Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဆုကြေးငွေနဲ့ ဘုရားထီးတင်ဖို့ အရင်ဆုံးလုပ်မယ့်” ဖြိုးမြတ်အောင်

$
0
0

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က သူ့ပရိသတ်တွေကို ပြောခဲ့တဲ့ အတိုင်း ဘုရားထီးတင်ဖို့ကို အရင်ဆုံး လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပရိသတ်တွေ အားပေးလို့ ဒီနေရာထိရောက်လာတဲ့အတွက် အရမ်းပျော်ပါတယ်လို့။ ကျနော်ဘုရားထီးတင်မယ်။ ကထိန်ခင်းမယ်။ ကျောင်းဆောက်ဖို့လည်းရှိတယ်။ ပညာရေးနဲ့ ပတ်သက်ပြီးလိုအပ်တဲ့နေရာတွေ သွားလှူမှာပါ။ ပြောခဲ့တဲ့ အတိုင်းပဲ ဘုရားထီးတင်ဖို့ပေါ့ ။အမေ့ရဲ့ အိပ်မက်ဖြစ်တဲ့ ဘုရားထီးတင်တာကို အရင်လုပ်မယ်။ လောလောဆယ်တော့ မိုးတွင်းဖြစ်နေတော့ ဘုရားကို ပြင်ဖို့အတွက် အရင်လုပ်မယ်လို့” ဖြိုးမြတ်အောင်က ပြိုင်ပွဲအပြီးမှာ ပြောပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အခုလို Winner ဆုကို ရရှိခဲ့တဲ့အတွက်လည်း သူ့အနေနဲ့ အရမ်းကိုဝမ်းသာပြီး သူ့အတွက် Myanmar Idol ပွဲအတွက် ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်တိုက်ခိုက်တာတွေကို မမှုတော့ပါဘူးဆိုပြီး ဆက်လက် ပြောပြခဲ့ပါတယ်။

“ဝေဖန်တိုက်ခိုက်တာလောက်ကတော့ မမှုတော့ပါဘူး။ အကုန်လုံးကို အကောင်းမြင်ပေးလိုက်တယ်။ ဝေဖန်မှုတွေထဲက ကျနော့်အားနည်းချက်တွေကို ပြန်ပြုပြင်တယ်။ ကျန်တာကိုတော့ လျစ်လျူရှုလိုက်တယ်။ ဘာလို့လည်းဆိုတော့ ကျနော် အသက် (၁၄) နှစ်သားကတည်းက ဝေဖန်တိုက်ခိုက်တာတွေရယ်။ ကိုယ်ထိလက်ရောက်တွေရယ် ကြုံခဲ့ပြီးသွားပြီ။ ကိုယ့်အသက်အန္တရာယ်နဲ့တောင်လုပြီးတော့ ကျနော်ကြုံ့တွေ့ခဲ့ရပြီးသွားပြီ။ အဲ့တော့ ကျနော့်အတွက်တော့ မပြောပလောက်ပါဘူး။ ကျနော်ပြိုင်ပွဲစပြိုင်တည်းက ပရိသတ်တွေကို ကျနော်ချပြချင်တာတွေကို လုပ်ပြနေတယ်လို့ပဲ သဘောထားပါတယ်။ weekely တိုင်းကို အကောင်းဆုံးဖျော်ဖြေပေးခဲ့ပါတယ်” ဆိုပြီး ပြောပါတယ်။

သူ့အနေနဲ့ ပြိုင်ပွဲပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ အနုပညာများကို ပိုမိုလုပ်သွားမှာဖြစ်ပြီး နောက်တက်လာမယ့် ညီငယ်၊ ညီမတွေ လေးစားအားကျရတဲ့ အနုပညာသမားတယောက် အဖြစ် ရပ်တည်နိုင်ဖို့နဲ့ လျှောက်လှမ်းမယ့် ဂီတလမ်းကြောင်း မှာ အတတ်နိုင်ဆုံး အမှားနည်းအောင် လျှောက်လှမ်းပ့ါမယ်ဆိုပြီး ပရိသတ်တွေကို ကတိပေးခဲ့ပါသေးတယ်။

ဟင်္သာတသားလေး ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း Winner ဆုကြီးကို မနေ့ညက ပြိုင်ပွဲအပြီးမှာ ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Grand Final ပွဲမှာတော့ ပြိုင်ဘက်မရှိတဲ့ Winner ဆုရှင်အဖြစ် ဖြိုးမြတ်အောင်က ဆုငွေ သိန်း ၅၀၀ နဲ့အတူ မိုးမြန်မာ မီဒီယာက ထုတ်လုပ်ပေးတဲ့ Solo Albumနဲ့ Music Album တို့ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

The post “ဆုကြေးငွေနဲ့ ဘုရားထီးတင်ဖို့ အရင်ဆုံးလုပ်မယ့်” ဖြိုးမြတ်အောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ