Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ချစ်သူက လူရှေ့ထွက်ပြနိုင်တဲ့ အနေအထား မရှိတဲ့အတွက် ဝမ်းနည်းတာပါ”

$
0
0

လိင်ပြောင်းလဲ ခွဲစိတ်ပြုပြင်ထားသူတဦးဖြစ်တဲ့ မိတ်ကပ်ပညာရှင် မထက်(Pop Soul) ကတော့ လတ်တလော ထွက်ရှိထားတဲ့ နီနီခင်ဇော်ရဲ့ Music Video မှာ စုံတွဲအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပေါ် သူ့ရဲ့ ချစ်သူရည်းစားဆိုတဲ့ အထင်များ ပရိသတ်များကြား ရှိနေပါတယ်။

အဆိုပါ စုံတွဲပါဝင် သရုပ်ဆောင်ခဲ့တဲ့သူကတော့ မထက်(Pop Soul) ရဲ့ရည်းစား မဟုတ်ဘဲ သူ့ရဲ့ရည်းစားကတော့ သူနဲ့တခါမှ ဓာတ်ပုံရိုက်ခဲ့ဖူးခြင်း မရှိဘူးလို့ ဧရာဝတီကိုပြောပါတယ်။

“အဲ့ဒီသီချင်းထွက်ပြီးတော့ ဓာတ်ပုံလေးတွေ ထွက်လာတော့လည်း ပျော်တယ်။ ကိုယ့်ရည်းစား မဟုတ်ဘူး ဆိုပေမယ့် အစ်မ ပျော်တယ်။ ဘာလို့လဲဆိုရင် အစ်မ ရည်းစားနဲ့က ဓာတ်ပုံ မရှိဘူးလေ။ ဖုန်းပျောက်သွားတာပဲဖြစ်ဖြစ် တခုခုပေါ်သွားမှာ အရမ်းကြောက်တယ်” လို့ မထက်က ဧရာဝတီကို ပြောပါတယ်။

“သူ့အတွက်လည်း စိုးရိမ်သလို အဓိကက အစ်မတို့ရဲ့ Relation ကြီး ပျက်သွားမှာကို စိုးရိမ်လို့ တခါမှ ၂ ယောက်တွဲ ဓာတ်ပုံ မရိုက်ခဲ့ဖူးဘူး။ တခါတလေ ကျရင် ကိုယ့်ရည်းစား မဟုတ်တာကိုတောင် ပျော်နေတာ။ တွဲရိုက်ခဲ့တဲ့သူကို ခံစားတာ မဟုတ်ဘဲနဲ့ ငါသာ ငါ့ရည်းစားနဲ့ ဒီလိုပုံလေးတွေ ဆိုရင် ပျော်စရာကြီးလို့ တွေးမိတယ်” လို့ မထက်က ပြောပါတယ်။

အဆိုပါ Music Video ထဲမှာတော့ အပြင်မှာ အမှန်တကယ် ချစ်ကြိုက်နေကြတဲ့ စုံတွဲများနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး မထက်နဲ့ တွဲဖက်ရိုက်ကူးခဲ့တဲ့သူကတော့ နီနီခင်ဇော်ရဲ့ သူငယ်ချင်းဖြစ်သူ ဆရာဝန် တယောက် ဖြစ်တယ်လို့သိရပါတယ်။

 

Makeup Artist မထက် (Pop soul)

 

“အဲဒီ Music Video ထွက်တော့ နီနီကလှမ်းပို့ပေးတဲ့အချိန်မှာ ကြည့်ပြီး တညလုံး ငိုလိုက်ရတာ။ အတွဲ အစစ်တွေကြားထဲမှာ သရုပ်ဆောင်ရတဲ့ သူတယောက် ဖြစ်သွားတယ်။ အစ်မ ချစ်သူက လူရှေ့ထွက်ပြနိုင်လောက်တဲ့ အနေအထား မရှိတဲ့အတွက် ဝမ်းနည်းတာပါ” လို့ မထက်က ဆိုပါတယ်။

နီနီခင်ဇော်ရဲ့ “Stand By Me” သီချင်း Music Video ကတော့ လူသားတွေရဲ့ ချစ်ခြင်းမေတ္တာ အကြောင်းအရာကို အဓိကဖော်ညွှန်းပြီးရိုက်ကူးထားတာဖြစ်ပြီး LGBT (Lesbian, Gay, Bisexual, Transgender) အသိုင်းအဝိုင်းအတွက်လည်း အရမ်း အထောက်အကူပြုတဲ့အတွက် ခွန်အားဖြစ်စေတယ်လို့ မထက်က ပြောပါတယ်။

“အခုလို ပါဝင်ခွင့်ပေးတာလေးကို အရမ်းသဘောကျတယ်။ ဒါ LGBT Support လည်း ပါတာပေါ့နော်။ အစ်မတို့ LGBT အသိုင်းအဝိုင်းအတွက်လည်း အရမ်းအထောက်အကူ ဖြစ်တယ်။ ခွန်အားလည်း ဖြစ်စေတယ်။ အားလုံးအတွက် ရည်ရွယ်ပြီး ရေးတယ် ဆိုပေမယ့် လူသားတွေထဲမှာ ချစ်ခြင်းမေတ္တာဆိုတဲ့ အကြောင်းအရာကို အဓိက ဖော်ညွှန်းတယ်။ အစ်မတို့ကလည်း လူသားတွေဆိုတာကို ထည့်ပြီး ရိုက်ပေးတဲ့အတွက် အရမ်း သဘောကျတယ်” လို့ မထက်က ပြောပါတယ်။

မိတ်ကပ်ပညာရှင် မထက်(Pop Soul) ကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားလျက် ရှိတဲ့ မိတ်ကပ်ပညာရှင်များထဲမှာ တဦးအပါအဝင်ဖြစ်ပြီး မကြာခင်မှာလည်း မိတ်ကပ်ပညာနဲ့ ပတ်သက်တဲ့ သင်တန်းတခုကို စင်ကာပူနိုင်ငံမှာ သွားရောက်သင်ကြားဖို့ရှိတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ်“နီနီခင်ဇော် သီချင်းမှာ အတူတွဲ သရုပ်ဆောင်တာ မထက်ရဲ့ ချစ်သူ မဟုတ်ပါဘူး”

The post “ချစ်သူက လူရှေ့ထွက်ပြနိုင်တဲ့ အနေအထား မရှိတဲ့အတွက် ဝမ်းနည်းတာပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)