Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကာရိုက်တာတွေကို အမြဲတမ်း ထူးခြားအောင် ကြိုးစားသရုပ်ဆောင်တဲ့ နေတိုး

$
0
0

စွယ်စုံရ အနုပညာရှင် တယောက်လို့ ပြောရလောက်အောင် အနုပညာနဲ့ ပတ်သက်တဲ့ အလုပ် တော်တော်များများကို လုပ်ပြနိုင်တဲ့ အကယ်ဒမီ နေတိုးကတော့ ယခုရက်ပိုင်းရိုက်ကူးနေတဲ့ “တာတူး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်နေတဲ့ ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး လတ်တလောမှာ ပရိသတ်များရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

နေတိုးက ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်မယ့် ဇာတ်ရုပ်ကို မိန်းမဆန်တဲ့ ပုံစံမျိုးနဲ့ Sexy ကျတဲ့ မိန်းကလေး ပုံစံမျိုး ပြင်ဆင်ဝတ်စားထားတဲ့ ဓာတ်ပုံတွေက Facebook စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အမျိုးသားထုရော အမျိုးသမီးထု ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

သရုပ်ဆောင်တဲ့ ကာရိုက်ပိုင်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖြစ်ပုံကိုလည်း နေတိုးက အခုလို ေ့ပြာပြထားပါတယ်။

“ဇာတ်ကားက အခုမှ ရိုက်နေတုန်းဆိုတော့ ထွေထွေထူးထူး ဝေဖန်မှုမျိုးကို မဖတ်ဖြစ်ဘူး။ ထူးထူးခြားခြား ကာရိုက်တာမျိုးကတော့ မြင်တွေ့ရဖို့ ရှိပါတယ်။ နောက်ပိုင်းရယ်တော့ မဟုတ်ပါဘူး။ အမြဲတမ်း ထူးခြားအောင်လို့ ကျနော် ကြိုးစားနေပါတယ်” လို့နေတိုးက ဧရာဝတီကို ပြောပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကတော့ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးတဲ့ “တာတူး” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး သရုပ်ဆောင်များအဖြစ် လွင်မိုး၊ နေတိုး၊ သက်မွန်မြင့်၊ ယွန်းရွှေရည်နဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူး နေပါတယ်။

ဒီဇာတ်ကားကတော့ ဟာသပုံစံ ရိုက်ကူးထားတာဖြစ်ပြီး ရိုက်ကူးနေစဉ် အတွင်းမှာပဲ ပရိသတ် အများရဲ့ စိတ်ဝင်စားခြင်းကို ရရှိနေတာ ဖြစ်ပါတယ်။

သရုပ်ဆောင် နေတိုးကတော့ မိန်းမလျာဇာတ်ရုပ် ပုံစံများနဲ့ အကျိုးပေးတယ်လို့ ပြောရလောက်အောင် “မာမီရှိန်း”၊ “တာတေကြီး” စတဲ့ ရုပ်ရှင်ဇာတ်ကားများမှာ မိန်းမပုံစံဝတ်စားပြီး သရုပ်ဆောင်ရတဲ့ ကာရိုက်တာများနဲ့ အကယ်ဒမီဆုများကို ပိုင်ဆိုင်ထားသူ တယောက် ဖြစ်ပါတယ်။

The post ကာရိုက်တာတွေကို အမြဲတမ်း ထူးခြားအောင် ကြိုးစားသရုပ်ဆောင်တဲ့ နေတိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ