Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အော်စကာဆုပေးပွဲမှာ “နာမည်အကျော်ကြားဆုံး ရုပ်ရှင်ဆု”ပေးမယ့် အစီအစဉ် ဝေဖန်ခံနေရ

$
0
0

အော်စကာဆုပေးပွဲမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ ရုပ်ရှင်တွေအတွက် ဆုအသစ်တခုကို မိတ်ဆက်သွားမှာဖြစ်ပြီး နှစ်စဉ်ကျင်းပနေကျ ဆုပေးပွဲကို ကြာချိန် ၃ နာရီအထိ ကန့်သတ်သွားမှာ ဖြစ်တဲ့ အကြောင်း ပွဲစီစဉ်သူတွေက သြဂုတ်လ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အခုလိုမျိုး နာမည်ကျော်ကြား လူကြိုက်များတဲ့ ရုပ်ရှင်တွေအတွက် အထူးဆုတခုကို ဖန်တီးဖို့ ဆုံးဖြတ်ချက်ဟာ ချက်ချင်းဆိုသလိုပဲ ပြစ်တင် ရှုံ့ချခဲ့ရပြီး ဒါဟာ စိတ်ပျက်ဖို့ကောင်းတယ်လို့ ဝေဖန်သူ တဦးက ဆိုပါတယ်။

Walt Disney ကုမ္ပဏီရဲ့ ABC ရုပ်သံလိုင်းကနေ လာမယ့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပြုလုပ်မယ့် ဆုပေးပွဲ ကြော်ငြာပြသချိန်အတွင်းမှာ အကယ်ဒမီ ဆု ၂၄ ခုထဲမှ အချို့ကို ပေးအပ်ဖို့ဆိုတဲ့ အပြောင်းအလဲ တချို့လည်း ပါဝင်ပါတယ်။

ရုပ်ရှင်အကယ်ဒမီအဖွဲ့ရဲ့ အုပ်ချုပ်ရေးဘုတ်အဖွဲ့က “ကမ္ဘာတဝန်းမှာရှိတဲ့ ကျနော်တို့ရဲ့ ကြည့်ရှုသူတွေ အတွက် လက်ခံနိုင် ဖွယ်ရှိတဲ့ အော်စကာဆုတွေကို ပိုမိုပေးအပ်ဖို့နဲ့ အချိန် ၃ နာရီပဲ ပွဲကို ပြုလုပ်ဖို့ ကျနော်တို့ ကတိပြုပါတယ်” လို့ အဖွဲ့ဝင်တွေထံ ပေးပို့တဲ့ စာထဲမှာ ပြောကြားထားပါတယ်။

အခုနှစ် မတ်လမှာ ပြုလုပ်ခဲ့ပြီး ကြာချိန် ၄ နာရီနီးပါးရှိခဲ့တဲ့ အော်စကာဆုပေးပွဲကို ကြည့်ရှုသူ အမေရိကန် ရုပ်သံ ပရိသတ်ဟာ နှစ် ၉၀ ကြာညောင်းခဲ့ပြီဖြစ်တဲ့ အော်စကာသမိုင်းမှာ အနည်းဆုံးဖြစ်တဲ့ ၂၆ ဒဿမ ၅ သန်းသာ ရှိခဲ့ပါတယ်။

အဲဒီ ရုပ်သံထုတ်လွှင့်ခွင့်ဟာ ရုပ်ရှင်လုပ်ငန်းအတွက် အရေးကြီးတဲ့ပြသမှုဖြစ်ပြီး ဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့ ရုပ်ရှင်တွေဟာလည်း များသောအားဖြင့် လက်မှတ်ဝယ်ယူသူတွေကို ဆွဲဆောင်လေ့ ရှိပါတယ်။

အခုလိုမျိုး အပြောင်းအလဲဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ အမျိုးသမီးနဲ့ အော်စကာအဖွဲ့ဝင်တွေမှာ လူနည်းစုတွေ နှစ်ဆတိုးမြှင့်ရေး တောင်းဆိုလာခဲ့ချိန်ကတည်းကစလို့ဆိုရင်တော့ အကြီးမားဆုံး အပြောင်းအလဲ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ အကောင်းဆုံးရုပ်ရှင်ဆန်ခါတင်ဆုကို ၅ ကားကနေ ၁၀ ကားအထိ အရေးအတွက်ကို တိုးမြှင့် လာခဲ့ပါတယ်။

ဒါ့အပြင် မကြာသေးခင်နှစ်များအတွင်းမှာ အော်စကာဆုဟာ ရုံဝင်ငွေတော်တော်များများ ရရှိခဲ့ပြီး နာမည်ကျော်ကြားခဲ့တဲ့ “Star Wars” ရုပ်ရှင်နဲ့ စူပါဟီးရိုးရုပ်ရှင် “Wonder Woman” ရုပ်ရှင်တို့ကိုဆု ကြီးကြီးပေးတာထက် အနုပညာနဲ့ ဖျော်ဖြေမှု ကို အဓိကထားတဲ့ “Moonlight” နဲ့ “The Shape of Water” ရုပ်ရှင်တို့ကို ဂုဏ်ပြုဆုတွေ ပိုမိုပေးအပ်ခဲ့ပါတယ်။

အခုနှစ်မှာ နာမည်ကျော်ကြားခဲ့တဲ့ စူပါဟီးရိုးရုပ်ရှင် “Black Panther” ရုပ်ရှင်ကတော့ အကောင်းဆုံး ရုပ်ရှင် ဆန်ခါတင်စာရင်းမှာ ပါဝင်သင့်တယ်လို့ ပြောဆိုမှုတွေ ရှိနေတာပါ။

သြဂုတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ စာထဲမှာတော့ နာမည်ကျော် ရုပ်ရှင်ရဲ့အောင်မြင်မှုကို အသိအမှတ်ပြုမယ့် ဆုအသစ်အတွက် အသေးစိတ် အချက်အလက်တွေကို ဖော်ပြမထားပေမယ့် ဒုတိယအကြီးဆုံး ဂုဏ်ပြုဆုကို ဖန်တီးဖွယ် ရာရှိနေပြီး “The Black Panther Award” ဆုအဖြစ် ပေးအပ်ဖို့ ရှိနေတာလို့ Twitter မှာ ဝေဖန်သူတွေက ဆိုကြပါတယ်။

Ref:Reuters

The post အော်စကာဆုပေးပွဲမှာ “နာမည်အကျော်ကြားဆုံး ရုပ်ရှင်ဆု” ပေးမယ့် အစီအစဉ် ဝေဖန်ခံနေရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)