Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Train to Busan” နောက်ဆက်တွဲရုပ်ရှင် မကြာမီလာမည်

$
0
0

ရုံဝင်ငွေ စံချိန်တင်ခဲ့တဲ့ နာမည်ကျော် ကိုရီးယားဇွန်ဘီရုပ်ရှင် “Train to Busan” ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကို ရိုက်ကူးမှာ ဖြစ်တဲ့အကြောင်း ယခင်ရုပ်ရှင်ဒါရိုက်တာက အတည်ပြုလိုက်ပါတယ်။

မင်းသား Gong Yoo, Ma Dong-seok နဲ့ မင်းသမီး Jung Yu-mi တို့ပါဝင်ထားတဲ့ မူရင်းရုပ်ရှင်ကို တောင်ကိုရီးယား နိုင်ငံမှာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတုန်းက ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်မှာတော့ တောင်ကိုရီးယားနိုင်ငံမှာ ဇွန်ဘီတွေ ပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာတခုကိုဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ်။

ဆိုးလ်မြို့ကနေ ဘူဆန်မြို့ဆီ ခရီးနှင်နေတဲ့ KTX ရထားပေါ်က ခရီးသည်တွေဟာ ဇွန်ဘီတွေရဲ့ တိုက်ခိုက်မှုကနေ အသက်ရှင်နိုင်ဖို့ ကြိုးပမ်းခဲ့ပုံကိုလည်း ဖော်ပြထားပါတယ်။ အဲဒီရုပ်ရှင်ဟာ လက်မှတ်ပေါင်း ၁၁ ဒဿမ ၅၆ သန်း ရောင်းချခဲ့ရပြီး ဝင်ငွေ ကန် ဒေါ်လာ ၈၂ ဒဿမ ၃၉ သန်းရရှိခဲ့တယ်လို့ ကိုရီးယားရုပ်ရှင် ကောင်စီက ဆိုပါတယ်။

“Train to Busan” ရုပ်ရှင်ဟာ ၂၀၁၆ ခုနှစ်တုန်းက လူကြည့်အများဆုံး ကိုရီးယား ရုပ်ရှင်အဖြစ် ထွက်ပေါ်လာခဲ့ပြီး လက်မှတ် ၁၀ သန်းကျော်ရောင်းချခဲ့ရတဲ့ တခုတည်းသော ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ၁၁ ခုမြောက် ရောင်းအားအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။

ဒါရိုက်တာ Yeon Sang Ho က “Peninsula” လို့ နာမည်ပေးထားတဲ့ နောက်ဆက်တွဲဇာတ်လမ်းကို လာမယ့် ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်မှာ စတင်ရိုက်ကူးမှာဖြစ်တယ်လို့် အတည်ပြုလိုက်ပါတယ်။

သူက “ကနဦးအဆင့်ပဲ ရှိပါသေးတယ်။ ဒါကြောင့်ဘာကိုမှ မဆုံးဖြတ်ရသေးပါဘူး။ ဇာတ်ညွှန်းအဆင့်ပဲ ရှိပါသေးတယ်။ လောလောဆယ် Peninsula လို့ နာမည်ပေးထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မူူရင်း Train to Busan ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ မင်းသား Gong Yoo နဲ့ အခြားသရုပ်ဆောင်တွေ အခုနောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်မှာမဟုတ်ဘူးလို့ ဒါရိုက်တာ Yeon က ပြောဆိုထားပြီး ဆက်တင်ဟာလည်း ရထားပေါ်မှာ မဟုတ်ဘဲ မြို့တခုမှာ တည်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

Train to Busan ရုပ်ရှင်ပြီးတဲ့နောက် ဒါရိုက်တာ Yeon ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဖြန့်ချိခဲ့တဲ့ “Psychokinesis” ဆိုတဲ့ သဘာဝလွန်ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဟာလည်း လက်မှတ်ပေါင်း ၉ သိန်းကျော်ရောင်းချခဲ့ရပြီး ဒေါ်လာ ၆ ဒဿမ ၆၂ သန်းရရှိခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ်“Train to Busan” ရုပ်ရှင်ကို VR အသွင်အမျိုးမျိုးဖြင့် ခံစားကြည့်ရှုနိုင်တော့မည်

Ref:metro

The post “Train to Busan” နောက်ဆက်တွဲရုပ်ရှင် မကြာမီလာမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


အနှစ်(၂၀)အတွင်း၊ အပြာကား (၄၀၀)ကျော် ရိုက်ကူးခဲ့တဲ့ ဂျပန်မင်းသားကြီးနဲ့...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...