့ရေလိုပါပဲ။ အောင်ထက်နဲ့ ကျနော်က ပူးပေါင်းခြင်းကြောင့် ဘာတွေဖြစ်လာမလဲဆိုတဲ့ လှပတဲ့အနာဂတ်လေးတခုကို စိတ်ဝင်စားတယ်။ ယှဉ်ပြိုင်ခြင်းကို ကျော်ဖြတ်ပြီးပြီဆိုတော့ ဒါတွေကိုမေ့လိုက်ပြီ” လို့ ဖြိုးပြည့်စုံက ပြောပါတယ်။

သူတို့ ၂ ဦးက သီချင်းဆိုပြိုင်ပွဲများမှ တဆင့် ဂီတလောကထဲကို ရောက်လာတာခြင်းတူညီကြပြီး ပရိသတ်ရှေ့ကို ရောက်လာတဲ့ အချိန်တွေကလည်း မတိမ်းမယိမ်းနဲ့ပဲ ဖြစ်တယ်လို့ သိရပါတယ်။

“၂ ယောက်လုံးက ပြိုင်ပွဲကလာကြတယ်။ အောင်ထက်က ၂၀၁၀ ခုနှစ်လောက်က စပြီးကြိုးစားနေတယ်။ ကျနော်လည်း ၂၀၁၀ခုနှစ်မှာ မယ်လိုဒီဝေါလ်ကနေ စပြီးကြိုးစားဖြစ်တယ်။ ပြီးတော့ ၂၀၁၅ခုနှစ်မှာ’ မျှော်နိုင်သမျှ ‘ဆိုတဲ့ အခွေ ထွက်တယ်။ အောင်ထက်ကလည်း ၂၀၁၅ခုနှစ်မှာ အိပ်မက်ဆုံရာ(ရာသက်ပန်) မှာဝင်ပြိုင်တယ်။ ပရိသတ်ရှေ့ကို ရောက်လာတဲ့အချိန်ခြင်းလည်း တူတယ်။ မတိမ်မယိမ်းလေးပဲဖြစ်နေတယ်” လို့ဖြိုးပြည့်စုံက ပြောပါတယ်။

ဖြိုးပြည့်စုံကတော့ Melody World သီချင်းဆိုပြိုင်ပွဲမှာ ဆုရရှိခဲ့ပြီးနောက် “မျှော်နိုင်သမျှ” ဆိုတဲ့ တကိုယ်တော် တေးသီချင်း ခွေကို ထွက်ရှိထားပြီး နောက်ပိုင်းမှာလည်း အွန်လိုင်းမှတဆင့် သီချင်းများကို တင်ဆက်ပေးနေသူ တဦးဖြစ်ပါတယ်။ ဒါ့အပြင်ဖြိုးပြည့်စုံက ဆရာဝန်တဦးဖြစ်ပေမယ့် ဂီတလမ်းကြောင်းပေါ်မှာပဲ တစိုက်မတ်မတ် လျှောက်လှမ်းနေသူလည်း ဖြစ်ပါတယ်။

The post “ဂီတဆိုတာ အားလုံးသောက်သုံးနိုင်တဲ့ ရေလိုပါပဲ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


အနှစ်(၂၀)အတွင်း၊ အပြာကား (၄၀၀)ကျော် ရိုက်ကူးခဲ့တဲ့ ဂျပန်မင်းသားကြီးနဲ့...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...