Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Facebook အကောင့်တုဖွင့်ကာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ ရေးသားခြင်းခံနေရတဲ့ စာရေးဆရာမ လွန်းထားထား

$
0
0

စာရေးဆရာမ လွန်းထားထားက သူရဲ့နာမည်ဖြစ်တဲ့ လွန်းထားထား(ဆေးတက္ကသိုလ်) အမည်နဲ့ Facebook အကောင့်တုသုံးပြီး နိုင်ငံရေး Comment များ ရေးသားခံနေရတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သတ်လို့ ဆရာမ လွန်းထားထား က သူ့ရဲ့ Facebook မှာ “မထားရဲ့ နာမည်သုံးပြီး အကောင့်ဖွင့်ထားသူ သိစေအပ်ပါတယ်။ မထားမှာ ကိုယ်ပိုင်အကောင့်ရော ပေ့ချ်ပါ ဖွင့်ထားပါတယ်။ မထားနာမည်သုံးပြီး နိုင်ငံရေးကော်မန့်တွေ ရေးထားတာလည်း တွေ့ရပါတယ်။ မလုပ်သင့်ပါဘူး လို့ မေတ္တာရပ်ခံပါရစေ၊ လူအချင်းချင်း လေးစားတန်ဖိုးထားပေး စေချင်ပါတယ် အေးဆေးစွာ နေပါရစေရှင်”လို့ ပြန်လည်ကြေညာ ရေးသားထားပါတယ်။

ဒီအကောင့်တုက စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်) ရဲ့ ဓာတ်ပုံနဲ့ ထွက်ရှိပြီးသား ဝတ္ထုစာအုပ်များကို တင်ထားပြီး သူရဲ့ Facebook Wall နဲ့ Comment များမှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများ တင်ထားတာ တွေ့ရပါတယ်။

ဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်) ကတော့ ထွက်ရှိတဲ့ စာအုပ်တိုင်း လူငယ် စာဖတ်ပရိသတ် အများအပြားရဲ့ အားပေးခြင်းခံရပြီး ၊ ဝတ္ထုစာအုပ် တော်တော်များများကိုလည်း ရုပ်ရှင်၊ ဗီဒီယို အဖြစ်ရိုက်ကူးခံတဲ့ စာရေဆရာမ တဦး ဖြစ်ပါတယ်။ ဆရာမ လွန်းထားထားက လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံမှာ နေထိုင်နေလျက် ရှိပါတယ်။

The post Facebook အကောင့်တုဖွင့်ကာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ ရေးသားခြင်းခံနေရတဲ့ စာရေးဆရာမ လွန်းထားထား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link