Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အနုပညာရှင်တွေ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး ထွန်းထွန်း ဘာပြောလဲ

$
0
0

အဆိုတော်၊ သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်း(Examplez) က အကယ်ဒမီ ရရှိပြီး နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ဆိုသလို ရိုက်ကူးလာရတာ တွေ့ရပါတယ်။

တချိန်က Hip Hop အဆိုတော် အဖွဲ့ ” Examplez” အနေနဲ့ ဂီတလှုပ်ရှားမှုတွေ ရှိခဲ့တဲ့ ထွန်းထွန်းက လတ်တလော အနုပညာရှင်တွေ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

“ကျနော်ငယ်ငယ်က ဆေးလိပ်၊ ကွမ်း၊ အရက် အစုံ သောက်ကြည့်တယ်၊ စားကြည့်တယ်။ မကြိုက်ဘူး။ သူငယ်ချင်းတွေ ဆေးလိပ်သောက်တယ်။ ကျနော် Second smoker အနေနဲ့ နေတယ်။ ကျနော် ဘောလုံးကန်တော့ အရမ်းမောတယ်။ ကျနော် ဘောလုံးကန်တာကို နှောင့်ယှက်တဲ့ အရာဆို ဘာမှမကြိုက်ဘူး။ အဲ့တော့ မကြိုက်တော့ မလုပ်ဘူး”

“ကြိုက်လို့ လုပ်နေတာကို မတားဆီးလိုဘူး။ ဝေဖန်မှုလည်း မပေးလိုဘူး။ ကိုယ့် Personality ကို ထိုးချစေမယ့် အရာတွေကို မလုပ်တာတော့ အကောင်းဆုံးပါ။ ကိုယ်ကိုယ်တိုင်က မကောင်းဘူးလို့ သိရင် မစမ်းတာအကောင်းဆုံးပဲ”လို့ ထွန်းထွန်းက ပြောပါတယ်။

ထွန်းထွန်းက အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ဘဝအတွက် စဉ်းစားထားတာတွေ ရှိတယ်လို့ မီဒီယာများကို ပြောပါတယ်။

”ဘဝအတွက်ရယ်လို့ စဉ်းစားထားတာတွေတော့ ရှိပါတယ်။ အမေအနေနဲ့ကလည်း ကျနော်ရဲ့ ဆုံးဖြတ်ချက်ကို အဓိကပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်။ ကိုယ့်မိသားစုကို တကယ် ဦးဆောင်နိုင်တဲ့ အရွယ်ဆိုတော့ အဲ့ဒီလို အချိန်တခုကို ကျနော်ဘက်က တည်ဆောက်နေရတာဆိုတော့ ကြိုးစားနေတယ်။ မျှော်လည်း မျှော်လင့်နေပါတယ်” လို့ ထွန်းထွန်းက ပြောပါတယ်။

ထွန်းထွန်းက သူ့ရဲ့ ချစ်သူကောင်မလေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ထုတ်ဖော် ပြသခဲ့တာဖြစ်ပြီး ချစ်သူကောင်မလေးရဲ့ နာမည်ကတော့ ဆုစန္ဒီဦးလို့ သိရပါတယ်။

”ကျနော့်ကို ပြောကြတယ် အခုမှ အချစ်စစ်တွေ့တာလားပေါ့။ ကျနော် ပြောချင်တာကတော့ ဗလတောင့်ဖို့ လေ့ကျင့်ချင်တဲ့ လူတယောက်က ဗလတောင့်ဖို့ အအိပ်၊ အစားမှန်ရတယ်။ လေ့ကျင့်ခန်းလုပ်တာ မှန်ရတယ်။ အကုန်မှန်မှ တင့်တင့်တယ်တယ်၊ ကြွက်သားတွေ ထွက်လာမယ်။ ကျနော်အနေနဲ့ ဒီအရွယ်ကြီးကျမှ ချစ်တယ်ဆိုတာကလည်း အကုန်စုပြုံပြီး မှန်သွားလို့တော့ ထင်တယ်”

“သူနဲ့တွေ့ရင် ပျော်နေတဲ့ စိတ်ကိုအထင်းသားမြင်နိုင်ပါတယ်။ လူတယောက်ကလေ ကိုယ့်ရဲ့ တွန်းအားပဲဖြစ်ဖြစ်၊ စိတ်ခံစားမှုတွေဟာ အရာအာလုံးအတွက် အရေးပါတယ်။ ကိုယ့်အတွက် တွန်းအားဖြစ်စေတာက ဘယ်အရာတွေလဲ၊ တွန်းအား မဖြစ်တဲ့ အရာတွေက ဘယ်ဟာတွေလဲ ဆိုတာကို ခွဲခြားပြီး ဖယ်ထုတ်နိုင်ရင်တော့ လူတယောက်မှာ ပျော်စရာတွေပဲ ရှိမယ်လို့ မြင်တယ်” လို့ ထွန်းထွန်းက ဆိုပါတယ်။

ထွန်းထွန်းက ၂၀၀၀ ပြည့်နှစ်များမှာ ဂီတလောကကို Examplez အဖွဲ့အနေနဲ့ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်း သရုပ်ဆောင်လောကကို မင်းသားကြီး ကျော်ဟိန်း တပည့်အဖြစ် ဝင်ရောက်လာခဲ့သူပါ။

သီချင်းအဆိုပိုင်းထက် သရုပ်ဆောင်မှု အပိုင်းတွေမှာ ပိုတွေ့ရတဲ့ ထွန်းထွန်းဟာ နှင်းဆီအဖွဲ့ အငြိမ့်မှာလည်း လူရွှင်တော်အဖြစ် ဖျော်ဖြေလျက် ရှိနေပါတယ်။

ဆက်စပ် သတင်းလင့်ခ်များပရိသတ်တွေက “မိန်းမယူစေချင်နေကြပြီလား” လို့ မေးလိုက်တဲ့ ထွန်းထွန်း(Examplez)

ဧရာဝတီ သတင်းဌာန ၂၅ နှစ်မြောက်အတွက် နှင်းဆီအဖွဲ့သားများ၏ ဆုတောင်းစကားများ

The post အနုပညာရှင်တွေ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး ထွန်းထွန်း ဘာပြောလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)