Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အသည်းရောင်စီပိုး ဖြစ်တဲ့အတွက် အနုပညာအလုပ်နဲ့ ဝေးသွားခဲ့ရသူ ဖိုးဖြူ

$
0
0

ရယ်စရာ ပြက်လုံးတွေနဲ့ ပရိသတ်ကိုရ ယ်မောစေပြီး ကျရာဇာတ်ရုပ်မှာလည်း ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ လူရွှင်တော်၊ ဟာသ သရုပ်ဆောင်ဖိုးဖြူက အခုချိန်မှာ ကျန်းမာရေး အခြေအနေကြောင့် အနုပညာလုပ်ငန်းများကို လုပ်ကိုင်လာတာ နည်းပါးလာတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ကျနော် လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်က ရောဂါ ဖြစ်တယ်။ ဖြစ်တာ အသည်းရောင်အသားဝါ စီပိုးပါ။ အသည်းရောင် အသားဝါကို ကုရင်းနဲ့ ပိုဆိုးလာတယ်။ ကျနော့်ကို ဆရာဝန်က ၃ ရက်လောက်ပဲ ခံမယ် ဆိုတဲ့အထိ ဖြစ်သွားတယ်။ အဲဒီကနေ ဘယ်လိုပြောရမလဲ၊ သေကံမရောက် သက်မပျောက် ဆိုသလိုပေါ့။ ပြန်ကောင်းလာတယ်။ အခုဆိုလည်း ဘာရောဂါမှ မရှိတော့ဘူး။ ကျနော် အနုပညာနဲ့ အဓိကဝေးရခြင်း အကြောင်းအရင်းက ဒီ အသည်းရောင်အသားဝါ စီပိုး ကြောင့်ပါ” လို့ ဖိုးဖြူက ဧရာဝတီကို ပြောပါတယ်။

“ဒီရောဂါက လူတွေကို သေစေတယ်။ ရောဂါဒုက္ခ ပေးတဲ့အတွက် အခု ကျနော် ပရဟိတလေးတခု လုပ်နေပါတယ်။ အဲ့တာကြောင့် အနုပညာအလုပ်တွေ လုပ်ကိုင်မှု နည်းနေတာပါ’’ လို့လည်း ဖိုးဖြူက ဆိုပါတယ်။

သရုပ်ဆောင် ဖိုးဖြူဟာ တချိန်က ရုပ်ရှင်ဇာတ်ကားများစွာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တဦးပါ။ ဒါပေမယ့် အခုလက်ရှိမှာတော့ ကျန်းမာရေး အခြေအနေကြာင့် အနုပညာအလုပ်ကို စီးပွားရေးအနေနဲ့ မလုပ်ဖြစ်တော့ဘဲ အလျဉ်းသင့်သလိုသာ ပါဝင်သရုပ်ဆောင် ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော် ပရဟိတလေး လုပ်နေတယ်။ ဘီပိုး စီပိုးဖြစ်တဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေ၊သီလရှင်တွေ ၊ဘုန်းကြီးတွေ၊ ယုံကြည်ချက် အကျဉ်းကျပြီး ပြန်လာတဲ့သူတွေကို ဘီပိုးစီပိုး ကုပေးတယ်။ ကုပေးတယ်ဆိုတာ အလကားတော့ ကုပေးတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူကဈေးကြီးတယ်။ ကျနော်က ပံ့ပိုးကူညီတဲ့အနေနဲ့ ပရဟိတ လုပ်ပေးတယ်။ ကျနော်ဆီကနေ ဘာတွေ ကူညီပေးလဲဆိုရင် အသည်းဆရာဝန်ကြီး၊ အတိုင်ပင်ခံ ဆရာဝန်ကြီးကိုယ်တိုင် တာဝန်ယူပြီး ကုပေးတယ်” လို့ ဖိုးဖြူက ဆိုပါတယ်။

“ဒီရောဂါတွေဖြစ်ရင် ဆေးတွေ စစ်ရတယ်။ ဆေးတွေ စစ်ရင် မြန်မာပြည်မှာ နာမည်ကြီးတဲ့ ဆေးစစ်တဲ့ ဆေးခန်းမှာ ကျနော့် လက်မှတ်နဲ့ တံဆိပ်တုန်းပါရင် တဝက်ခရအောင် လုပ်ပေးထားတယ်။ ဆေးတွေသောက်ရမယ် ဆိုရင် ကုမ္ပဏီတွေနဲ့ ညှိပြီးဆေးတွေကို ဈေးအရင်းတိုင်း ရအောင် လုပ်ပေးထားတယ်။ အဲ့တာ ကျနော်တို့ရဲ့ကူညီခြင်းပဲ” လို့ ဖိုးဖြူက ပြောပါတယ်။

အနုပညာအလုပ်များ လုပ်ကိုင်မှုနည်းလာတာနည်း ပတ်သက်ပြီးလည်း သူက အခုလိုဆိုပါတယ်။ “ပရဟိတတွေ လုပ်နေတာရော အသက်ကြီးလာတဲ့အတွက် အနုပညာအလုပ်ကို သိပ်မလုပ်တော့ဘူး။ သို့ပေမယ့် ပြောရရင် အသည်းရောင် အသားဝါစီပိုး ဖြစ်တာက ဆေးကုလို့ အဲဒီပိုးက သေသွားပေမယ့် အနုပညာပိုးကတော့ လူသေမှ သာသေမှာပေါ့။ အဲ့အတွက် ကျနော့် သူငယ်ချင်းတွေ အလျင်းသင့်ရင် သင့်သလိုတော့အနုပညာကို လုပ်တယ်။ အဓိက စီးပွားရေး အနေနဲ့သာ မလုပ်တော့ဘူး”လို့ ပြောပါတယ်။

လူရွှင်တော်၊ သရုပ်ဆောင် ဖိုးဖြူက လက်ရှိမှာ အနုပညာလုပ်ငန်းများကို အလျင်းသင့်ရင် သင့်သလို လုပ်ကိုင်သွားမှာ ဖြစ်ပြီး တခြား ကိုယ်ပိုင်စီးပွားရေးအနေနဲ့ “ဝါးမယ် မြန်မာ”လို့ အမည်ပေးထားတဲ့ ထမင်းဆိုင်ကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

The post အသည်းရောင်စီပိုး ဖြစ်တဲ့အတွက် အနုပညာအလုပ်နဲ့ ဝေးသွားခဲ့ရသူ ဖိုးဖြူ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)