Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မင်းသား Park Bo Gum နဲ့အတူ ဇာတ်လမ်းတွဲတခုမှာ မြင်တွေ့ရဦးမယ့် မင်းသမီး Song Hye-Kyo

$
0
0

မြန်မာနိုင်ငံမှာ “အွန်စော” လို့ လူသိများတဲ့ မင်းသမီး Song Hye- Kyo ကတော့ ရုပ်သံဇာတ်လမ်းတွဲမှာ ပြန်လည် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ မင်းသမီးဟာ “Boyfriend” လို့အမည်ရတဲ့ ဒရာမာတခုမှာ ခေါင်းဆောင် မင်းသမီး နေရာကနေ ပါဝင်ဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက မင်းသမီး Song ရဲ့ခင်ပွန်းဖြစ်တဲ့ မင်းသား Song Joong Ki ရဲ့ သူငယ်ချင်း မင်းသား Park Bo Gum က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ဖို့ ဆွေးနွေးနေတာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ဆွေးနွေးနေဆဲဖြစ်တဲ့ အဆင့်လို့သာဆိုပေမယ့် သူတို့နှစ်ဦးလုံးဟာ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီး နေရာကနေ ပါဝင်မှာဖြစ်တယ်လို့ ဒရာမာရိုက်ကူးရေး ဝန်ထမ်းတဦးက အတည်ပြု ပြောဆိုထားပါတယ်။ အဲဒီ ဒရာမာ ဇာတ်လမ်းတွဲကိုတော့ လာမယ့် ဒီဇင်ဘာလက စလို့ ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ အဆိုပါ ဝန်ထမ်းက ထပ်မံ အတည်ပြု ပြောကြားပါတယ်။

မင်းသား Park ဟာ ဒီဇတ်လမ်းတွဲမှာ ပါဝင်ဖို့ ပြီးခဲ့တဲ့ မေလလောက်ကတည်းက ဆွေးနွေးနေခဲ့တာဖြစ်ပြီး သူရဲ့ အေဂျင်စီဖြစ်တဲ့ Blossom Entertainment ကတော့ ကမ်းလှမ်းချက်ကို မင်းသားက လက်ခံထားတယ်လို့ အတည်ပြု ထားပါတယ်။ ဒါပေမယ့် အေဂျင်စီကတော့ အခုအချိန်မှာ ဘာကိုမှ အတည်မပြုနိုင်သေးဘူးလို့ ပြောဆိုထားပါတယ်။

အဆိုပါ ဒရာမာကို tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် အဲဒီရုပ်သံလိုင်းကတော့ အဲဒီ သတင်းကို ငြင်းဆိုထားပါတယ်။ tvN ရုပ်သံလိုင်းရဲ့ သတင်းရင်းမြစ်တခုက “’Boyfriend’ ဇာတ်လမ်းတွဲကို tvN ရဲ့ အစီအစဉ်တွေထဲမှာ ထည့်သင့်၊ မထည့်သင့် ဆွေးနွေးနေဆဲ အဆင့်သာရှိပါသေးတယ်။ အတည်မပြုနိုင်သေးပါဘူး” လို့ ပြောကြားထားပါတယ်။

မင်းသမီး Song Hye-Kyo ဟာ ဒီဇာတ်လမ်းတွဲထဲမှာ ချမ်းသာတဲ့မိသားစုတခုရဲ့ တခုလပ်အမျိုးသမီး Cha Soo-Hyun အဖြစ် ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့မိခင်ဟာ ချမ်းသာတဲ့အမျိုးသားတဦးနဲ့ လက်ထပ်ပေးခဲ့ပြီး မကြာခင် ကလေးတယောက် ရရှိခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မင်းသား Park ကတော့ အလုပ်တခုရရှိဖို့ ကြိုးစားရုန်းကန်နေရတဲ့ သာမန်အမျိုးသားတဦးဖြစ်တဲ့ Kim Jin-Hyuk ဆိုတဲ့ ဇာတ်ကောင် နေရာကနေ ပါဝင်မှာဖြစ်ပါတယ်။ ကုမ္ပဏီပေါင်းများစွာမှာ အလုပ်လျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီးတဲ့ နောက်မှာ ခရီးတခုထွက်ရာကနေ Soo-Hyun နဲ့ ဆုံစည်းခဲ့တာပဲဖြစ်ပါတယ်။

Ref: ibtimes

The post မင်းသား Park Bo Gum နဲ့အတူ ဇာတ်လမ်းတွဲတခုမှာ မြင်တွေ့ရဦးမယ့် မင်းသမီး Song Hye-Kyo appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ