Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“နှလုံးသားကကြီးရင် နှလုံးသားကအရာရာကို အနိုင်ယူတယ်” လို့ ဆိုတဲ့ ရွှေမှုံရတီ

$
0
0

အသက် ၁၃နှစ်အရွယ်ထဲက အနုပညာလောကထဲဝင်ရောက်လာခဲ့ပြီး အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီး ရွှေမှုံရတီက လတ်တလောရုံတင်ထားတဲ့ “ငဒူ” ဇာတ်ကားမှာ မြင့်မြတ်နဲ့ အတူသရုပ်ဆောင်ထားပါတယ်။ ရွှေမှုံရတီက ဒီဇာတ်ကားကို ကြည့်ပြီး “နှလုံးသားကကြီးရင် နှလုံးသားက အရာရာကို အနိုင်ယူတယ်” လို့ ဆိုပါတယ်။

“ အခုရုံတင်မယ့် ငဒူ ဇာတ်ကားလေးကိုကြည့်ပြီး အရမ်းသဘောကျတယ်။ ဇာတ်ကလည်း ဟာသကားမဟုတ်ဘဲနဲ့ ချစ်စရာကောင်းပြီး ရယ်ရတာလေးဆိုတော့ အင်မတန်ကြည်နူးပြီး စိတ်မကောင်းဖြစ်ရတဲ့ ကားလေးပါ။ ငဒူဇာတ်ကောင် အပေါ် ခံစားမိတာက နှလုံးသားလှတဲ့ လူတယောက်လို့ မြင်တယ်။ အဲ့ဒီဇာတ်ကားထဲမှာ ပြောသွားသလိုပဲ အတ္တတွေ ဦးနှောက်တွေ ကြီးတာထက် နှလုံးသားကကြီးရင် နှလုံးသားကအရာရာကို အနိုင်ယူသွားတယ်” လို့ ရွှေမှုံရတီက ဆိုပါတယ်။

ရွှေမှုံရတီက လက်တလောအချစ်ရေးနဲ့ ပတ်သက်ပြီးလည်း တယောက်တည်းဖြစ်နေတယ်လို့ အသိပေးပြောဆိုထားပြီး တယောက်တည်းဖြစ်နေတဲ့အတွက် အလုပ်များများပိုလုပ်နိုင်တယ်လို့လည်း ဖြေဆိုထားဖူးပါတယ်။

“ကိုယ်တိုင်ကတော့ နှလုံးသားလည်း သူ့ဆိုဒ်နဲ့သူပဲ၊ အတ္တကလည်း သူ့ဆိုဒ်နဲ့သူပဲ ။ ဦးနှောက်ကလည်း သူ့ဆိုဒ်နဲ့ သူ၊ မာနကလည်း သူ့ဆိုဒ်နဲ့ သူလေ။ ကိုယ့်ရဲ့ Emotional တိုင်းက level မျှတယ်။ အဲ့တော့ အဆင်ပြေပါတယ်။ ညီမသာ အပြင်မှာ ငဒူလို လူကို တွေ့ခဲ့ရင် အတိုင်းထက်အလွန် ကူညီမိလိမ့်မယ်။ ညီမနှလုံးသားလှတဲ့သူတွေကို အရမ်းလေးစား တယ်။ အချို့အရာတွေက ကိုယ့်မှာမရှိတဲ့ အရာတွေ သူတို့ပိုင်ဆိုင်ထားတာ အများကြီးရှိတယ်” လို့ ရွှေမှုံရတီက ဆိုပါတယ်။

ရွှေမှုန်ရတီက လတ်တလောမှာ ဇာတ်ကားပေါင်းများစွာမှာ သရုပ်ဆောင်နေပြီး ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး လက်ဝတ်ရတနာဆိုင်ကြော်ငြာတခုကို ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။

The post “နှလုံးသားကကြီးရင် နှလုံးသားကအရာရာကို အနိုင်ယူတယ်” လို့ ဆိုတဲ့ ရွှေမှုံရတီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ