Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဆရာဝန်တွေအကြောင်းကိုယ်တွေ့ဇာတ်လမ်း ရိုက်ကူးပုံဖော်ဖို့ရှိတဲ့ “ဒါရိုက်တာ မင်းခိုက်စိုးစံ”

$
0
0

စာရေးဆရာ ဒါရိုက်တာမင်းခိုက်စိုးစံက ဇာတ်လမ်းများဖန်တီးရာမှာ ရိုးရိုးလူနေမှုဘဝတွေကို ဖန်တီးတာထက် ပရော်ဖက်ရှင်နယ် အကြောင်းအရာတွေကို ဖန်တီးရတာ အားသန်တယ်လု့ိ ပြောပါတယ်။

“ကျနော် ရိုးရိုးလူနေမှုဘဝတွေကို ဖန်တီးတာထက် ပရော်ဖက်ရှင်နယ်တခုခု ပြီးခဲ့တဲ့ “ပန်းနှစ်ပွင့်စီးချင်း” မှာဆိုရင် ရှေ့နေတွေအကြောင်း၊ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ကို ဖန်တီးတဲ့အခါမှာ သူတို့လျှောက်လှမ်းရတာ ဘယ်လောက် ခဲယဉ်းတယ်။ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရတယ်ဆိုတဲ့အကြောင်း အဲဒါမျိုးလေးတွေကို ဖော်ပြရတာ အားသန် ပါတယ်” လို့ မင်းခိုက်စိုးစံက ပြောပါတယ်။

မကြာခင်မှာလည်း မင်းခိုက်စိုးစံ ဇာတ်လမ်းရေးသားကာ ဒါရိုက်တာအဖြစ် ရိုက်ကူးမယ့် “Hospital Diary” အမည်ရှိ ဇာတ်လမ်းတွဲမှာလည်း ဆရာဝန်များရဲ့ အကြောင်း ၊ ဆရာဝန်များရဲ့ခံစားချက်နှင့် ကျန်းမာရေးဝန်ထမ်းများ ၊ လူနာရှင်များရဲ့ အကြောင်းအရာများကို ထည့်သွင်းရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံတကာမှာ အောင်မြင်တဲ့ ဇာတ်လမ်းတွဲတွေရှိတယ်ဗျ။ သူတို့ဟာ ရသအနေနဲ့လည်း ပရိသတ်ရင်ထဲကို ရောက်တယ်။ ပြီးတော့ ကျန်းမာရေးအနေနဲ့ Message ပါတခါတည်းပါသွားတယ်။ ကျနော်က အဲဒီလိုမျိုးဖြစ်စေချင် တာပါ။ ဒါကြောင့် ဒီဇာတ်လမ်းတွဲထဲမှာ ဆရာဝန်တွေအကြောင်းကို ဆရာဝန်တွေရဲ့ခံစားချက် ၊ နာကျင်ရတဲ့ အစိတ် အပိုင်းတွေ အဲဒါတွေကို ဖော်ပြချင်လို့ ဒီဇာတ်လမ်းတွဲကို ရိုက်တာပါ” လို့ဒါရိုက်တာ မင်းခိုက်စိုးစံက ပြောပါတယ်။

အဲဒီ ဇာတ်လမ်းတွဲထဲမှာတော့ သရုပ်ဆောင် အောင်မြင့်မြတ် ၊ စွမ်းထက် ၊ မြတ်သူအောင် ၊ သူရထူး ၊နွယ်ဒါလီထွန်း ၊ ဂုဏ်ရည်အေးကျော် နှင့် တခြားအနုပညာရှင်များ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ များစွာသော ဆရာဝန်တွေရဲ့ ကာရိုက်တာကို တွေ့မြင်ရမှာဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံ ၂ခုလည်းပါရှိတယ်လို့ သိရပါတယ်။

“ကျနော့်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံ ၂ခုပါပါတယ်။ ကျန်တာတွေကတော့ ကျနော့်ဆရာတွေ ပြောပြတဲ့ အကြောင်းအရာတွေ ကျနော်တို့ ဖတ်ထားတဲ့ ဆေးလောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေ ၊ ကျနော့် မိတ်ဆွေ ဆရာဝန်တွေ ဆေးလောကမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေရဲ့ အတွေ့အကြုံတွေ၊ ရင်နာခဲ့ရ တာတွေ၊ နိုင်ငံတကာမှာ ဖြစ်ခဲ့ဖူးတဲ့ ဆေးလောကမှာ ထင်ရှားတဲ့ အကြောင်းအရာတွေကို ဇာတ်လမ်းထဲမှာ ထည့်ထား ပါတယ်” လို့ မင်းခိုက်စိုးစံက ပြောပါတယ်။

ထပ်မံပြီးတော့လည်း ဒါရိုက်တာမင်းခိုက်စိုးစံအနေနဲ့ ဇာတ်လမ်းများကို ဆက်လက်ရိုက်ကူးသွားဖို့ရှိပြီး တခြားသူများအတွက်လည်း ဇာတ်လမ်းများရေးသားပါလျက်ရှိတယ်လို့ သိရပါတယ်။

“ကျနော်ပြင်ဆင်နေတာတွေ ရှိပါတယ်။ လတ်တလောတော့ ပြောလို့မရသေးပါဘူး။ ရိုက်စရာလေးတွေ ရှိပါသေး တယ်။ ကျနော်နဲ့ ကျနော့်ညီမ၂ယောက်ပေါင်းပြီးတော့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်အတွက် ရေးပေးနေတာ ရှိပါတယ်။ ဒါရိုက်တာ ကျော်ဇောလင်းအတွက် ရေးပေးနေတာလည်းရှိပါတယ်”

“ဒါရိုက်တာညွှန့်မြန်မာညီညီအောင် အတွက် ကယန်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုသဘောသဘာဝတွေကို အခြေခံထားပါ တယ်။ ပြီးတော့ မိသားစုဆိုတဲ့ အဓိပ္ပါယ်လေးကို အဓိကထားပြီးရေးဖွဲ့ထားတာဖြစ်ပါတယ်”လို့ ဒါရိုက်တာ မင်းခိုက်စိုးစံက ပြောပါတယ်။

The post ဆရာဝန်တွေအကြောင်းကိုယ်တွေ့ဇာတ်လမ်း ရိုက်ကူးပုံဖော်ဖို့ရှိတဲ့ “ဒါရိုက်တာ မင်းခိုက်စိုးစံ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)