Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မိန်းမလျာ ဇာတ်ရုပ်တွေကို အတတ်နိုင်ဆုံး ရှောင်ဖြစ်တယ်”

$
0
0

သရုပ်ဆောင် ညီထွဋ်ခေါင်က မကြာခင် ပါဝင်သရုပ်ဆောင်သွားမယ့် “အထက်တန်းစား” ရုပ်ရှင်မှာ ကန္နားစီးတဲ့ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ဖို့အတွက် နတ်တွေနဲ့ မနီးစပ်တာကြောင့် အခုမှ ထဲထဲဝင်ဝင် လေ့လာနေရတယ်လို့ ပြောပါတယ်။

‘‘အထက်တန်းစား ရုပ်ရှင်မှာ ကိုနေတိုးက ကန္နားစီး ဆရာပေါ့။ ကျနော်က သူ့ရဲ့လက်ထောက် ကန္နားစီး နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာပါ။ နည်းနည်တော့ ဗီလိန်ဆန်တဲ့ ကာရိုက်ကို သရုပ်ဆောင်မှာပါ။ ကန္နားစီးလည်း ဖြစ်တယ်။ စိန်ခေါ်မှုတွေလည်း ဖြစ်လို့ ဒီအထက်တန်းစား ဆိုတဲ့ ဇာတ်ကားလေးကို လက်ခံဖြစ်တာပါ” လို့ သရုပ်ဆောင် ညီထွဋ်ခေါင်က ပြောပါတယ်။

“ဒီကားမှာ ကန္နားစီး ဆိုပေမယ့် မိန်းမလျာဆန်တဲ့ ကန္နားစီး မဟုတ်ဘူး။ လူတိုင်းက ကန္နားစီးကို မိန်းမလျာပဲ ထင်နေကြတာလေ။ မိန်းမလျာပုံစံ မဟုတ်ဘဲ သရုပ်ဆောင်ရမှာပါ။ နတ်ချော့တာတွေ အကတွေ၊ နေပုံထိုင်ပုံတွေကို ပြင်ဆင်ရပါတယ်။ ကန္နားစီးတွေလို ကတဲ့နေရာမှာ ဌာန်ကရိုဏ်းကျဖို့ အတွက် သင်နေပါတယ်။ ကျနော်နတ်တွေနဲ့ မနီးစပ်ဘူး။ အခုမှ ထဲထဲဝင်ဝင် လေ့လာနေ ရပါတယ်’’လို့ ညီထွဋ်ခေါင်က ပြောပါတယ်။

မိန်းမလျာ ဇာတ်ရုပ်တွေနဲ့ ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်တာ များတဲ့ ညီထွဋ်ခေါင်က ပရိသတ်တွေ အထင်လွဲမှာ စိုးတဲ့အတွက် မိန်းမလျာ ဇာတ်ရုပ်တွေကို ရှောင်ထားတယ်လို့လည်း ဆိုပါတယ်။

“ကျနော် မိန်းမလျာဇာတ်ရုပ်တွေကို ပရိသတ်တွေ အထင်လွဲမှာစိုးလို့ မရိုက်ဘူးဆိုပြီး ရှောင်ထားပါတယ်။ ဒီကားမှာလည်း မရိုက်တော့ဘူး၊ ရိုက်မယ်နဲ့ စဉ်းစားနေသေးတယ်။ ကန္နားစီးဗီလိန်မို့ ကျနော်အတွက် စိန်ခေါ်မှုဖြစ်လို့ ရိုက်လိုက်တာပါ။ ဗီဒီယိုတွေကလည်း အခုချိန်မှာ ရိုက်ကူးရတာနည်းနေပြီ။ ရုပ်ရှင်ကားကြီးလည်း တခါတလေမှ လာတဲ့အခါကျတော့လည်း ကျနော်အနေနဲ့က မိန်းမလျာ ဇာတ်ရုပ်တွေ လာတိုင်းလည်း ငြင်းနိုင်အောင် တောင့်ခံနိုင်အောင် ကြိုးစားနေပါတယ်” လို့ ညီထွဋ်ခေါင်က ဆိုပါတယ်။

“အရင်တုန်းက မိန်းမလျာ ကာရိုက်တာနဲ့ သရုပ်ဆောင်လိုက်တော့ ပရိသတ် အားပေးတယ် ဆိုတဲ့ အပေါ်မှာ အခုနောက်ပိုင်း ရိုက်မယ့် ဇာတ်ကားတကားရဲ့ အစာအနေနဲ့ပဲ ဒီကာရိုက်တာလေး ပါခွင့်ရမယ်ဆို ကျနော် မလုပ်တော့ပါဘူး။ ပေါပေါတော့ မရိုက်တော့ဘူး။ ကွာလတီကို ကိုယ့်ဟာ ကိုယ် Control လုပ်ချင်လို့ပါ’’ လို့ ညီထွဋ်ခေါင်က ဆိုပါတယ်။

ညီထွဋ်ခေါင်ဟာ ဇာတ်ကားများစွာမှာ ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နေပြီး မကြာခင်မှာ ရုံတင်ပြသတော့မယ့် “နာနာဘာဝချစ်သူ” ဇာတ်ကားမှလည်း ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။ ညီထွဋ်ခေါင်က Myanmar Idol Sesson 3 သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အဆိုရှင် “ချမ်းမြေ့မောင်ချို” ကို အားပေးတယ်လို့ ဆိုပါတယ်။

The post “မိန်းမလျာ ဇာတ်ရုပ်တွေကို အတတ်နိုင်ဆုံး ရှောင်ဖြစ်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)