Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖက်ရှင်နဲ့ ပတ်သက်ပြီး သူမအမြင်ကို ပြောလာတဲ့ သင်ဇာဝင့်ကျော်

$
0
0

ဖက်ရှင်တွေကို အမြဲခေတ်မီစွာ ဝတ်စားတတ်သူတယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်က သူမကို ဖက်ရှင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားခြင်းခံရတယ်ဆိုတာ သူမကိုယ်တိုင်က ဖက်ရှင်ကို စိတ်ဝင်စားတာကြောင့် ထင်တယ်လို့ မီဒီယာတွေ ကိုပြောပါတယ်။

“ပရိသတ်တွေ ဖက်ရှင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားခြင်းခံရတယ်ဆိုတာ ကိုယ်ကလည်း ဖက်ရှင်ကို စိတ်ဝင်စားလို့ လားမသိဘူး။ အမြဲတမ်း စိတ်ဝင်စားခံရတယ်ဆိုတာ ကောင်းတဲ့ရလဒ်လို့ ပြောရမှာပေါ့။ ကျေနပ်ပါတယ်။ အခုဆို ပိုသတိထားရတယ်။ မဆင်မခြင် မှားလိုက်တဲ့အမှားလေးတခုကြောင့် လူတွေကပြောမဆုံးကြဘူး။ အမှားတခုကို ပဲ လက်ညှိုးထိုးပြီး ပြောနေကြတာဆိုတော့ နောက်ဆိုပိုပြီးတော့ ဆင်ခြင်ရမှာပေါ့”

“ဒါပေမယ့်လည်း ကိုယ့်ဖက်ရှင် ပုံစံအတိုင်းပဲ သွားမှာပေါ့။ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး လေ့လာဖြစ်တယ်။ ဖက်ရှင် ရှိုးတွေကြည့်တယ်။ Instgram တွေ ကြည့်တယ်။ နိုင်ငံခြား အနုပညာရှင်တွေ ဘယ်လိုဝတ်လဲ ဆိုတာကြည့်တယ်။ သူတို့ပုံစံတိုင်းတော့ တသတ်မှတ်ထဲ ဝတ်တာမျိုးတော့မဟုတ်ဘူး”

“ကိုယ့်စိတ်ကူးလေးနဲ့ ကွန့်ပြီးတော့ ဘယ်ဟာလေးကတော့ ဘယ်လိုတွဲဖက်ပြီး ဝတ်ရင်ဘယ်လိုလှမလဲ။ ဘယ်လိုနေရာ မျိုးမှာ ဘယ်လိုသင့်တော်မလဲ ဆိုပြီး အမြဲစဉ်းစားနေတယ်။ အင်္ကျီၤတထည် ဘောင်းဘီတထည်တွေ့ရင် Accessories ဘယ်လိုမျိုးဝတ်မယ် ဆိုတာကို ဦးနှောက်ထဲက စဉ်းစားပြီးသားပေါ့။ ဘယ်ကိစ္စမဆို၊ ဘယ်အရာမဆို ဖက်ရှင်အမြင်လေးနဲ့ အမြဲကြည့်နေတာပေါ့”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်က Gym ကစားထားရင်တော့ အဝတ်အစားဝတ်ရင် ယုံကြည်မှုရှိပြီး မကစားထားတာ ကြာရင်တော့ အဝတ်အစားဝတ်ရင် ယုံကြည်မှုမရှိတော့ဘူးလို့ ပြောပါတယ်။

“ကိုယ်ကိုတိုင် ဖက်ရှင်ဆိုင်ဖွင့်ချင်တယ်။ ကိုယ်တိုင် ဦးစီးဦးဆောင် လုပ်နိုင်တဲ့အချိန်ကျမှပဲ ဖွင့်ဖြစ်မှာပေါ့။ သင်ဇာချစ်သူက လုံလုံခြုံခြုံပဲ ဝတ်ခိုင်းတယ်။ ကိုယ်က အရွဲ့တိုက်တတ်တော့ စိတ်ကြိုက်ပုံစံတွေ ပိုဝတ်ဖြစ်တယ်။ သင်ဇာက Attraction ရှိတဲ့ ပုံစံမျိုးဝတ်ရတာ ကြိုက်တယ်။ တခါတလေ ကိုယ်သွားရလာရတာ လွယ်ကူတဲ့ ပုံစံမျိုး စိတ်ခံစားချက်ပေါ် မူတည်ပြီး လည်း ပြောင်းလဲသွားတတ်တယ်”

“Gym ကို ဆက်တိုက် ကစားထားရင်တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်။ တပတ်၊ နှစ်ပတ်လောက် မကစားထား ရင်တော့ ယုံကြည်မှုမရှိဘူး။ ဘာလို့လဲဆို Gym ဆော့ထားမှ ခန္ဓာကိုယ်က တင်းတင်းရင်းရင်းနဲ့ လှတာလေ။ မကစားတာ ကြာရင် ဘယ်လောက်ပဲ ကစားထား၊ ကစားထား အသားပြန်လျော့သွားရောလေ” လို့ ပြောပါတယ်။

သင်ဇာဝင့်ကျော်ဟာ အနုပညာသက်တမ်း ၁၀ စုနှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပြီး ဇာတ်ကားများနဲ့ ကြော်ငြာများလည်း ရိုက်ကူးနေကာ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။ မကြာခင်က ရုံတင်ပြသခဲ့တဲ့ “တိုးကျော်မန်း နဲ့ နန်းဆန်တဲ့ရွာ” မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

The post ဖက်ရှင်နဲ့ ပတ်သက်ပြီး သူမအမြင်ကို ပြောလာတဲ့ သင်ဇာဝင့်ကျော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ