Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ထူးထူးခြားခြားတဦးတည်းပြိုင်ပြီး Winner ဖြစ်ခဲ့ရတဲ့ Myanmar Idol Season 3 ရဲ့ Final ည

$
0
0

Myanmar Idol Season 3 ရဲ့ နောက်ဆုံး Grand Final ပွဲကြီးဟာ ယခင်နှစ်နှင့်မတူဘဲ Winner ရရှိခဲ့သောသူဟာလည်း ပရိသတ်အများနဲ့ထပ်တူကျခဲ့ပေမယ့် နောက်ဆုံးပြိုင်ပွဲဝင်၂ယောက်သာ ကျန်ရှိခဲ့ပေမယ့်လည်းကျန်ရှိသူထဲက ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုက ယှဉ်ပြိုင်ခဲ့ခြင်းမရှိတာကြောင့် ဖြိုးမြတ်အောင်က ပြိုင်ဘက်မရှိဘဲ Winner ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ၂ဦးဖြစ်တဲ့ ဖြိုးမြတ်အောင်နှင့် ချမ်းမြေ့မောင်ချိုတို့ ၂ဦးတို့ဟာ လူအများစိတ်ဝင်စားနေသလို အကြိတ်အနယ် ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် ချမ်းမြေ့မောင်ချိုမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေရတာကြောင့် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဖြိုးမြတ်အောင်အနေနဲ့ ပြိုင်ဘက်မရှိခဲ့ပေမယ့်လည်း ပြိုင်ပွဲစည်းမျဉ်းအတိုင်း သတ်မှတ်ထားတဲ့ တေးသီချင်းများကို သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ ဖြိုးမြတ်အောင်အနေနဲ့အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပြီး တဖက်ပြိုင်ပွဲဝင်အနေနဲ့ လာရောက် ယှဉ်ပြိုင်ခဲ့ခြင်းမရှိတာကြောင့် ကြည့်ရှုသူအပေါင်းမှာ မချိတင်ကဲဖြစ်ခဲ့ပြီး အပြိုင်အဆိုင် Voting ပေးဖို့တော့ မလိုအပ်ခဲ့ပါဘူး။

ချမ်းမြေ့မောင်ချိုကတော့ ဩဂုတ်လ ၉ရက်နေ့မှာ အာသီးယောင်ပြီး နေမကောင်းခဲ့တာကြောင့် သုခကမ္ဘာဆေးခန်းမှာဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။

“Final ဆိုတာအားလုံးမျှော်လင့်ထားတဲ့နေ့တနေ့ပါ။ ဒီလိုမျိုးအခြေအနေမှာဖြစ်ရတော့ တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်။ ဒီနေ့ဟာ တောက်လျှောက်လာခဲ့ကြတာ ၆လကြာပါပြီ။ ရွေးလိုက်တဲ့ Top 11တွေဟာ မတူညီတဲ့အရည်အချင်းတွေရှိကြပါတယ်။ မတူညီတဲ့လိုအပ်ချက်တွေလည်းရှိကြပါတယ်။”လို့ ဒိုင်တဦးဖြစ်တဲ့ တင်ဇာမော်ကပြောပါတယ်။

ဖြိုးမြတ်အောင်ဟာ ပြိုင်ဘက်မရှိဘဲ ယှဉ်ပြိုင်ခဲ့ရပေမယ့် ပရိသတ်ကို ကျေနပ်အောင်သီဆိုယှဉ်ပြိုင်တဲ့ ပြိုင်ဝင်ဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

မျိုးကျော့မြိုင်အနေနဲ့လည်း “အနုပညာလုပ်တယ်ဆိုတာ တဖက်နဲ့တဖက် Devoid ဖြစ်ဖို့မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ဟာ Entertainment ဖြစ်ချင်တာမျိုးကြောင့် Entertainment လုပ်ပေးရတာမျိုးပါ။ ကလေးတွေကို သူ့ပရိသတ် ကိုယ့်ပရိသတ်ရှိတာထက် ခွဲထုတ်လိုက်တာကို အနုပညာနဲ့မဆိုင်ဘူးလို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပေါင်းဖို့က အရမ်းခက်ပါတယ်။ ခွဲထုတ်လိုက်ဖို့ကအရမ်းလွယ်ပါတယ်။ ကျနော်တို့က တလမ်းထဲသွားနေတာကြောင့်လေ။ အကုန်လုံး စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင်ဆိုကောင်းတာပေါ့။” လို့ပြောခဲ့ပါတယ်။

ဖြိုးမြတ်အောင်ကတော့ သတ်မှတ်ထားတဲ့ သီချင်းများကို သီဆိုယှဉ်ပြိုင်ခဲ့ပြီး ယခင်နှစ်များက Winner များရဲ့ ဖျော်ဖြေမှုများ ၊ Top 11ရဲ့ သီဆိုယှဉ်ပြိုင်မှုများဖြင့် ဖျော်ဖြေခဲ့ပါတယ်။ ဒါ့အပြင် ဒိုင် ၄ဦးဖြစ်ကြတဲ့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင်နဲ့ တင်ဇာမော်တို့ကလည်း ဖျော်ဖြေခဲ့ကြပြီး မြန်မာပြည်သိန်းတန်သီဆိုဖျော်ဖြေမှုမှာတော့ သူကိုယ်တိုင်ရေးစပ်ထားတဲ့ “အန်ကယ်ကတော့ Yes ပါ”ဆိုတဲ့သီချင်းမှာတော့ ဖြိုးမြတ်အောင်အတွက် ရည်ရွယ်တဲ့ သီချင်းရေးသားများပါဝင်လာတာကို ကြားသိခဲ့ရပါတယ်။

Cyberbullying နဲ့ ပတ်သက်ပြီး ပြိုင်ပွဲဝင်များရဲ့ ကြုံ့တွေ့ခဲ့ရသောအကြောင်းအရာများ ၊ Social influencers များရဲ့ စကားသံများ ၊ အနုပညာရှင်ရဲ့စကားသံများကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အားလုံးအံ့ဩသွားစေတဲ့ အစီအစဉ်တခုဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ဆေးခန်းရောက်နေတဲ့ ချမ်းမြေ့မောင်ချိုက သူမတို့ ပြိုင်ပွဲဝင် ၂ဦးအတွက် တေးရေးဝေကြီးရေးသားပေးခဲ့တဲ့ “သင့်အတွက်မနက်ဖြန်” ဆိုတဲ့ သီချင်းနဲ့ဖျော်ဖြေခဲ့ပါတယ်။

အဲ့ဒီတေးသီချင်းကတော့ Winner ရရှိသူရဲ့ ကိုယ်ပိုင်သီချင်းအဖြစ်ဖြိုးမြတ်အောင်ရရှိမှာဖြစ်ပေမယ့်လည်း ဖြိုးမြတ်အောင်က ချမ်းမြေ့မောင်ချိုကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။

“ကျနော်ဆိုရမယ့် winner song ကို တကယ်တော့ကျနော်လည်း အရမ်းကြိုက်ပါတယ်။ ဒါပေမယ့် ကျနော်ညီလေးမောင်ချိုက သူကိုယ်တိုင်တောင်မသိပါဘူး။ ကျနော် Winner ဖြစ်ခဲ့ရင် အဲဒီသီချင်းလေးကို လက်ဆောင်ပေးမှာဆိုပြီးတွေးထားပါတယ်။ သူကိုယ်တိုင်တောင်မသိပါဘူး” လို့ဖြိုးမြတ်အောင်ကပြောပါတယ်။

ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချို သူတို့၂ဦးနဲ့ပတ်သက်ပြီး အားပေးတဲ့ ပရိသတ်အချင်းချင်းမှာ အချင်းများစရာများနှင့် ဝေဖန်မှုများစွာရှိခဲ့ပေမယ့် ကာယကံရှင် ၂ဦးကတော့ ချစ်ခင်ရင်းနှီးစွာနဲ့ စင်မြငိ့ထက်မှာ မြင်တွေ့ခဲ့ကြရပါတယ်။

ဒါကြောင့် ပြိုင်ပွဲအပြီးမှာတော့ Myanmar Idol Season 3 ရဲ့ Winner အဖြစ် ဖြိုးမြတ်အောင်ကရရှိခဲ့ပြီး ချမ်းမြေ့မောင်ချိုက First Runner up နှင့် ဇော်ကြီးကတော့ Pantene Wild Card Winner ဆုတို့ကိုရရှိခဲ့ပါတယ်။

Myanmar Idol Season 1မှာ Winner အဖြစ် စောလားထော်ဝါး၊ Myanmar Idol Season 2 မှာWinner သားငယ်နှင့် ယခုနှစ် Season 3 မှာတော့ ဖြိုးမြတ်အောင်တို့က အသီးသီးရရှိခဲ့ပြီဖြစ်ပါတယ်။

The post ထူးထူးခြားခြားတဦးတည်းပြိုင်ပြီး Winner ဖြစ်ခဲ့ရတဲ့ Myanmar Idol Season 3 ရဲ့ Final ည appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ