Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“သမီးကို ပညာရေးဘက်ပဲ ဦးစားပေး လုပ်ခိုင်းထားတယ်”ဆိုတဲ့ တင်ဇာဝင်းပြည့်

$
0
0

သရုပ်ဆောင် မင်းသမီး တင်ဇာဝင်းပြည့်က သမီးတယောက်ရဲ့ မိခင်ဖြစ်ပြီး သမီးဖြစ်သူကလည်း အနုပညာကို ဝါသနာ ပါတဲ့အတွက် လက်ရှိမှာ အနုပညာအလုပ်များကို ပေးလုပ်စေချင်ပေမယ့် ပညာရေးဘက်ကိုပဲ ဦးစားပေးပြီး လုပ်ခိုင်းတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“အခုသမီးလေးက ဆယ်တန်းဆိုတော့ အနုပညာအလုပ်တွေ သိပ်မလုပ် ခိုင်းထားဘဲ စာကိုပဲ အာရုံစိုက်ခိုင်းထားပါတယ်။ အနုပညာတွေ ပြန်လုပ်သွားမှာပါ။ အခုခေတ်က ပညာတတ်မှလည်း အဆင်ပြေတာလေ။ အန်တီတို့တုန်းက မင်းသမီးက ရိုးရိုးရှင်းရှင်းလေးပဲ သွားတာ။ အခုကနိုင်ငံတကာနဲ့ ဆက်နွယ်လာပြီ ဆိုတော့ ဆယ်တန်းမအောင်လို့ကို မဖြစ်ဘူး” လို့ သမီးဖြစ်သူနဲ့ ပတ်သတ်ပြီး တင်ဇာဝင်းပြည့်က ပြောပါတယ်။

ဆက်လက်ပြီး “ဆယ်တန်းအောင်ပြီးရင်တော့ ဒီအနုပညာကို လုပ်ခိုင်းမယ်။ သူကလည်း ဝါသနာပါတယ်။သူက ၂ တန်း လောက် ကတည်းက အန်တီနဲ့ လိုက်နေတော့ အနုပညာကို သူကလည်း ဝါသနာပါတယ်။ အိုက်တင်တွေလည်း လုပ်တတ်တယ်။ သင်စရာ မလိုဘူး။ ဆယ်တန်းပြီးရင်တော့ ပြည့်ပြည့်စုံစုံ သင်ပေးမယ်။ မြန်မာအကတွေရော သီချင်း ဆိုတာတွေရော အကုန်လုံး သင်ခိုင်းမယ်။ ပညာပြည့်ပြီဆိုမှ မင်းသမီးလုပ်ခိုင်းမယ်”လို့ ဆိုပါတယ်။

သရုပ်ဆောင် တင်ဇာဝင်းပြည့်ရဲ့ သမီးနာမည်ကတော့ စန္ဒြာရွှေရည်ဖြစ်ပြီး ယခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာလည်း သမီးဖြစ်သူက အကယ်ဒမီ မောင်မယ် တဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။

သမီးဖြစ်သူူကို အနုပညာအလုပ်များ လုပ်ကိုင်တဲ့အခါမှာ အဝတ်အစားပိုင်းကအစ ထိန်းသိမ်းပြီး ဝတ်စား ဆင်ယင်ဖို့ ပြောဆို ဆုံးမကြောင်းလည်း တင်ဇာဝင်းပြည့်က ဆိုပါတယ်။ “သူကတော့ ဝတ်တတ် စားတတ်တယ်။သူနေရာနဲ့သူ လိုက်ရောညီထွေ ဖြစ်အောင် ဝတ်ဖို့တော့ အန်တီပြောပြပေးထားတယ်။ ပေါ်နေမှ လှတာ မဟုတ်ဘူးလေနော်။ ကိုယ်ကတော့ လုံလုံခြုံခြုံလေးနဲ့ အဆင့်တန်းရှိရှိလေး ဖြစ်အောင် နေထိုင်ဝတ်ဆင်ဖို့ ပြောထားတယ်” လို့ ပြောပါတယ်။

အသားအရေပိုင်းနဲ့ ပတ်သက်ပြီးလည်း ဘယ်လိုပြုပြင် ထိန်းသိမ်းဖြစ်တယ်ဆိုတာကို တင်ဇာဝင်းပြည့်က အခုလို ဆိုပါတယ်။ “အန်တီက သမီးကို အသားအရေနဲ့ ပတ်သတ်ပြီး ဆနွင်းသောက်ခိုင်းတယ်။ ဆနွင်းက အသားအရေလည်း လှတယ်။ သွေးသား သန့်စင်ပေးတယ်။ အန်တီလည်း သောက်တယ်။ ပြီးတော့ အမေနဲ့အတူ လေ့ကျင့်ခန်း လုပ်ခိုင်းတယ်။ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်း လုပ်တယ်။ မျက်နှာအတွက် လေ့ကျင့်ခန်းလုပ်တယ်။ သဘာဝအတိုင်းပဲ သမီးကို နေခိုင်းပါတယ်” လို့ ဆိုပါတယ်။

တင်ဇာဝင်းပြည့်ဟာ တချိန်က မြန်မာရုပ်ရှင် ဇာတ်ကားတွေမှာ မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ အနုပညာ လုပ်ငန်းကို နှစ်အနည်းငယ်ကြာ ခေတ္တရပ်နားပြီး လွန်ခဲ့တဲ့ ၈ နှစ်ကမှ အနုပညာအလုပ်များကို ပြန်လည် လုပ်ကိုင် လာသူ အနုပညာရှင် တဦးဖြစ်ပါတယ်။

The post “သမီးကို ပညာရေးဘက်ပဲ ဦးစားပေး လုပ်ခိုင်းထားတယ်”ဆိုတဲ့ တင်ဇာဝင်းပြည့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ