Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Mr. Sunshine” ဇာတ်လမ်းတွဲအတွက် ဒေါ်လာ ၃ ဒဿမ ၂ သန်း ရရှိမယ့် လီဗြောင်ဟွန်း

$
0
0

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ရုပ်သံလိုင်းတခုဖြစ်တဲ့ tvN က “Mr. Sunshine” ဇာတ်လမ်းတွဲအတွက် အဓိက သရုပ်ဆောင် မင်းသား Lee Byung Hun (လီဗြောင်ဟွန်း) ရရှိမယ့် သရုပ်ဆောင်ကြေးပမာဏ သတင်းတွေကို မှတ်ချက်ပေး ပြောဆိုသွားခဲ့ပါတယ်။

မင်းသား Lee ဟာ ဇာတ်လမ်းတွဲ အပိုင်းတခုကို ဝမ်သန်း ၁၅၀ (ဒေါ်လာ ၁၃၄၇၀၀ ခန့်) ရရှိတယ်ဆိုတဲ့ သတင်းတွေကို တုံ့ပြန်ပြောဆိုတဲ့နေရာမှာတော့ မင်းသားကို ပေးချေရတဲ့ ငွေကြေးကတော့ သူတို့စစ်ဆေးလို့ မရကြောင်း “Seoul Economic Daily Star” မီဒီယာကို tvN ရုပ်သံလိုင်းက ပြောဆိုသွားခဲ့ပါတယ်။

အဲဒီသတင်းရဲ့အဆိုအရ မင်းသား Lee ဟာ အပိုင်း ၂၄ ပိုင်းပါဝင်မယ့် “Mr. Sunshine” ဇာတ်လမ်းတွဲအတွက် ဝမ် ၃ ဒဿမ ၆ ဘီလီယံ (ဒေါ်လာ ၃ ဒဿမ ၂ သန်းခန့်) ရရှိမယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲ စတင် မပြသမီမှာတော့ “Mr. Sunshine” ဇာတ်လမ်းတွဲဟာ ကြီးမားတဲ့ ထုတ်လုပ်မှုစရိတ်နဲ့ သရုပ်ဆောင် အင်အားကြောင့် ပရိသတ်စိတ်ဝင်စားမှုကို တော်တော်လေး ရရှိနေတာပါ။

ဇာတ်လမ်းတွဲ ထုတ်လုပ်ရေး ကုန်ကျငွေထဲမှာ ဝမ်ဘီလီယံ ၄၀ လောက် ရင်းနှီး မြှုပ်နှံ ထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဒီဒရာမာကို နာမည်ကျော် ဇာတ်ညွှန်းရေးဆရာမ Kim Eun Sook က ရေးသားပေးထားပြီး နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Kim Tae Ri, Yoo Yeon Seok, Kim Min Jung နဲ့ Byun Yo Han တို့ကလည်း ပါဝင် ထားကြတာပါ။

ဒရာမာအတွက် မြင့်မားတဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ထွက်ပေါ်လာပြီး နောက်မှာတော့ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ အနုပညာကြေးနဲ့ ပတ်သက်လို့ ပရိသတ်တော်တော်များများ ရဲ့ သိလိုစိတ်ကလည်း မြင့်တက် လာပါတယ်။

“Mr. Sunshine” ဇာတ်လမ်းတွဲဟာ ၁၈၇၁ ခုနှစ်မှာ စစ်သင်္ဘောတစင်းနဲ့ အမေရိကန်နိုင်ငံကို ထွက်ခွာသွားခဲ့ ပြီးတဲ့နောက် အမိမြေ ကိုရီးယားနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ကိုရီးယားအမျိုးသားတဦး အကြောင်း ဇာတ်အိမ်တည်ထားတဲ့ သမိုင်းနောက်ခံ ဒရာမာ တခုလည်း ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲကိုတော့ “Lawless Lawyer” ဒရာမာ ဇာတ်သိမ်း ပြီးတဲ့နောက် ဇူလိုင်လ ၇ ရက်နေ့၊ ကိုရီးယားစံတော်ချိန် ည ၉ နာရီကစလို့ စတင်ထုတ်လွှင့်ပြသမှာပဲ ဖြစ်ပါတယ်။

Ref:soompi

The post “Mr. Sunshine” ဇာတ်လမ်းတွဲအတွက် ဒေါ်လာ ၃ ဒဿမ ၂ သန်း ရရှိမယ့် လီဗြောင်ဟွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ