Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တရုတ်မင်းသမီး Liu Yifei (ဂူးဂူး) ကို “Mulan”ရုပ်ရှင်မှာ မြင်တွေ့ရမည်

$
0
0

Disney ရုပ်ရှင်ထုတ်လုပ်ရေးဟာ တရုတ်မင်းသမီး Liu Yifei ပါဝင် သရုပ်ဆောင်ထားတဲ့ “Mulan” ရုပ်ရှင်အတွက် ပထမဆုံး ဓာတ်ပုံကို ဖြန့်ချိလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကနေ စတင်ခဲ့တဲ့ ရုပ်ရှင် ထုတ်လုပ်ရေးကိုတော့ တရုတ်နိုင်ငံနဲ့ နယူးဇီလန်နိုင်ငံတို့မှာ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Disney ရဲ့ ဂန္တဝင် အန်နီမေးရှင်းဇာတ်လမ်းကို ပြန်လည် အသက်သွင်းထားတဲ့ အဆိုပါ ရုပ်ရှင်ကို ဒါရိုက်တာ Niki Caro က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ စစ်တပ်ထဲကို ဝင်ရောက်ဖို့အတွက် ဖခင်ဖြစ်သူရဲ့ စကားအတိုင်း တသွေမတိမ်း လိုက်နာခဲ့ပြီး ယောကျာ်းတဦးလို နေထိုင် ပြုမူခဲ့တဲ့ ဇာတ်ကောင် မိန်းကလေးအဖြစ် မင်းသမီး ဂူးဂူးကို တွေ့မြင်ရမှာပါ။

ရုပ်ရှင်ထဲမှာတော့ တရုတ် ဧကရာဇ်အဖြစ် နာမည်ကျော်မင်းသား ဂျက်လီ၊ စွမ်းအားထက်မြက်တဲ့ စုန်းမအဖြစ် မင်းသမီး ဂေါင်းလီနဲ့ မူလန်ရဲ့ ကြီးကြပ်သူ ဗိုလ်ချုပ် Tung အဖြစ် မင်းသား ဒိုနီယန်းတို့က သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

နယူးဇီလန်မင်းသား Yoson An ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိပြီး ရည်မှန်းချက်ကြီးမားသူ၊ မူလန်ကို စိတ်ဝင်စားတဲ့ မဟာမိတ် Chen Honghui အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Chris Bender, Jason Reed နဲ့ Jake Weiner တို့က အဆိုပါ ရုပ်ရှင်ကို ထုတ်လုပ်မှာဖြစ်ပါတယ်။

“The Lord of the Rings: The Return of the King“ ရုပ်ရှင်ရဲ့ Barrie M. Osborne, “Crouching Tiger, Hidden Dragon” ရုပ်ရှင်ရဲ့ Bill Kong နဲ့ “Crazy Rich Asians” ရုပ်ရှင်ရဲ့ Tim Coddington တို့က အမှုဆောင် ထုတ်လုပ်ရေးမှူး တွေအဖြစ် ဆောင်ရွက်ကြမှာလည်း ဖြစ်ပါတယ်။

Ming-Na Wen, Miguel Ferrer နဲ့ Eddie Murphy တို့ အသံသရုပ်ဆောင်ခဲ့ကြပြီး ၁၉၉၈ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ အန်နီမေးရှင်းရုပ်ရှင်ကတော့ အော်စကာဆုအတွက် လျာထားခြင်း ခံခဲ့ရပါတယ်။ သမိုင်းမှာ မှတ်တမ်းတင်ခံရတဲ့ စစ်သည်တော်တဦးရဲ့ ဇာတ်လမ်းဟာ တရုတ်နိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး ပုံပြင်တပုဒ် ဖြစ်ပြီး ဒီနေ့ခေတ် တရုတ်နိုင်ငံမှာ ရှိတဲ့ ကျောင်းတွေရဲ့ သင်ရိုး တစိတ်တပိုင်းအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကို ၂၀၂၀ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ဖြန့်ချိမှာဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များနောက်ဆက်တွဲ ရုပ်ရှင်တွေ ထွက်ရှိလာဦးမယ့် “ကမ္ဘာကျော်ရုပ်ရှင်ကားများ”

Disney ကထုတ်လုပ်မယ့် “Mulan” ရုပ်ရှင်မှာ ဟောင်ကောင်မင်းသား Donnie Yen ပါဝင်မယ်

Ref:variety

The post တရုတ်မင်းသမီး Liu Yifei (ဂူးဂူး) ကို “Mulan” ရုပ်ရှင်မှာ မြင်တွေ့ရမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ