Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုရီးယားနိုင်ငံ ဖျော်ဖြေပွဲတခုမှာ မြန်မာကိုယ်စားပြု သွားရောက် ဖျော်ဖြေရမယ့် Key

$
0
0

Galaxy Star ပြိုင်ပွဲကနေ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် Key Lashi ဟာ မကြာခင် ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တော့မယ့် Asia Music Network Big Concert မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဆိုတော်တယောက်အနေနဲ့ ဖျော်ဖြေပေးဖို့ ဖိတ်ကြားခြင်းခံရတယ်လို့ သိရပါတယ်။

Key က ဒီပွဲမှာ မြန်မာနိုင်ငံက အဆိုတော်အနေနဲ့ နိုင်ငံခြား ပရိတ်သတ်တွေရှေ့မှာ မြန်မာလို သီဆိုပြီး ဖျော်ဖြေသွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“မြန်မာကိုယ်စားပြု အဆိုတော် အနေနဲ့ ပထမဆုံး ဖိတ်ကြားခြင်းခံရတဲ့အတွက် တာဝန်ကြီးတယ် လို့ ခံစားရပါတယ်။ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်။ Stage ပုံကြည့်ပြီးကို ရင်ခုန်နေပါပြီ။ နေ့တိုင်း Vocal Training သွား ရပါတယ်၊ ဝိတ်တွေလျော့ပါတယ်၊ Gym တွေ သွားပါတယ် ။ အကောင်းဆုံး ပြင်ဆင်နေပါတယ်” လို့ Key က ပြောပါတယ်။

“ကျနော် မြန်မာဘာသာနဲ့ သီချင်းတွေရော ဖျော်ဖြေသွားမှာပါဗျ။ ဒီလိုကြီးကျယ်တဲ့ စင်မြင့်ထက်မှာ ဖျော်ဖြေဖို့ဆိုတာ ကျနော့် အိပ်မက်တွေများစွာထဲက တခုပါ။ အခုတော့ ကျနော့်အိပ်မက်လေး အကောင်အထည်ပေါ်ပြီ။ အဲ့အတွက်လည်း ကျနော်အနေနဲ့ အရမ်းစိတ်လှုပ်ရှားနေတယ်”

“ကျနော် ဘယ်လိုတွေ ဖျော်ဖြေမယ် ဘယ်လိုတွေ သီဆိုမယ်ဆိုတာကိုလည်း ကြိုတွေးပြီးတော့ အရမ်းကို ဝမ်းသာနေရပါတယ်။ မြန်မာက အဆိုတော် ကောင်လေး နိုင်ငံခြား ပရိတ်သတ်တွေ ရှေ့ မှာ မြန်မာလို ဆိုပြီး ဖျော်ဖြေရင်း ပြောပြသွားပါမယ်” လို့ Key Lashi က ဆိုပါတယ်။

Key Lashi အနေနဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ စတုတ္ထကြိမ်မြောက် ကျင်းပမယ့် Asia Music Network Big Concert မှာ K-pop အဆိုတော်တွေနဲ့အတူ အာရှက အဆိုတော်တွေနဲ့ ဖျော်ဖြေတင်ဆက်ပေးရမှာ ဖြစ်ပါတယ်။ Media City Festival 2018 ပွဲကြီးကို ကိုရီးယားနိုင်ငံ Seoul မြို့မှာ စက်တင်ဘာ ၅ ရက်နေ့ကနေ ၉ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

Key ဟာ လက်ရှိမှာ 1004 Entertainment ကနေ လက်တွဲပြီး အလုပ်လုပ်ကိုင်နေတဲ့ အဆိုတော် တဦးဖြစ်ပြီး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူကတော့ တကိုယ်တော် တေးစီးရီး တခွေလည်း ထွက်ရှိထားပါတယ်။

The post ကိုရီးယားနိုင်ငံ ဖျော်ဖြေပွဲတခုမှာ မြန်မာကိုယ်စားပြု သွားရောက် ဖျော်ဖြေရမယ့် Key appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ