Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဆောင်းဟေဂိုနဲ့ ပတ်ဘိုဂွန်းတို့ကို ဇာတ်ကားအသစ်မှာ အတူမြင်တွေ့ရတော့မှာလား

$
0
0

“Boyfriend” လို့ ယာယီနာမည်ပေးထားတဲ့ ဇာတ်လမ်းတွဲအသစ်မှာ အွန်စောလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီး ဆောင်ဟေဂိုနဲ့ အာရှပရိသတ် အချစ်တော် မင်းသား ပတ်ဘိုဂွန်းတို့ နှစ်ယောက်ကို အတူတွဲ သရုပ်ဆောင်မြင်တွေ့ ရဖို့ရှိနေပါတယ်။

မင်းသမီးဆောင်ဟေဂိုရဲ့ အေဂျင်စီက “Boyfriend ဇာတ်လမ်းတွဲ ဇာတ်ညွှန်းရထားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ခုချိန်ထိ မင်းသမီးဘက်က သရုပ်ဆောင်ဖို့ကို လက်မခံသေးပါဘူး” လို့ဆိုပါတယ်။ ပတ်ဘိုဂွန်း အေဂျင်စီကလည်း ဇာတ်ညွှန်းလက်ခံထားတဲ့အကြောင်းပဲ ထုတ်ပြန်ထားပါသေးတယ်။

ဇာတ်လမ်း အကျဉ်းချုပ်ကတော့ ချမ်းသာကြွယ်ဝတဲ့မိသားစုက အမျိုးသမီးတယောက်နဲ့ ဘာဆိုဘာမှမရှိတဲ့ အမျိုးသား တယောက်အကြောင်းပါ။ ဇာတ်လမ်းရဲ့အဓိကအချက်က ချမ်းသာကြွယ်ဝမှုနဲ့ သာမန်ဘဝနှစ်ခုမှာ ဘယ်အရာက စွန့်လွှတ်ဖို့ ပိုခက်ခဲလဲဆိုတဲ့ အချက်ပါ။

ဒီဇာတ်ကားမှာ မင်းသမီးဆောင်ဟေဂိုက နိုင်ငံရေးလောကမှာ သြဇာတိက္ကမကြီးတဲ့ ဖခင်ရဲ့သမီးဖြစ်သူ ချာဆူဟွန်းအဖြစ် သရုပ်ဆောင်ရမှာပါ။ မိသားစုရဲ့ ဖိအားပေးမှုကြောင့် ကျောင်းပြီးပြီးချင်းမှာပဲ သူဌေးတဦးနဲ့ အိမ်ထောင်ကျခဲ့ပြီး နောက်ပိုင်း အဆင်မပြေမှုတွေကြောင့် ကွာရှင်းထားသူ တယောက်ပါ။

မင်းသားပတ်ဘိုဂွန်းကတော့ အချိန်ပြည့် အလုပ်ရှာရင်း အချိန်ပိုင်း အလုပ်တွေ တခုပြီးတခု လုပ်နေတဲ့ သာမန် အမျိုးသား ကင်ဂျင်ဟော့အဖြစ် သရုပ်ဆောင်ရမှာပါ။ နိုင်ငံခြားကို အလည်ပတ်သွားဖို့ တနှစ်လောက် ပိုက်ဆံ ရှာပြီး စုဆောင်း နေသူပါ။

ကမ်းလှမ်းထားတဲ့ မင်းသမီး ဆောင်ဟေဂိုနဲ့ မင်းသား ပတ်ဘိုဂွန်းတို့ နှစ်ယောက်သာ “Boyfriend” ဇာတ်ကားကို လက်ခံမယ်ဆိုရင် ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ရိုက်ကူးပြီး ထုတ်လွှင့်သွားဖို့ရှိပါတယ်။

မင်းသမီး ဆောင်ဟေဂို အတွက်တော့ အိမ်ထောင်ကျပြီး ပထမဆုံးအကြိမ် ပြန်ရိုက်ကူးဖို့ သတင်းထွက်နေတဲ့ ဇာတ်ကား ဖြစ်သလို မင်းသား ပတ်ဘိုဂွန်းကလည်း ၂၀၁၆ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ “Love in the Moonlight” ဇာတ်ကား နောက်ပိုင်း ပြန်လည်ရိုက်ကူးနိုင်တဲ့ ဇာတ်ကားဖြစ်လာနိုင်ပါတယ်။

Ref: Soompi

The post ဆောင်းဟေဂိုနဲ့ ပတ်ဘိုဂွန်းတို့ကို ဇာတ်ကားအသစ်မှာ အတူမြင်တွေ့ရတော့မှာလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ