Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အနုပညာလမ်းကြောင်းမှာ “မောင်ချို”ဆိုတဲ့ နာမည်တလုံး ကျန်စေချင်တယ်

$
0
0

Myanmar Idol Season 3 ရဲ့ ဆန်ခါတင် ပြိုင်ပွဲဝင် ၁၁ ဦးထဲမှာ အသက်အငယ်ဆုံး ပြိုင်ပွဲဝင် တယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုက သူမကို ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ “မောင်ချို” ဆိုတဲ့နာမည်ကို သူမရဲ့ အနုပညာလမ်းကြောင်းမှာ ကျန်ခဲ့စေချင်တယ်လို့ ပြောပါတယ်။

“Winner ဖြစ်ဖို့အတွက်ကတော့ မပြောတတ်သေးဘူးပေါ့နော်။ ညီမရဲ့ကြိုးစားမှုလည်း အများကြီး ဆိုင်တော့လေ။ အနုပညာလမ်းကြောင်းပေါ်မှာတော့ မောင်ချိုဆိုတဲ့ နာမည်လေး တလုံးတော့ ကျန်ခဲ့စေချင်ပါတယ်” လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။

ယခင်တပတ်က ပြိုင်ခဲ့တဲ့ Rock တေးသီချင်းများ သီဆိုယှဉ်ပြိုင်မှုမှာတော့ ဒိုင်တဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ရဲ့ သုံးသပ်ချက်အပေါ် ပရိသတ်များက ဝေဖန်မှုများရှိခဲ့ပြီး အဲ့ဒီသုံးသပ်မှုအတွက် နားလည်မှု မလွဲစေချင်ဘူးလို့လည်း ချမ်းမြေ့မောင်ချိုက ပြောပါတယ်။

“အန်ကယ်က ကောင်းစေချင်လို့ ပြောတာဖြစ်တဲ့အတွက် ညီမကတော့ အန်ကယ်စကားကို နားထောင်တယ်။ အန်ကယ် ပြောတဲ့စကားက ပိုပြီးကြိုးစားချင်စိတ်လည်း ဖြစ်တယ်။ နားလည်မှု လွဲနေတဲ့သူတွေကိုလည်း ပရိသတ်ကြီး ချစ်တဲ့မောင်ချိုကို ကောင်းစေချင်လို့ ပြောတာဖြစ်တဲ့အတွက် အန်ကယ့်ကိုလည်း နားလည်မှု မလွဲစေချင်ဘူး” လို့ ချမ်းမြေ့မောင်ချိုက ဆိုပါတယ်။

ပြိုင်ပွဲအတွင်း ချမ်းမြေ့မောင်ချို တေးသီချင်း သီဆိုတဲ့အခါများမှာ စာသားမေ့ကျန်ခဲ့တာတွေကြောင့် ပရိသတ်များက ဝေဖန်ကြတဲ့အပေါ်မှာလည်း ချမ်းမြေ့မောင်ချိုက အခုလို ဆိုပါတယ်။

“မမှားအောင်တော့ အကောင်းဆုံးတော့ ပြင်ဆင်တယ်။ ဘယ်သူမှတော့ မမှားချင်ဘူး။ ဒါပေမယ့် ခြေချော် လက်ချော်လေးတွေ ဖြစ်ခဲ့တယ်။ အဲဒီပေါ်မှာလည်း ပြန်ကြည့်ရင် စိတ်မကောင်းဘူး။ ကိုယ့်ကိုယ်ကိုလည်း ဒေါသထွက်မိတယ်။ မမှားသင့်တဲ့ အမှားတွေ ဖြစ်တဲ့အတွက် အားမရဘူး။ ဒီအပေါ်မှာ ကြည့်လိုက်တယ်။ ဘာမှားလဲ နောက်တပတ်ကျရင် ပြင်မယ်ဆိုပြီး ပြင်လာခဲ့တာပါ” လို ချမ်းမြေ့မောင်ချိုက ပြောပါတယ်။

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲကြီးကတော့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့ပြီး ယခုအခါမှာတော့ ပြိုင်ပွဲဝင် ၄ ဦးသာ ကျန်ရှိပြီး ယနေ့ည ကျင်းပမယ့် ပြိုင်ပွဲနေ့မှာတော့ ထွက်ခွာသွားရပြီဖြစ်တဲ့ ပြိုင်ပွဲဝင်များထဲမှ ပရိသတ်တွေရဲ့ မဲပေးမှုနဲ့ ပြိုင်ပွဲဝင် နောက်ထပ် တဦးကို Pantene Wild Card နဲ့ ပြန်လည်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

အဆိုတော် အိအိရဲ့ သမီးဖြစ်သူ ပြိုင်ပွဲဝင် အဆိုရှင် ချမ်းမြေ့မောင်ချိုကတော့ ဒီနှစ် “Myanmar Idol” Season 3 ပြိုင်ပွဲကြီးရဲ့ အသက်အငယ်ဆုံးနဲ့ လူအများရဲ့ စိတ်ဝင်စားကိုခံရပြီး ဝေဖန်မှုစွာ ခံရတဲ့ ပြိုင်ပွဲဝင်တယောက် ဖြစ်ပါတယ်။

The post အနုပညာလမ်းကြောင်းမှာ “မောင်ချို” ဆိုတဲ့ နာမည်တလုံး ကျန်စေချင်တယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)