Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အွန်လိုင်း TV လုပ်ငန်းကို လေးဖြူနဲ့ အတူ လုပ်နေတဲ့ အဆိုတော် မျိုးကြီး

$
0
0

မြန်မာနိုင်ငံရဲ့ နာမည်ကြီး ရော့ခ်ဂီတအဖွဲ့ Iron Cross Band ရဲ့ အဆိုတော်မျိုးကြီးက လက်ရှိမှာ အဆိုတော် လေးဖြူနဲ့အတူ “Big 9” လို့အမည်ရတဲ့ အွန်လိုင်းTV လုုပ်ငန်းကို လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သတ်လို့ အဆိုတော်မျိုးကြီးက “ကျနော် အွန်လိုင်းတီဗီ လုပ်နေပါတယ်။ ဖုန်းပေါ်တော့ ရောက်နေပါပြီ။ ကျနော်တို့ အွန်လိုင်းတီဗီ လုပ်ဖြစ်တာ ဝါသနာပါလို့ပါ” လို့ ပြောပါတယ်။ Big 9 TV က အွန်လိုင်းမီဒီယာ အမျိုးအစားဖြစ်ပြီး လက်ရှိမှာ ထုတ်လွှင့်ပြသနေပြီလို့ သိရပါတယ်။

ဂီတပိုင်းနဲ့ ပတ်သတ်ပြီးလည်း အဆိုတော် မျိုးကြီးက Iron Cross နဲ့အတူ Group အခွေထွက်ရှိဖို့ရှိပြီး Show ပွဲများတော့ မဆိုဖြစ်သေးဘူးလို့ ပြောပါတယ်။

အဆိုတော် မျိုးကြီးက “Iron Cross အဖွဲ့နဲ့ ဇွန်လ ၁၆ နေ့ ရန်ကုန်မှာ ရှိတယ်။ ဒီပွဲပြီးရင်တော့ မိုးတွင်းဆိုတော့ ခဏ နားမယ်။ မိုးကုန်မှ ပြန်စမယ်။ IC group အခွေ ထွက်ဖို့ရှိပါတယ်။ အဲ့တာတော့ ပြီးခါနီးပြီ။ အဆုံးတော့ သတ်နေတယ်။ အရင် ကျနော်တို့ လုပ်နေကျ IC Unplugged ပုံစုံမျိုး အဖွဲ့လိုက် လုပ်ထားတာပါ။ စီးရီးခွေ အနေနဲ့ သွားမှာပါ။ ရာစုသစ် တို့လို ပုံစံမျိုးပါ။ သီချင်းခေါင်းစဉ် မပြီးသေးပါဘူး လုပ်တုန်းပဲ။ တေးရေးအသစ် များတယ်။ ဒီလို Group ခွေ ထွက်လာ ရင်လည်း ပရိသတ် ကြိုက်နှစ်သက်ဦးမှာပါ” လို့ ဆိုပါတယ်။

အဆိုတော်မျိုးကြီးက လက်ရှိမှာ ဂီတအဆိုပိုင်းအပြင် Oppo စမတ်ဖုန်းရဲ့ Brand Ambassador အဖြစ်လည်း ခန့်အပ်ခြင်း ခံထားရသူ တဦး ဖြစ်ပါတယ်။

The post အွန်လိုင်း TV လုပ်ငန်းကို လေးဖြူနဲ့ အတူ လုပ်နေတဲ့ အဆိုတော် မျိုးကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)