Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒိုင်တွေကြောင့် ပရိသတ် စိတ်ဝင်စားမှု လျော့နည်းလာတဲ့ American Idol

$
0
0

မကြာသေးခင်က ပြီးဆုံးသွားခဲ့တဲ့ Myanmar Idol အစီအစဉ်ဟာ ပြိုင်ပွဲဝင်တယောက် လာရောက် ယှဉ်ပြိုင်ခြင်း မရှိတဲ့အတွက် အရမ်းကို လူပြော များနေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ် လောက်က စတင်ပြီး ကမ္ဘာအရပ်ရပ်မှာ စတင်ခေတ်စားလာခဲ့တဲ့ ဒီရုပ်သံရှိုးဟာ မြန်မာပြည်ကို ရောက်ရှိ လာခဲ့တာ ၃ နှစ် တိုင်ခဲ့ပြီး ယခင်နှစ်တွေမှာ ပရိသတ် စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ယခင်နှစ်တွေထက် ပိုမိုပြီး စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

ဒီရုပ်သံရှိုးကို ကျင်းပတဲ့ နိုင်ငံအများစုဟာ မဲပေးရွေးချယ်တဲ့ နည်းစနစ်ကို “အနုပညာ ရွေးကောက်ပွဲ” လို့တောင် သတ်မှတ်ကြပါတယ်။ဒီရှုပ်သံရှိုးကို ကြည့်ရှုကြသူတွေကတော့ မဲပေးတဲ့ အခါမှာ “အကောင်းဆုံး” ဆိုတာကို ရွေးချယ်ကြပါတယ်။ “အကောင်းဆုံး”လို့ သတ်မှတ်ကြတဲ့ အခါ အရည်အချင်း၊ အနုပညာ ဖန်တီးနိုင်စွမ်း စတာတွေကို ကြည့်ရှုပြီး သတ်မှတ်ကြတယ်လို့ ဆိုပါတယ်။

မနှစ်က ကျင်းပပြီးခဲ့ပြီ ဖြစ်တဲ့ American Idol ပွဲစဉ်တွေမှာ ဒိုင်တွေရဲ့ အကဲဖြတ် ဝေဖန်မှုတွေဟာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ပရိသတ်အများအပြားရဲ့ ဝေဖန်မှုတွေ ရရှိခဲ့ပါတယ်။ ဒိုင်တွေဟာ ပြိုင်ပွဲဝင်တွေရဲ့ အမှားတွေကို သေချာထောက်ပြခြင်း မရှိတာကြောင့် ပရိသတ်တွေက ဒိုင်တွေကို ပြောင်းပေးဖို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ တောင်းဆိုခဲ့ကြပါတယ်။

ပရိသတ်တွေဟာ လာရောက်ယှဉ်ပြိုင်သူတွေရဲ့ တကယ့်အမှားတွေကို ထောက်ပြတတ်တဲ့ Simon Cowell လို ဒိုင်မျိုးတွေကိုသာ အလိုရှိကြောင်း၊ မိမိစိတ် တခုတည်းနဲ့ ဘက်လိုက်ပြီး ရွေးချယ်တဲ့ ဒိုင်တွေကိုလည်း အလိုမရှိကြောင်း ရေးသားခဲ့ကြပါသေးတယ်။

တချို့ပြိုင်ပွဲဝင်တွေဟာ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ခြင်း ရှိခဲ့ပေမယ့် ပရိသတ်ရဲ့ အားပေးမှုကို ထင်သလောက် မရကြဘူးလို့လည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝေဖန်သူတွေက ရေးသားခဲ့ပါသေးတယ်။

ဒါပေမယ့် နိုင်ငံတကာက ဒီပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်တွေဟာ ပွဲပြီးတဲ့အထိ လာရောက်ယှဉ်ပြိုင်ရမယ် ဆိုတဲ့ စည်းကမ်းနဲ့ အညီ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ယှဉ်ပြိုင်လေ့ ရှိကြပါတယ်။ ယခုနှစ် Myanmar Idol အစီအစဉ်ကတော့ ပရိသတ်ကြားမှာ ပြောစမှတ် တွင်ရအောင် ပြိုင်ပွဲဝင်တဦးက ကျန်းမာရေးကြောင့် Grand Final ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိဘဲ ကျန်ပြိုင်ပွဲက တဦးသာ ယှဉ်ပြိုင်ကာ Winner ဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

Ref; nytimes.com

The post ဒိုင်တွေကြောင့် ပရိသတ် စိတ်ဝင်စားမှု လျော့နည်းလာတဲ့ American Idol appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ