Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Toilet – Part 2” ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတဲ့ ဘောလိဝုဒ်မင်းသား Akshay Kumar

$
0
0

“Toilet – Ek Prem Katha” ရုပ်ရှင်မှာ အောင်မြင်ခဲ့ပြီးတဲ့နောက်ပိုင်း ဘောလိဝုဒ်မင်းသား Akshay Kumar ကို Toilet 2 ရုပ်ရှင်မှာ ထပ်မံမြင်တွေ့ရဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ မင်းသား Akshay က “နောက်ထပ် နာမည်ကျော်မယ့် ရုပ်ရှင်အတွက် အဆင်သင့်ဖြစ်မယ့် အချိန်ရောက်ပါပြီ။ Mission #Toilet2။ တိုင်းပြည်တခုလုံးက ဒီအချိန်မှာ ပြောင်းလဲရမှာပါ။ မကြာမီလာပါမယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

အဲဒီမှာ ဗီဒီယိုအတိုလေးတခုကို ဝေမျှခဲ့ပြီး သူက “ကျနော်တို့ အိမ်သာကို ဖန်တီးခဲ့ပါပြီ။ ဒါပေမယ့် ဇာတ်လမ်းကမပြီးသေး ပါဘူး။ ‘Toilet’ part 2 နဲ့ ကျနော် မကြာခင်ပြန်လာခဲ့ပါ့မယ်” လို့ အဲဒီဗီဒီယိုထဲမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောကြားခဲ့တာ မရှိပါဘူး။

အိန္ဒိယဝန်ကြီး ချုပ် Narendra Modi ရဲ့ Swachh Bharat Abhiyan ကမ်ပိန်း အကြောင်းပုံဖော်ထားတဲ့ Toilet – Ek Prem Katha ကြောင့် ရုပ်ရှင်တခုဟာ လူဦးရေအချိုးအစားနဲ့ ဘာသာစကားအတားအဆီးကို ကျော်လွန်နိုင်ပုံတွေအကြောင်း ပုံဖော်ပြ နိုင်ခဲ့ပါတယ်။

အဲဒီရုပ်ရှင်မှာတော့ တကိုယ်ရည်ကျန်းမာသန့်ရှင်းမှုအတွက် ရင်ဆိုင်ရမယ့် အမျိုးသမီးတဦးရဲ့ အကြောင်း ပုံဖော်ထားပြီး မင်းသား Akshay နဲ့ မင်းသမီး Bhumi Pednekar တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Plan C Studios နဲ့ပေါင်းပြီး Reliance Entertainment ကနေ ဖြန့်ချိခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ တရုတ်ပြည်မကြီး အပါအဝင် နိုင်ငံရပ်ခြားဈေးကွက်တွေအထိ ဝန်ကြီးချုပ် Modi ရဲ့ သတင်းစကားကို ဖြန့်ဝေလျက်ရှိနေပါတယ်။

ဥရောပတိုက်တခုတည်းမှာတင် နိုင်ငံပေါင်း ၂၂ ခုကို ဖြန့်ချိခဲ့ပြီး တကမ္ဘာလုံးမှာတော့ နိုင်ငံပေါင်း ၅၀ ကျော်ကို ဖြန့်ချိခဲ့ ပါတယ်။ နိုင်ငံတကာမှာနေထိုင်ကြတဲ့ အိန္ဒိယနိုင်ငံသားတွေနဲ့ အခြားပရိသတ်တွေထံကနေ ကြိုဆိုတဲ့ တုံ့ပြန်ချက်တွေ ကိုလည်း ရရှိခဲ့ပါတယ်။ ဂျပန်နဲ့ မယ်လ်တာလိုမျိုး နိုင်ငံတွေမှာတော့ ရုပ်ရှင်ကို အကြိမ်ပေါင်း များစွာ ပြသခဲ့ရပါတယ်။

“Toilet – Ek Prem Katha” ရုပ်ရှင်ကိုတော့ တရုတ်ပြည်မကြီးမှာ တရုတ်မန်ဒရင်း ဘာသာနဲ့ ဖြန့်ချိခဲ့ပြီး အခုလ အစော ပိုင်းအထိ အကြိမ်ပေါင်း ၁၂၀၀၀ ကျော် ပြသခဲ့ရပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စတင်ပြသခဲ့တဲ့ သီတင်းပတ်မှာတော့ ရုံဝင်ငွေ ဇယားမှာ ထိပ်ဆုံးကနေ ရပ်တည်နေပြီး ဇွန်လ ၈ ရက်ကစလို့ တရုတ်ဈေးကွက်တခုတည်းမှာတင် ရူပီး ကုဋေ ၁၀၀ ရရှိထားပြီး ဖြစ်ပါတယ်။

Ref: indianexpress

The post “Toilet – Part 2” ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတဲ့ ဘောလိဝုဒ်မင်းသား Akshay Kumar appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ