Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အစ်ကိုဖြစ်သူ ဒါရိုက်တာမိုက်တီးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ညီမချစ်ချစ်ဇော်

$
0
0

သြဂုတ်လ ၁၆ ရက်နေ့ ညက မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဒါရိုက်တာ မိုက်တီးကြောင့် မိသားစုဝင်တွေ လည်း စိတ်မကောင်းဖြစ်လို့ မိသားစုဝင်ဖြစ်တဲ့ ညီမ ချစ်ချစ်ဇော်က ဆိုပါတယ်။ ချစ်ချစ်ဇော်က သြဂုတ်လ ၁၇ ရက်နေ့က ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ကိုယ်တိုင်၊ ကိုယ်ကျ အလှူလုပ်နေရပေမယ့် ရင်ထဲမှာတော့ ဝမ်းနည်းကြေကွဲစရာတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

”ဘဝရဲ့ပျော်ရွှင်မှုတွေခမ်းခြောက်ရသောနေ့၊ ဘယ်လိုပဲ အခက်အခဲ၊ ဝမ်းနည်းကြေကွဲစရာတွေ အပြည့်နဲ့ ရင်ဆိုင် နေရပေမယ့်၊ ဒီနေ့လုပ်မယ့် အလှူလေးကိုတော့ အပျက်အစီးမခံနိုင်ပါ။ ကြိုတင်အကြောင်းကြား ထားပြီးဖြစ်တဲ့အတွက် ဦးနှောက်နဲ့ အာရုံကြောမှာ ဆေးကုသနေကြတဲ့ လူနာများကို ကိုယ်တိုင် (မျက်ရည်သုတ်ရင်း) ရအောင် ကြိုးစား ချက်ပြုတ်ပြီး ကိုယ်တိုင်ထည့်၊ ကိုယ့်လက်နဲ့ ကိုယ်တိုင်လှူပြီး သူတို့လေးတွေအတွက် တဒင်္ဂပျော်ရွှင်မှုလေး ပေးနိုင်ခဲ့တယ်” လို့ သူရဲ့ Facebook မှာ ရေးထားပါတယ်။

ချစ်ချစ်ဇော်ဟာ တတ်နိုင်သလောက် အလှူအတန်းတွေ မကြာခဏလုပ်တတ်တာကို တွေ့ရပါတယ်။ အခုအခါ ညီမဖြစ်သူ သရုပ်ဆောင် လင်းဇာနည်ဇော်နဲ့ အတူ ဖခင်ကို ပြုစုစောင့်ရှောက်နေသူပြီး ရွှေတောင်ခေါက်ဆွဲရောင်းတဲ့ လုပ်ငန်းကိုလည်း လုပ်ကိုင်နေသူပါ။ ဒီလို အကျိုးတွေကြောင့် စိတ်အေးချမ်းချင်တယ်ဆိုပြီး သူ့ရဲ့Facebook ပေါ်မှာ ရေးထားပါတယ်။

”ယနေ့ထိ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရသော အကျိုးအားကြောင့် အိပ်ရာထဲလဲနေတဲ့ မွေးသဖခင်ကျေးဇူးရှင်ကြီးကို စိတ်ရင်းစေတနာမှန်ဖြင့် ပြုစုစောင့်ရှောက်ရသောအကျိုးကြောင့် ခုနှစ်ရက်သားသမီးများ အားလုံးအပေါ် နေ့စဉ်နဲ့ အမျှမေတ္တာပို့သခဲ့သော အကျိုးများကြောင့် ဘုရားတပည့်တော်မအား စိတ်၏အေးချမ်းမှုကို အမြန်ဆုံးပေးသနားတော်မူပါဘုရား” လို့ ဆိုပါတယ်။

အစ်ကိုဖြစ်သူရဲ့ သတင်းကြောင့် အားပေးနှစ်သိမ့်ခဲ့ကြတဲ့ မိတ်ဆွေ၊ အပေါင်းအသင်းတွေကိုလည်း အတိုင်းမသိအောင် ကျေးဇူးတင်မိတယ် လို့လည်း ရေးသားထားတာကို တွေ့ရပါတယ်။ အွန်လိုင်းပေါ်ကနေ အားပေးနှစ် သိမ့်ကြတဲ့ ပရိသတ်များစွာလည်း ရှိခဲ့ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ ည ၁၁ နာရီခွဲလောက် က ဒါရိုက်တာ မိုက်တီး ကို WY စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ သန်းထွန်းဇော် (ခ) မိုက်တီးကို တာမွေမြို့ မ ရဲစခန်းက မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

ချစ်ချစ်ဇော်ဟာ တချိန်တုန်းက ဇာတ်ကားများစွာ ရိုက်ကူးခဲ့ရသူတဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဒါရိုက်တာကြီး ဦးခင်ဇော် ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာဖြစ်ပါတယ်။

The post အစ်ကိုဖြစ်သူ ဒါရိုက်တာမိုက်တီးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ညီမချစ်ချစ်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ