Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကြောက်မက်ဖွယ်ကောင်းတဲ့ “The Nun” ရုပ်ရှင်ကြော်ငြာကို Youtube ဖယ်ရှား

$
0
0

ဗီဒီယိုကြည့်ရှုမှု ဝက်ဘ်ဆိုက်ဖြစ်တဲ့ Youtube က မကြာမီ ထွက်ရှိလာတော့မယ့် “The Nun” ရုပ်ရှင်ရဲ့ ကြော်ငြာတခုဟာ ကြောက်မက်ဖွယ်ကောင်းလွန်းပြီး ကုမ္ပဏီရဲ့ မူဝါဒတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

၆ စက္ကန့်သာကြာမြင့်တဲ့ အဲ့ဒီကြော်ငြာမှာ အသံအတိုး၊ အကျယ်သင်္ကေတ ပါရှိပြီး အသံပိတ်ချလိုက်တဲ့ သင်္ကေတပြခဲ့ပြီးတဲ့နောက် ရုတ်တရက် ရုပ်ရှင်ထဲမှ ခရစ်ယာန်သီလရှင်ရဲ့ ကြောက်မက်ဖွယ် ခြောက်လှန့်မှု ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီကြော်ငြာဟာ Youtube ရဲ့ ထိတ်လန့်စေသော အချက်အလက် မူဝါဒကို ချိုးဖောက်ခဲ့အတဲ့အတွက် ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။

“အခြားသူတွေအတွက် မတူကွဲပြားမှုနဲ့ လေးစားမှုကို တန်ဖိုးထားပြီး ကျနော်တို့ရဲ့ ကြော်ငြာကွန်ရက်အတွက် မသင့်လျော်တဲ့ ကြော်ငြာ၊ ဝက်ဘ်ဆိုက်နဲ့ App တွေကြောင့် အသုံးပြုသူတွေ ထိတ်လန့်စေမှုကို ဖယ်ရှားဖို့ ကျနော်တို့ အားသွန်ခွန်စိုက် ဆောင်ရွက်သွားပါ့မယ်” လို့ Youtube မှ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

Youtube ရဲ့ “ထိတ်လန့်စေသော အချက်အလက်မူဝါဒ” အရ အကြမ်းဖက်မှုနဲ့ ထိတ်လန့်စေတဲ့ အချက်အလက်တွေကို ကုမ္ပဏီက အရေးယူနိုင်ပါတယ်။

 

 

Conjuring ရုပ်ရှင်စီးရီးရဲ့ ပဉ္စမမြောက်ဇာတ်လမ်းဖြစ်တဲ့ “The Nun” ကို လာမယ့် စက်တင်ဘာလ ၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်မှာ Taissa Farmiga, Demian Bichir နဲ့ Jonas Bloquet တို့ ပါဝင်ထားကြပါတယ်။

သည်းထိတ်ရင်ဖို ရုပ်ရှင်ဒါရိုက်တာ Corin Hardy ရိုက်ကူးထားတဲ့ အဆိုပါ ရုပ်ရှင်ကို Conjuring ဒါရိုက်တာ James Wan က ထုတ်လုပ်ပေးထားပြီး IT ရုပ်ရှင် ဇာတ်ညွှန်းရေးဆရာ Gary Dauberman က ဇာတ်လမ်း ရေးသားပေးထားပါတယ်။

ရိုမေနီးယားနိုင်ငံမှာရှိတဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အဦတခုမှာ နေထိုင်တဲ့ ငယ်ရွယ်တဲ့ သီလရှင်တဦးဟာ အရင်တုန်းက ခြောက်လှန့်မှုတွေခံခဲ့ရတဲ့ ဘုန်းတော်ကြီး တဦးနဲ့အတူ ဗာတီကန်ကနေ စေလွှတ်လိုက်တဲ့ တာဝန်အတိုင်း စုံစမ်းမှုတွေလုပ်ရဖို့ ဖြစ်လာပါတော့တယ်။

အဲဒီနောက် ဗာတီကန်ကနေ ချမှတ်လိုက်တဲ့ အမိန့်တွေမှာ ရှိနေတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရပြီး အဲ့ဒီလိုဖော်ထုတ်ခြင်းဟာ သူတို့ရဲ့ ယုံကြည်မှု၊ စိတ်ဝိညာဉ်တွေနဲ့ အသက်အန္တရယ်ကိုပါ ခြိမ်းခြောက်မှုတွေ ရှိလာခဲ့ရပါတယ်။ သူတို့ကို ခြောက်လှန့်နေတဲ့ သီလရှင်ရဲ့ နောက်ကြောင်းရာဇဝင်ကို ဖော်ထုတ်ဖို့ ကြိုးပမ်းတဲ့အကြောင်း ထိတ်လန့်ဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။

Ref: gamespot

The post ကြောက်မက်ဖွယ်ကောင်းတဲ့ “The Nun” ရုပ်ရှင်ကြော်ငြာကို Youtube ဖယ်ရှား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ