Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သရုပ်ဆောင်ကြေး အမြင့်ဆုံး ရရှိကြတဲ့ အာရှမင်းသား ၆ ဦး

$
0
0

အာရှနိုင်ငံတွင်းမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသားတွေ အများအပြား ရှိပေမယ့် အခု ဖော်ပြပေးမှာကတော့ သရုပ်ဆောင်ကြေး အမြင့်ဆုံး ရရှိကြတဲ့ နာမည်ကြီး အာရှ မင်းသားတွေပဲ ဖြစ်ပါတယ်။

(၁) ဂျက်ကီချန်း

 

 

အာရှမှာရော ဟောလိဝုဒ်မှာပါ အောင်မြင်ကျော်ကြားတဲ့ မင်းသားကြီးဂျက်ကီချန်းဟာ အာရှမှာ သရုပ်ဆောင်ကြေးအမြင့်ဆုံး ရရှိတဲ့ မင်းသားတလက် ဖြစ်ပါတယ်။ ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအနေနဲ့ပါ အောင်မြင်မှုတွေ ရရှိတဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ ရုပ်ရှင်တကားစာ အနုပညာကြေးကတော့ အမေရိကန်ဒေါ်လာ သန်း ၂၀ ပဲ ဖြစ်ပါတယ်။

(၂) ဂျက်လီ

 

 

အက်ရှင်ခန်းတွေမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်မှုတွေ ရရှိနေတဲ့ မင်းသားဂျက်လီဟာဆိုရင်လည်း ဂျက်ကီချန်းပြီးရင် ဒုတိယ သရုပ်ဆောင်ကြေး အများဆုံးရရှိတဲ့ မင်းသားဖြစ်ပြီး အနုပညာကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၁၁ သန်းခန့် ရရှိသူ ဖြစ်ပါတယ်။

(၃) Tony Jaa

 

 

ဘုရားခေါင်းပြတ် မင်းသားရယ်လို့ လူသိများကြတဲ့ ထိုင်းအက်ရှင်မင်းသား Tony Jaa ဟာ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ong-bak ဇာတ်ကားနဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသား တယောက် ဖြစ်ပြီး သူ့ရဲ့သရုပ်ဆောင်ကြေးကတော့ အမေရိကန်ဒေါ်လာ ၆ သန်းခန့် ဖြစ်ပါတယ်။

(၄) Salman Khan

 

 

အိန္ဒိယမှာ မင်းသားတယောက် အနေနဲ့ရော အစီအစဉ်တင်ဆက်သူတယောက် အနေနဲ့ပါ အောင်မြင်မှုတွေ ရရှိနေဆဲ မင်းသား Salman Khan ဟာဆိုရင် ရုပ်ရှင်ကားပေါင်း ၈၀ ကျော်မှာ သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့အနုပညာကြေးကတော့ အမေရိကန်ဒေါ်လာ ၅သန်းခန့်ပဲ ဖြစ်ပါတယ်။

(၅) Amir Khan

 

 

ပညာပေးဇာတ်ကားတွေမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်မှုတွေကြောင့် ပရိသတ် အားပေးမှုတွေ တခဲနက် ရရှိထားတဲ့ 3 idiots မင်းသားလို့ရော PK မင်းသားလို့ပါ လူသိများကြတဲ့ မင်းသား Amir Khan ဟာလည်း အနုပညာကြေး အမေရိကန်ဒေါ်လာ ၄ ဒဿမ ၅ သန်းခန့် ရရှိနေတဲ့ သရုပ်ဆောင်ကြေးအများဆုံးရရှိတဲ့ မင်းသားတယောက်ဖြစ်ပါတယ်။

(၆) Akshay Kumar

 

 

အိန္ဒိယရုပ်ရှင် ဇာတ်ကားပေါင်း ၁၀၀ ခန့် မှာ ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်ထုတ်လုပ်သူ အနေနဲ့ရော မင်းသားတယောက်အဖြစ်နဲ့ပါ အောင်မြင်မှုတွေရရှိနေဆဲဖြစ်တဲ့ မင်းသား Akshay Kumar ဟာ အနုပညာကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၄ သန်းခန့် ရရှိသူပဲ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်၂၀၁၇ ခုနှစ်အတွင်း အနုပညာကြေး အများဆုံး ရရှိသည့် ထိပ်တန်း ဟောလိဝုဒ် မင်းသား ၁၀ ဦး

Ref ;www.worldlistmania.com

The post သရုပ်ဆောင်ကြေး အမြင့်ဆုံး ရရှိကြတဲ့ အာရှမင်းသား ၆ ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ