Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အနုပညာ လောကမှ မဟုတ်ဘူး၊ အပြင်လူတွေလည်း စီးပွားရေး ကောင်းစေချင်တယ်”

$
0
0

သရုပ်ဆောင် ဖူးစုံက လက်ရှိမှာ ဗီဒီယို အရိုက်နည်းပြီး ဇာတ်လမ်းတွဲတွေပဲ ရိုက်ကူးဖြစ်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အခု လတ်တလောတော့ “အရုပ်ကျရာ ဆေးစက်ထင်” ကားကို ဒါရိုက်တာအဝေးနဲ့ ရိုက်နေပါတယ်။ ပြီးတော့ ဇာတ်ကားတွေ ဗီဒီယိုကားတွေနဲ့ ဇာတ်လမ်းတွဲတွေလည်း ရိုက်နေပါတယ်။ ဗီဒီယိုတွေ နည်းပြီး ဇာတ်လမ်းတွဲတွေ များလာတော့ ကောင်းပါတယ်။ သရုပ်ဆောင်တွေလည်း အလုပ်တွေ ရတာပေါ့။ အခုက ဗီဒီယိုကို ကြိုကြားကြိုကြားတော့ ရိုက်ဖြစ်တယ်။ လုံးဝ မရှိတော့တာမျိုး မဟုတ်တော့ တော်သေးတာပေါ့” လို့ ဖူးစုံက ပြောပါတယ်။

“အနုပညာ လောကမှ မဟုတ်ပါဘူး။ အပြင်လူတွေလည်း စီးပွားရေးတွေ အလုပ်အကိုင်တွေ ကောင်းစေချင်တယ်။ အဲ့လို စီးပွားရေးတွေ ကောင်းကြမှ ကျမတို့ အနုပညာရှင်တွေလည်း အားရှိတာပေါ့နော်။ အဓိကကတော့ အေးအေးချမ်းချမ်းနဲ့ စီးပွားရေးတွေလည်းကောင်း လူလူချင်း ချစ်ခင်ကြရင် ကောင်းတာပေါ့”လို့ ဖူးစုံက ပြောပါတယ်။

အနုပညာအချို့ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ဖမ်းဆီးခံရမှုများ ရှိလာတာနဲ့ ပတ်သတ်ပြီး မူးယစ်ဆေး မကောင်းမှန်း သိရင် မလုပ်တာ အကောင်းဆုံးလို့ ပြောပါတယ်။

“အနုပညာရှင်တွေက စံပြဖြစ်လို့ လူတွေက လိုက်လုပ်မယ်ဆိုတာ မဆိုင်ဘူးလို့တော့ ထင်တယ်။ လူတယောက်ချင်းစီရဲ့ စိတ်နဲ့ပဲ ဆိုင်ပါတယ်။ သူတို့လုပ်လို့ ကိုယ်လိုက်လုပ်တယ်ဆိုတာ ရှိချင်လည်း ရှိမယ်။ အနည်းအကျဉ်းပဲ ဖြစ်ပါလိမ့်မယ်။ မူးယစ်ဆေး ဆိုတာလည်း မကောင်းဘူးလို့ သိထားရင်တော့ မလုပ်တာ အကောင်းဆုံးပါ။ ကျမ ပရိသတ်တွေ ရှေ့ကို မရောက်တဲ့ ဇာတ်လမ်းတွဲ ၃ ခု ရှိပါတယ်။ ဗီဒီယိုကားတွေလည်း ရှိပါတယ်။ အဲဒါတွေ ပရိသတ်ရှေ့ ရောက်လာရင် ဝေဖန်ပါဦး အကြံပေးပါဦးလို့ ပြောချင်ပါတယ်”လို့ ဖူးစုံက ဆိုပါတယ်။

သရုပ်ဆောင် ဖူးစုံကတော့ ဇာတ်ကားများစွာမှာလည်း သရုပ်ဆောင်နေတဲ့အပြင် နှင်းဆီအငြိမ့် အဖွဲ့နဲ့လည်း ကပြဖျော်ဖြေနေတဲ့ ဖူးစုံက ဒီဇင်ဘာ၂၉ရက် မှာ ကပြဖျော်ဖြေဖို့ ရှိတယ်လို့ ပြောပါတယ်။

The post “အနုပညာ လောကမှ မဟုတ်ဘူး၊ အပြင်လူတွေလည်း စီးပွားရေး ကောင်းစေချင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ