Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လက်ရှိ နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ Rapper များ

$
0
0

လူတိုင်မှာ သူ့အကြိုက်နဲ့သူ ရှိတတ်ကြပါတယ်။ Rap တွေကို နားထောင်ကြတဲ့ လူတိုင်းမှာ ကိုယ်အကြိုက်ဆုံး Rapper တွေ ရှိမှာပါ။ အမိုက်စား Rapper တွေ ရှိပေမယ့် သူတို့ဟာ နာမည် အရမ်းလည်း ကြီးချင်မှ ကြီးမှာပါ။ ဒါကိုတော့ လက်ခံထားပေးဖို့ လိုပါတယ်။

ဒီတခါ ဖော်ပြပေးချင်တာကတော့ လက်ရှိမှာ လူကြိုက်အများဆုံး ဖြစ်နေတဲ့ Rapper တွေနဲ့ သူတို့ရဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

(၁) Kendrick Lamar

 

 

အသက် ၃၁ နှစ်အရွယ် အမေရိကန်နိုင်ငံသား Kendrick Lamar Duckworth ကို Kendrick lamar လို့ ပရိသတ်တွေက သိကြပါတယ်။၂၀၀၄ ခုနှစ်မှာ အခွေကြမ်းတခွေ ထုတ်ပြီးနောက် သူဟာ Top Dawg Entertainment (TDE) နဲ့ စာချုပ် ချုပ်ဆိုပြီး သီချင်းတွေ ဆက်လက် ဖန်တီးခဲ့ပါတယ်။ သူ့ကို ယနေ့ခေတ် ဟစ်ဟော့ဂီတရဲ့ ဘုရင်လို့ သတ်မှတ်ထားကြပြီး သူအကြိုက်ဆုံး Rapper တွေကတော့ Tupac Shakur, The Notorious B.I.G, Jay Z, Nas နဲ့ Eminem တို့ ဖြစ်ပါတယ်လို့ ပြောထားပါတယ်။

အခုနောက်ဆုံး ထွက်ရှိထား တဲ့ သူ့ရဲ့ “Damn” ဆိုတဲ့ ခွေဟာလည်း ထွက်ပြီးတာနဲ့ တပြိုင်နက် Billboard Chart မှာ နံပတ် ၁ နေရာကို ရရှိခဲ့ပါတယ်။ သူဟာ ဂရမ်မီဆု ၁၂ ဆု အပါအဝင် ဂီတဆုပေါင်း ၁၁၁ ဆုကိုလည်း ရရှိထားပါသေးတယ်။

(၂) Eminem

 

 

သူကတော့ အထွေအထူးကို ပြောစရာမလိုတဲ့ Rapper ပါ။ Marshall Bruce Mather လို့ခေါ်တဲ့ Eminem ဟာ ၂၀၀၀ပြည့်နှစ်များက စတင်ပြီးတော့ ထုတ်သမျှ သီချင်းတိုင်းနီးပါး အောင်မြင်မှု ရရှိခဲ့တဲ့ အဆိုတော် ဖြစ်ပါတယ်။

Eminem ဟာ တကိုယ်တော် သီဆိုလေ့ရှိတဲ့ အဆိုတော်၊ တေးရေး၊ ထုတ်လုပ်သူ၊ သရုပ်ဆောင်တဦး ဖြစ်တဲ့ အပြင် D12၊Bad meets Evil စတဲ့ အဖွဲ့တွေရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ သူဟာ Rolling Stone မဂ္ဂဇင်းရဲ့ တသက်တာအတွက် ကမ္ဘာ့အကောင်းဆုံး အနုပညာရှင် ၁၀၀ စာရင်းထဲမှာ နံပတ် ၈၃ စာရင်းဝင်ခဲ့ပြီး အဲဒီမဂ္ဂဇင်းကပဲ သူ့ကို Hip Hop ဂီတရဲ့ ဘုရင်လို့ သတ်မှတ်ခဲ့ပါတယ်။

သူဟာ Billboard က ပေးတဲ့ နံပတ်၁ လူကြိုက်အများဆုံး ဆုကို ၁၀ ကြိမ်ရရှိခဲ့ပြီး ခွေပေါင်း ၁၅၀ ဘီလီယံ ရောင်းရတဲ့ ကမ္ဘာပေါ်မှာ ခွေအရောင်းရဆုံး အနုပညာရှင်တယောက်လည်း ဖြစ်ပါတယ်။

(၃) XXXTantacion

 

 

 

၁၉၉၈ ခုနှစ်မှာမှ မွေးဖွားခဲ့တဲ့ ဒီ Rapper ကတော့ ၂၀၁၈ ဇွန်လမှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားခဲ့ပါပြီ။ သူဟာ ဘဝရဲ့ သိမ်ငယ်စရာ၊ ဝမ်းနည်းစရာ အကြောင်းတွေကို ရေးသားပြီး လူငယ်တွေကြား နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းအများစုကို လူငယ်ထိန်းသိမ်းရေးစခန်းတွေမှာ နေရတဲ့အချိန်တွေက ရေးခဲ့တာလို့လည်း သိရပါတယ်။ သူဟာလွန်ခဲ့တဲ့ ၂ လ လောက်က အမည်မသိ လူတွေရဲ့ သေနတ်နဲ့ ပစ်ခတ်တာကို ခံခဲ့ရပြီး ပွဲချင်းပြီး သေဆုံးသွားပြီးတဲ့နောက်မှာတော့ လူတွေက သူ့သီချင်းတွေကို ပိုမိုနားထောင်လာကြပါတယ်။

(၄) Travis Scott

 

 

Jacques Webster ကိုတော့ လူအများက Travis Scott လို့ပဲ သိကြပါတယ်။ အမေရိကန် အဆိုတော်၊ တေးရေးဆရာ၊ ထုတ်လုပ်သူတဦးဖြစ်တဲ့ သူဟာ ၂၀၀၈ ခုနှစ်လောက်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပြီး Hip Hop, Trap ဂီတ အမျိုးအစားတွေကို သီဆိုရင်း နာမည်ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။

သူဟာ BET Hip Hop ဆုပေးပွဲမှာ People’s Champ Award ကို ရရှိခဲ့ပြီး နာမည်ကျော် မော်ဒယ်တဦးဖြစ်တဲ့ Kylie Jenner နဲ့ ၂၀၁၇ ခုနှစ်မှာ စတင်လက်တွဲခဲ့ပြီး သူတို့ နှစ်ဦးရဲ့ ကလေးကို မကြာသေးခင်က မွေးဖွားခဲ့ပါတယ်။

(၅) Cardi B

 

 

အမျိုးသမီး Rapper တဦးဖြစ်တဲ့ Cardi B ကို ၁၉၉၂ ခုနှစ်က နယူးယောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သီချင်းတွေမဆိုခင်မှာ သူမဟာ အင်တာနက် အဖော်အချွတ်မယ်အဖြစ် အသက်မွေးခဲ့ပြီး Instagram မှာ လူကြိုက်များတဲ့ အဖော်အချွတ်မယ် ဖြစ်ခဲ့ပါတယ်။

သူမဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ “Love and Hip Hop” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပုံမှန်သရုပ်ဆောင် အနေနဲ့ ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ Atlantic Records နဲ့ စာချုပ်ချုပ်ခဲ့ပြီး “Bodak Yellow” ဆိုတဲ့ သီချင်းကို ဆိုပြီးနောက်မှာ အဲ့ဒီသီချင်းဟာ US Billboard မှာ နံပတ် ၁ ကို ရောက်ရှိပြီး နာမည်ကြီးလာခဲ့ပါတယ်။

Ref;ranker.com

The post လက်ရှိ နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ Rapper များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ