Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ထိုင်းကလေးတွေနဲ့ နည်းပြအကြောင်း ရုပ်ရှင်ရိုက်ရန် ကုမ္ပဏီ ၁၂ ခု စိတ်ဝင်စားနေ

$
0
0

ထိုင်း တောဝက် ဘောလုံးအသင်းသား ကလေးငယ်တွေနဲ့ နည်းပြဖြစ်သူတို့ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင် ထမ့်လုံဂူကနေ အံ့အားသင့်ဖွယ် ကယ်ဆယ်ခဲ့ရပုံအကြောင်း အခြေခံပြီး ရုပ်ရှင်နဲ့ ဖြစ်ရပ်မှန် မှတ်တမ်း ရိုက်ကူးဖို့ ကုမ္ပဏီ ၁၂ ခုက စိတ်ဝင်စားနေတယ်လို့ ယဉ်ကျေးမှုဝန်ကြီး Vira Rojpojchanarat က ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းပုဂ္ဂလိက ကုမ္ပဏီတွေကတဆင့် ကုမ္ပဏီ ၁၂ ခုလောက်က အခုလို ကမ်းလှမ်းခဲ့ကြတာပါ။ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက နောက်လ၊ သြဂုတ်လ အစောပိုင်းမှာ ဒီကုမ္ပဏီ ၁၂ ခုနဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ad hoc ကော်မတီက ရုပ်ရှင်ရိုက်ကူးရန် ခွင့်ပြုချက်၊ ကမ္ဘာ့တဝှမ်းကို ဆွဲဆောင် ဖမ်းစားနေတဲ့ ထမ့်လုံဂူကနေ ထိုင်းကလေးငယ်တွေနဲ့ နည်းပြကို ကယ်ထုတ်ပုံ အဆင့်ဆင့်နဲ့ ပတ်သက်တဲ့ အခပေး အစီအစဉ် တွေကို စိစစ်ဆောင်ရွက်ပေးဖို့ အစည်းအဝေးမှာ သဘောတူညီခဲ့ကြပါတယ်။

ဝန်ကြီးချုပ် Prayut Chan-o-cha ကလည်း ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ad hoc ကော်မတီကတဆင့် စိတ်ဝင်တစား လာရောက်ကမ်းလှမ်းကြသူတွေကို ကလေးငယ်တွေနဲ့ သူတို့ရဲ့မိသားစုတွေရဲ့ လွတ်လပ်ခွင့် အခွင့်အရေးကို ချိုးဖောက် ခြင်း ရှိ၊မရှိ သေချာစိစစ်သွားဖို့ လမ်းညွှန်ထားတဲ့အကြောင်း ယဉ်ကျေးမှုဝန်ကြီးက ဆိုပါတယ်။

တခြားအဖွဲ့အစည်းတွေကလည်း ဒီဖြစ်ရပ်မှန်အကြောင်းကို အခြေခံပြီး စာအုပ်ထုတ်ဖို့ ကမ်းလှမ်း ထားတာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ Tham Luang ဂူကနေ ကယ်ဆယ်ရေးလုပ်ခဲ့ရပုံတွေနဲ့ ဆက်စပ်တဲ့ဘယ်လိုကမ်း လှမ်းမှုမျိုးကိုမဆို ad hoc ကော်မတီကတဆင့် စိစစ်သွားမှာဖြစ်ပါတယ်။

အစိုးရပိုင်းကလည်း အခုလို အမျိုးသားရေးအောင်မြင်မှုတခုအနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြောင်းကို မှတ်တမ်း တင်ဖော်ပြဖို့ စီစဉ်နေပြီး ဒီအစီအစဉ်ကို ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ တရုတ်ဘာသာ ၃ မျိုးနဲ့ အောက်တိုဘာလမှာ ထုတ်လွှင့်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်တောဝက်အသင်းသားများ ချင်းရိုင်မှာ ၉ ရက်တာ သာသနာ့ဘောင် ဝင်ပြီ

Ref: Thai PBS

The post ထိုင်းကလေးတွေနဲ့ နည်းပြအကြောင်း ရုပ်ရှင်ရိုက်ရန် ကုမ္ပဏီ ၁၂ ခု စိတ်ဝင်စားနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link