Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဂျပန် ဖက်ရှင်တွေကို သဘောကျတဲ့ မေတိုးခိုင်

$
0
0

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမဖြစ်တဲ့ မေတိုးခိုင်ဟာ အခုဆိုရင် အနုပညာအလုပ်တွေ စလုပ်နေပြီ ဖြစ်ပါတယ်။ ငယ်ရွယ်ပြီး ချစ်ဖို့ကောင်းလှတဲ့ မေတိုးခိုင်ဟာ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဂျပန် ဖက်ရှင်တွေကို သဘောကျတယ်လို့ ဆိုပါတယ်။

“ပွဲတပွဲ တက်မယ်ဆိုရင် တချို့ ပွဲတွေက သူ့ Theme နဲ့သူရှိတယ်။ အဲ့ကျရင်တော့ သူ့ Theme နဲ့ အလိုက်ဝတ် ဖြစ်တယ်။ ဒါပေမယ့် Theme မရှိတဲ့ ပွဲတွေဆိုရင်တော့ ကိုယ့်ဘာသာကိုယ် စဉ်းစား ပြီးတော့ သက်သောင့်သက်သာလည်း ဖြစ်မယ်။ စတိုင်လည်း ဖြစ်မယ့် ဝတ်စုံတွေကို ရွေးပြီး ဝတ်ဖြစ်တယ်”

“ညီမက အင်္ကျီကပ်ကပ်လေးတွေ သိပ်မဝတ်ဖြစ်ဘူး။ ဂျပန်ဖက်ရှင်တွေကို ပိုပြီးသဘောကျတယ်။ ပိုပြီးလည်း အဲ့လိုဖက်ရှင်လေးတွေ ဝတ်ဖြစ်ပါတယ်။ မေမေက ပြောတယ်။ တခါတလေ လူနားလည်အောင် ဝတ်လို့ အမြဲပြောပါတယ်။ ဒါပေမယ့် သူလည်း ပြောရင်း ပြောရင်းနဲ့ ပြောလို့မရတော့ မပြောတော့ဘူး” လို့ မေတိုးခိုင်က ပြောပါတယ်။

“နောက်ပိုင်းကျတော့ မေမေက ဖူးရဲ့ ဖက်ရှင်ကို သူလည်း နားလည်တယ်။ ကြိုက်တယ်။ အကုန်လုံးသိပြီး နားလည်ဖို့ အတွက်ကျတော့ ဖူးက နည်းနည်းလေး များနေတယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် မေမေက နားလည်အောင် ဝတ်ဆိုပြီး ပြောတာပါ။ ကိုယ်ကြိုက်တာပဲ ကိုယ်ဝတ်တာ များတယ်။ တလေတလေ မစဉ်းစားချင်တော့ဘူးဆိုရင် မေမေတို့ တီဝဲတို့ကို အကူအညီ တောင်းပြီးတော့ တီဝဲတို့ စီစဉ်လိုက်တော့ဆိုပြီး ပြောတယ်”လို့ မေတိုးခိုင်က ဆိုပါတယ်။

 

သရုပ်ဆောင် မေတိုးခိုင်

 

ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ မေတိုးခိုင်ဟာ နောက်ပိုင်းမှာ ဒီဇိုင်နာ လုပ်ဖို့ အစီအစဉ် ရှိသလို ကိုယ်ပိုင် Brand တခုကို လုပ်ချင်တယ်လို့ ဆိုပါတယ်။

“ကိုယ်တိုင်စီစဉ်ပြီး ဝတ်တာတော့ ပိုပြီးတော့ ယုံကြည်မှုရှိတာပေါ့နော်။ မေမေတို့ တီဝဲတို့ စီစဉ်တာလည်း ဖူး ကြိုက်တယ်။ ဒီဇိုင်နာ အနေနဲ့ လောလောဆယ်တော့ လုပ်ဖို့တော့ အစီအစဉ် မရှိသေးဘူး။ နောက်ပိုင်းတော့ လုပ်ဖြစ်မှာပါ။ ဖူး ကိုယ်ပိုင် Brand လေး ထုတ်ချင်တာပါ။ LUSH Magazine မှာလည်း အမျိုးသားဝတ်ကို တာဝန်ယူထားပါတယ်။ ဖက်ရှင် ဒီဇိုင်နာလည်း လုပ်ချင်တယ်။ သရုပ်ဆောင်လည်း လုပ်ချင်တယ်။ အခုကတော့ သရုပ်ဆောင်ဖက် ပိုဝါသနာ ပါနေတယ်။ ဒီဇိုင်းတွေကအမြဲတမ်းလည်း လုပ်နေလို့ရတဲ့ အရာပေါ့။ ဆိုင်မှာ မေမေကို ကူဖြစ်နေတယ်”လို့ မေတိုးခိုင်က ပြောပါတယ်။

အကယ်ဒမီ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမ မေတိုးခိုင်ရဲ့ ဖက်ရှင်စတိုင်ကို သဘောကျတဲ့ မိန်းကလေး ပရိသတ်တွေလည်း အများကြီးရှိပါတယ်။ အခုဆိုရင် မေတိုးခိုင်ကို ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်းထားတာတွေ ရှိနေပြီ ဖြစ်သလို ဇာတ်ကားတွေလည်း ရိုက်ကူးနေတဲ့ မေတိုးခိုင်က ကြော်ငြာများလည်း ရိုက်ကူးလျက် ရှိတယ်လို့ သိရပါတယ်။

The post ဂျပန် ဖက်ရှင်တွေကို သဘောကျတဲ့ မေတိုးခိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ