Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နိုင်ငံရေးလောကထဲ ဝင်ဖို့ အစီအစဉ် မရှိကြောင်း ပြောလိုက်တဲ့ မင်းသား Aamir Khan

$
0
0

ကမ္ဘာကျော် ဘောလိဝုဒ်မင်းသား Aamir Khan (အမီရာခန်း) က နိုင်ငံရေး လောကထဲ ဝင်ရောက် နိုင်ချေရှိတယ် ဆိုတဲ့ အကြောင်းကို ပယ်ချ ပြောဆိုလိုက်ပါတယ်။ သူ့လိုမျိုး ဖန်တီးမှု နယ်ပယ်မှာ အလုပ်လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေထံ နိုင်ငံတော်တည်ဆောက်တဲ့နေရာမှာ အဓိကတာဝန်ယူမှုနဲ့ လူမှုအခြေခံ အသိုင်းအဝန်းကို ခိုင်မာအောင် ဆောင်ရွက်လုပ်ဆောင်ဖို့ရှိတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

“Watercup” ဆုတွေကို ကြေညာဖို့ သူ့ရဲ့ Paani ဖောင်ဒေးရှင်းကနေ ကျင်းပတဲ့ ပွဲတခုကို တက်ရောက်ပြီးတဲ့ နောက် သတင်းစာရှင်းလင်းပွဲတခုမှာ အခုလိုမျိုး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်တချို့လည်း Pune မြို့မှာပြုလုပ်ခဲ့တဲ့ အဲဒီပွဲကို တက်ရောက်ခဲ့ကြပါတယ်။

Paani ဖောင်ဒေးရှင်း ဟာ ကျေးလက်ဒေသဖြစ်တဲ့ Maharashtra မှာ မိုးခေါင်ရေရှားမှုကို တိုက်ဖျက်ဖို့ Satyamev Jayate ရုပ်သံဇာတ်လမ်းတွဲအဖွဲ့က ၂၀၁၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ကိုယ်ကျိုးမဖက် ကုမ္ပဏီတခု ဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို မင်းသား Aamir Khan နဲ့သူ့ရဲ့ဇနီး Kiran Rao တို့က ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

Paani ဖောင်ဒေးရှင်းဟာ အကောင်းဆုံး ရေဝေရေလဲဒေသ စီမံခန့်ခွဲမှုလုပ်ငန်းအတွက် ကျေးရွာတွေက ယှဉ်ပြိုင်ရမယ့် “Satyamev Jayate Water Cup” ဆိုတဲ့ ပြိုင်ပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံရေးလောကထဲ ဝင်ရောက်ဖို့ အစီအစဉ် ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို Dangal ရုပ်ရှင်မင်းသား Aamir က “ကျနော်တို့ဟာ လက်ရှိမှာအလုပ်တွေ အရမ်း လုပ်နေရပါတယ်၊ အဲဒီအလုပ်လုပ်ဖို့ပဲ စဉ်းစားထားပါတယ်။ နိုင်ငံရေးလောကထဲ ဝင်ဖို့ မလိုအပ်သေးပါဘူး။ ကျနော်က ဖန်တီးမှုနယ်ပယ်မှာ အလုပ်လုပ်နေပါတယ်။ ဒီနယ်ပယ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေမှာ နိုင်ငံတော် တည်ဆောက်ဖို့နဲ့ လူမှုအသိုင်းအဝန်း ခိုင်မာစေအောင် ပြုလုပ်ဖို့ တာဝန်ရှိနေပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် မြေဆီလွှာကျန်းမာရေး၊ မြင်ခင်းလွင်ပြင်၊ ကောက်ပဲသီးနှံအစီအစဉ်နဲ့ သစ်ပင် စိုက်ပျိုးရေးလိုမျိုး ဒေသတွေမှာ အဖွဲ့အနေနဲ့ အာရုံစိုက်ထားတယ်လို့လည်း ဆိုပါတယ်။ မင်းသား Aamir နဲ့ Paani ဖောင်ဒေးရှင်းတို့ဟာ ရေရှာဖွေရေးစီမံကိန်းတွေကို လုပ်ဆောင်ဖို့ မြို့ပြဒေသတွေမှာလည်း လုပ်ဆောင်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

မင်းသား Aamir နဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ ပါဝင်သရုပ်ဆောင်ထား ကြတဲ့ “Thugs of Hindostan” ဆိုတဲ့ ရုပ်ရှင်ကို လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ရုံတင် ပြသတော့မှာပဲ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်ရုပ်ရှင်အောင်မြင်မှသာ အနုပညာကြေးပေးဖို့ ပြောတဲ့ မင်းသား Aamir Khan

Ref:indiaexpress

The post နိုင်ငံရေးလောကထဲ ဝင်ဖို့ အစီအစဉ် မရှိကြောင်း ပြောလိုက်တဲ့ မင်းသား Aamir Khan appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ