Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကင်ဆာရောဂါကို လန်ဒန်မှာ သွားကုနေရတဲ့ ဘောလိဝုဒ် မင်းသား Irrfan Khan

$
0
0

ယခုနှစ် အစောပိုင်းမှာ ဘောလိဝုဒ်မင်းသား Irrfan Khan ဟာ Neuroendocrine လို့ခေါ်တဲ့ ဟော်မုန်းဆိုင်ရာ အာရုံကြော ကင်ဆာကို ခံစားနေတယ်လို့ ထုတ်ပြောခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီသတင်းကြောင့် သူ့ပရိသတ်တွေက ထိတ်လန့် ခဲ့ကြရပါတယ်။

မင်းသား Irrfan ရဲ့ မိသားစုတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ရဲ့ Privacy ကိုလေးစားကြပြီး သူ့ရဲ့ ရောဂါကုသမှု အခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ပြောခဲ့ကြတာ မရှိသလို သူကိုယ်တိုင်ကလည်း ရောဂါခံစားနေရကြောင်း ကြေညာခဲ့ပြီးတဲ့နောက်ပိုင်း မီဒီယာနဲ့ ထိတွေ့ဆက်ဆံတာ မရှိတော့ပါဘူး။

အခုတော့ သူရဲ့ ရောဂါအခြေအနေနဲ့ ခံစားရတဲ့ ခံစားချက်တွေကို The Times of India မီဒီယာထံ ပြောကြားခဲ့ပါတယ်။ မင်းသား Irrfan က “အဆင့်မြင့် ဟော်မုန်းဆိုင်ရာ အာရုံကြောကင်ဆာကို ခံစားနေရတာ အချိန်တချို့ရှိခဲ့ပါပြီ။ အဲဒီ စကားလုံးဟာ ကျနော့်အတွက် အဓိပ္ပာယ်အသစ် ဖြစ်ပါတယ်။ ရှားပါးတယ်။ လေ့လာတာတွေ နည်းတဲ့ ရောဂါဆိုတာကို သိပါတယ်။ ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်က နည်းတယ်။ ကုသမှုက ပိုပြီးမရေမရာ ဖြစ်တယ်။ အကန့်အသတ်နဲ့ ဆော့ရတဲ့ ဂိမ်းထဲ ရောက်နေခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မင်းသားက ရောဂါရှိနေပြီ ဆိုတာကို သိလိုက်ရပြီးတဲ့နောက် စိတ်ထဲမှာ ဆေးစစ်ချက် ရလဒ်ကို အရှုံးပေးချင်စိတ် ၊ လက်ခံချင်စိတ်၊ ယုံကြည်စိတ်၊ သဘောမတူစိတ်တွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီ စိုးရိမ်မှုကို နောက်မှာချိန်ထားခဲ့လိုက်ပြီး တကယ့်လွတ်လပ်မှုဆိုတာ ဘာလဲဆိုတာ သိလာရပြီလို့ ဆိုပါတယ်။

မင်းသား Irrfan ကအခုလိုမျိုး သူ့ရဲ့ အတွေးအမြင်ကို လူမှုကွန်ရက်မီဒီယာမှာ ဝေမျှခဲ့ပြီးတဲ့ နောက်မှာ ဒါရိုက်တာ Aseem Chabbra က Twitter မှာ တုန့်ပြန်ပြောကြားလာပါတယ်။

ဒါရိုက်တာ Aseem က “Irrfan ရဲ့ သတင်းစကားထဲမှာ မျှော်လင့်ချက်ကို ကျနော် တွေ့ပါတယ်။ ပြီးတော့ လန်ဒန်မှာ သူ့ကို တွေ့လိုက်တယ်လို့ တယောက်ကလည်း လာပြောပါတယ်။ ကုသမှုအဆင်ပြေတယ်လို့လည်း ကြားပါတယ်။ ကျနော် ဘုရားသခင် ဆိုတာကို မယုံပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ ပေါင်းစည်းအားဟာ သူ့ကို ခွန်အားပေးနိုင်မယ်လို့ ကျနော် သိပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဘောလိဝုဒ် အကျော်အမော် တော်တော် များများကလည်း မင်းသား Irrfan ကိုအားပေးတဲ့ မက်ဆေ့ချ်တွေ ရေးသားခဲ့ပြီး ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။

Ref:indiaexpress

The post ကင်ဆာရောဂါကို လန်ဒန်မှာ သွားကုနေရတဲ့ ဘောလိဝုဒ် မင်းသား Irrfan Khan appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles