Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိုးအေးအေးမှာ ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် The Devils Doorway (2018)

$
0
0

Horror ရုပ်ရှင်ကောင်းကောင်းမှ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ၂၀၁၈ ခုနှစ်ထွက် “The Devils Doorway” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Aislinn Clarke ရိုက်ကူးထားပြီး Lalor Roddy , Ciaran Flynn နဲ့ Helena Bereenတို့အပြင် အခြားသော သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းကတော့ ဖာသာနှစ်ယောက်ဟာ အမျိုးသမီးစောင့်ရှောက်ရေး ဂေဟာတခုမှာ ဖြစ်ပွားနေတဲ့ လျှို့ဝှက်ဆန်းကြယ် ကိစ္စရပ်တခုအတွက် စုံစမ်းဖို့ ရောက်ရှိလာခဲ့ကြတာပဲဖြစ်ပါတယ်။ ဂေဟာရဲ့ တာဝန်ရှိ သီလရှင်ကြီးဟာ ဂေဟာမှာ ရှိရှိသမျှ အခြားသီလရှင်တွေနဲ့ မိန်းမတွေကို ဖုံးကွယ် ထားခိုင်းခဲ့တဲ့ ကိစ္စတခုဆိုလည်း မမှားပါဘူး။

အဲဒီ ကိစ္စကတော့ မယ်တော်မာရီရုပ်တုတွေကနေ သွေးမျက်ရည်တွေ ကျဆင်းခဲ့တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဖာသာ သောမတ်စ်ဟာ ဖာသာအဖြစ် ၂၅နှစ်ကြာ လုပ်ဆောင်ခဲ့ပြီး ဖြစ်တာကြောင့် သူ့အနေနဲ့ ယခုလို ကိစ္စမျိုးတွေကို ယုံမှားသံသယ ရှိနေပုံကိုလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

နောက်ထပ် ဖာသာ ဂျွန်ကတော့ သူ့မှာပါလာတဲ့ ကင်မရာတလုံးနဲ့ ဖာသာသောမတ်စ် လှုပ်ရှားမှုတွေကို တကောက်ကောက် လိုက်မှတ်တမ်းတင်နေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံး စုံစမ်း ရိုက်ကူးမှုလုပ်နေတုန်းမှာပဲ ဂေဟာမှာရှိရှိသမျှ မယ်တော်မာရီ ရုပ်တုတိုင်း ဆီကနေ သွေးမျက်ရည်တွေ ထပ်မံကျဆင်းလာတာနဲ့ ကြုံရပါတော့တယ်။

ဒီလိုအဖြစ်အပျက်မျိုးတွေ ဘာကြောင့်ဖြစ်ပွားနေရသလဲ ဆိုတာကို မြေအောက်ခန်းတခုမှာ ပိတ်မိနေတဲ့ ကိုယ်ဝန်သည် မိန်းမပျိုတဦးနဲ့ ဇာတ်လမ်းကို ချိတ်ဆက်ထားတာပါ။ ရုပ်ရှင်ကြည့်နေရင်း စာရေးသူတို့ သိချင်နေတဲ့ အချက်တွေ အားလုံးကို အဲဒီ မိန်းမပျိုက ပြောပြပေးသွားမှာဖြစ်ပြီး ရုပ်ရှင်ရဲ့ ဆွဲဆောင်မှုအားဟာ တဖြည်းဖြည်း ပြင်းထန်လာမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ကြာမြင့်ချိန် ၇၆ မိနစ်သာ ရှိပေမယ့် အသက်ရှုရပ်သွားစေနိုင်မယ့် လှည့်ကွက်တွေနဲ့ ချောက်ချားစရာတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ Rotten Tomatoes မှာ ၇၅ ရာခိုင်နှုန်း ရရှိထားပြီး IMDb Rating (5.1) ရရှိထားတဲ့အတွက် ကြည့်ရှုဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတကား ဖြစ်ကြောင်း ညွှန်းဆို လိုက်ပါတယ်။

The post မိုးအေးအေးမှာ ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် The Devils Doorway (2018) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ