Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Cyber Bullying ပြုလုပ်သူများကို လျစ်လျူရှုဖို့ ဆိုလိုက်တဲ့ ကျော်ထက်အောင်

$
0
0

မနေ့ည သြဂုတ် ၁၂ နေ့ရက်နေ့က ပြုလုပ်ခဲ့တဲ့ Myanmar Idol Season 3 ရဲ့ နောက်ဆုံးယှဉ်ပြိုင်မှုကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ Winner အဖြစ် ရေပန်းစားခဲ့တဲ့ ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်ကပဲ ရရှိခဲ့တာဖြစ်ပါတယ်။

Myanmar Idol Season 3 ရဲ့ နောက်ဆုံးယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင်နှစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုနဲ့ ဖြိုးမြတ်အောင်တို့ နှစ်ဦးက ဒီနှစ်မှာပြိုင်ပွဲမစခင်ကတည်းက အွန်လိုင်းသုံးစွဲသူများကြား အငြင်းပွားစရာအများဆုံးပြိုင်ပွဲနှစ်ဦးဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးမှာ ဘယ်သူက Winner ရသင့်တယ်ဆိုပြီး နှစ်ဖက် အွန်လိုင်းပရိသတ်ရဲ့အငြင်းပွားမှုက Myanmar Idol ပြိုင်ပွဲမှာ အပြင်းထန်ဆုံးအငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပြိုင်ပွဲဝင်ချမ်းမြေ့မောင်ချိုက နောက်ဆုံးပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတဲ့အထိ ကျန်းမာရေးကို ထိခိုက်ပြီး ဆေးရုံတက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဖြိုးမြတ်အောင်က ယှဉ်ပြိုင်သူမရှိတဲ့ Winner ဆုကို ရရှိခဲ့ပါတယ်။

ဒီလို Cyber Bullying (အွန်လိုင်းပေါ်က အနိုင်ကျင့်မှု) ပတ်သက်လို့ အွန်လိုင်းပေါ်ကသူများရဲ့ ပြင်းထန်တဲ့စကားအသုံးအနှုန်းနဲ့ ဝေဖန်တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ Myanmar Idol ပြိုင်ပွဲဝင်များနဲ့ Beauty Blogger နှစ်ဦးဖြစ်တဲ့ နေခြည်ဦးနဲ့ ဝင်းမင်းသန်း တို့နှစ်ဦးကလည်း တိုက်ခိုက်ခံရတဲ့အပေါ် သူတို့ရဲ့ ခံစားချက်များကို ပြန်လည်မျှဝေပြောဆိုခဲ့ကြပါတယ်။

ဒီပွဲမှာ Host တဦးဖြစ်တဲ့ ကျော်ထက်အောင်ကတော့ ဒီလိုတိုက်ခိုက်မှုများကို လျစ်လျူရှုလိုက်ဖို့နဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများပီပီ တဦးပေါ် တဦးမေတ္တာထားကြဖို့အတွက် တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲပြုလုပ်လာတာ ဒီနှစ်နဲ့ဆို သုံးနှစ်တိုက်ရှိပြီဖြစ်ပြီး နှစ်တိုင်းလိုလို ပြိုင်ပွဲဝင်များဟာ အွန်လိုင်းအသုံးပြုသူများရဲ့ တိုက်ခိုက်ခြင်းကို အနည်းနဲ့ အများဆိုသလို ခံခဲ့ရသူတွေချည်းပါပဲ။ မနှစ်တုန်းက Myanmar Idol Season 2 ရဲ့ နောက်ဆုံးပြိုင်ပွဲဝင်ဖြစ်တဲ့ သားငယ်နဲ့ ဘီလီလမင်းအေး တို့နှစ်ဦးမှာလည်း ဘီလီလမင်းအေးဟာ အွန်လိုင်းမှာ အပြင်းအထန် ဝေဖန်ခြင်းကို ခံခဲ့ရသူတဦးဖြစ်ပါတယ်။

The post Cyber Bullying ပြုလုပ်သူများကို လျစ်လျူရှုဖို့ ဆိုလိုက်တဲ့ ကျော်ထက်အောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ