Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Kerala ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းမှုများပြုလုပ်ခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်း

$
0
0

မိုးသည်ထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတဲ့ အိန္ဒိိယနိုင်ငံမှ Kerala ဒေသမှ ရေဘေး ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အတွက် ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်းက ရူပီး ၅၁ သိန်းကို ကယ်ဆယ်ကူညီရေး အဖွဲ့တွေထံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မင်းသားကြီးဟာ Kerala ဒေသ ဝန်ကြီးချုပ်ရဲ့ ဒုက္ခသည်ကယ်ဆယ်ရေး ရန်ပုံငွေ အတွက် အသံဖမ်းယူမှုဒီဇိုင်နာ Resul Pookutty နဲ့အတူ ပူးပေါင်းပြီး အခုလိုမျိုး ထောက်ပံ့ကူညီပေးခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီလိုမျိုး ငွေကြေးလှူဒါန်းတာသာမက အသက် ၇၅ နှစ်အရွယ် မင်းသားကြီးဟာ ရေလွှမ်းမိုးတဲ့ ဒဏ်ခံနေရတဲ့ ပြည်နယ်ဆီ သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းဥစ္စာတချို့တဝက်ကိုလည်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

အသံဒီဇိုင်နာ Pookutty နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုက မင်းသားကြီး ဘဂျမ်းဟာ ရူပီးငွေ ၅၁ သိန်းကို လှူဒါန်းရုံသာမက ဂျာကင်အထည် ၈၀၊ ဘောင်းဘီ ၂၅ ထည်၊ ရှပ်အကျီအထည် ၂၀နဲ့ လည်စည်းပုဝါတို့အပါအဝင် ကိုယ်ပိုင်အဝတ် စက္ကူပုံး ၆ ပုံးကိုလည်း ပေးပို့ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မင်းသားကြီးဟာ ဖိနပ် အရံ ၄၀ ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

ဒါ့အပြင် အခြားဘောလိဝုဒ် နာမည်ကျော်ကြားသူတွေဖြစ်တဲ့ ရှာရွတ်ခန်၊ Sushant Singh Rajput နဲ့ Hrithik Roshan တို့ကလည်း Kerala ပြည်သူလူထုကို ကူညီဖို့ ရှေ့တိုးလုပ်ဆောင်ကြရေး အိန္ဒိယပြည်သူလူထုကို တိုက်တွန်းနေပါတယ်။

ရေကြီးမှုကြောင့် လူပေါင်း ၃၅၇ ဦးသေဆုံးခဲ့ရပြီး ရေလွှမ်းမိုးမှုကြောင့် ရူပီးငွေ ကုဋေ ၂ သောင်းနီးပါးဖိုး ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ ကယ်ဆယ်ရေးနဲ့နဲ့ ကူညီရေး အစီအစဉ်တွေကိုတော့ ရေလွှမ်းဒဏ်ခံ ဒေသတွေမှာရှိတဲ့ ပိတ်မိ နေတဲ့သူတွေကို ကယ်ဆယ်နေရာရွှေ့ပြောင်းနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။

မင်းသားကြီး ဘဂျမ်းဟာ Kaun Banega Crorepati 10 ဆိုတဲ့ အစီအစဉ်ကို ၁၀ ရက်ကြာ ရိုက်ကူးနေပါတယ်။ နာမည်ကျော်တွေ ပျော်ရွှင်စွာ ဂိမ်းကစားကြတဲ့အဲဒီအစီအစဉ်အတွက် သတင်းစာရှင်းလင်းပွဲကို အခုလ ကုန်ပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။ လာမယ့် စက်တင်ဘာလထဲမှာ ထုတ်လွှင့်ဖို့ရှိပြီး ရက်အတိအကျကိုတော့ လာမယ့်သီတင်းပတ်မှာ ကြေညာမယ်လို့ ဆိုပါတယ်။

Ref:indianexpress

The post Kerala ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းမှုများပြုလုပ်ခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ