Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကမ္ဘာ့နိုင်ငံတော်တော်များများကို ရောင်းချထားတဲ့ ကိုရီးယားရုပ်ရှင် “The Spy Gone North”နဲ့ “Herstory”

$
0
0

ကိုရီးယားလျှို့ဝှက်ထောက်လှမ်းရေး သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်တဲ့ “The Spy Gone North” ကို ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၁၁၁ နိုင်ငံကို ရောင်းချထားပြီးဖြစ်တဲ့အကြောင်း ရုပ်ရှင်ဖြန့်ချိရေးက ဇွန်လ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါရိုက်တာ Yoon Jong-bin ကရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ဟာ ပြီးခဲ့တဲ့ မေလမှာ ကျင်းပခဲ့တဲ့ ၇၁ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပရိသတ်ရဲ့ မတ်တပ်ရပ် လက်ခုပ်တီး အားပေးတာကို ခံခဲ့ရပါတယ်။

သတင်းတွေရဲ့အဆိုအရ မကြာမီပြသတော့မယ့် ရုပ်ရှင်ကို စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ပြင်သစ်၊ ပိုလန် ဗြိတိန်နဲ့ စပိန်နိုင်ငံတို့အပါအဝင် အမေရိက၊ အာရှနဲ့ ဥရောပနိုင်တွေရဲ့ ဖြန့်ချိရေးအဖွဲ့တွေကို ရောင်းချထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

သြစတေးလျ၊ နယူးဇီလန်၊ ဟောင်ကောင်၊ ဂျပန်နှင့် ထိုင်ဝမ်တို့မှာ ရုပ်ရှင် ပြသမယ့်ရက်ကိုတော့ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ CJ E&M ကုမ္ပဏီက ဆိုပါတယ်။

သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hwang Jung-min, Lee Sung-min, Cho Jin-woong နဲ့ Ju Ji-hoon တို့ပါဝင်ထားကြတဲ့ အဲဒီရုပ်ရှင်ဟာ “Black Venus” ဆိုတဲ့ လျှို့ဝှက်နာမည်ကို အသုံးပြုပြီး မြောက်ကိုရီးယား နိုင်ငံမှာရှိတဲ့ နျူကလီးယား စက်ရုံတွေထဲ ထိုးဖောက်ဝင်ရောက်ဖို့ ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တဦး အယောင်ဆောင်ပြီး လုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယား စပိုင်တဦးကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။

၁၉၉၇ ခုနှစ် တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လစ်ဘရယ်ပါတီမှာ အမတ်လောင်း Kim Dae-jung ကို ကာကွယ်ပေးဖို့ လျှို့ဝှက်သဘောတူညီချက် လုပ်ခဲ့ကြတဲ့ တောင်မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦးအကြောင်းကို သိရှိခဲ့ပြီးတဲ့နောက် ပဋိပက္ခတချို့နဲ့ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းကစလို့ ဇာတ်လမ်းစထားပါတယ်။

မင်းသမီးကြီး Kim Hee-ae ပါဝင်ထားတဲ့ “Herstory” ရုပ်ရှင်ကိုတော့ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဘရူနိုင်း၊ သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံတို့ကို ရောင်းချထားရပြီးဖြစ်တယ်လို့ ဖြန့်ချိရေး ကုမ္ပဏီက ဆိုပါတယ်။

အဲဒီရုပ်ရှင်ကိုတော့ စင်ကာပူ၊ သြစတေးလျ၊ နယူးဇီလန်နဲ့ ထိုင်ဝမ်တို့မှာ ဇူလိုင်လ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တို့မှာ ပြသဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ Next Entertainment World ကုမ္ပဏီကဆိုပါတယ်။

ဒါရိုက်တာ Min Kyu-dong ရိုက်ကူးထားတဲ့အဲဒီရုပ်ရှင်ဟာ ဒုတိယကမ္ဘာစစ်ကာလက ဂျပန်စစ်သားတွေအတွင်း လိင်ကျွန်(သို့) အလုပ်သမားအနေနဲ့ အဓမ္မစေခိုင်းခံရတဲ့ ကိုရီးယားအမျိုးသမီး ၁ဝ ဦးအဖွဲ့က ၁၉၉ဝ ပြည့်လွန် နှစ်တွေမှာ ဂျပန်နိုင်ငံ Shimonoseki မှာ လျော်ကြေးရရှိရေးတရားစွဲတဲ့အကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။

ခြောက်နှစ်ကြာခဲ့တဲ့ အဲဒီ့အမှုကြောင့် သမိုင်းမှာပထမဆုံးအနေနဲ့ အဓမ္မစေခိုင်းခံခဲ့ရသူ တွေကို နစ်နာကြေးပေးဖို့ ဂျပန်အစိုးရအစိုးရကို အမိန့်ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ကိုရီးယားမှာ ရုံတင်ပြသနေပြီ ဖြစ်တဲ့ “Herstory” ရုပ်ရှင်ကတော့ အဖွင့်ပွဲနေ့မှာ ပရိသတ် ၄ သောင်း ၄ ထောင်ကျော် လာရောက်ကြည့်ရှုပြီး ရုံဝင်ငွေ တတိယမြောက်အများဆုံးနေရာမှာ ရပ်တည်နေပါတယ်။

Ref: yonhapnews

The post ကမ္ဘာ့နိုင်ငံတော်တော်များများကို ရောင်းချထားတဲ့ ကိုရီးယားရုပ်ရှင် “The Spy Gone North” နဲ့ “Herstory” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ