Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အသက် ၂၀ နှစ်ပြည့် မွေးနေ့အလှူမှာ အဝတ်အစားနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ ရွှေမှုံရတီ

$
0
0

မေလ ၁၆ ရက်နေ့ကပြုလုုပ်ခဲ့တဲ့ သရုပ်ဆောင် ရွှေမှုံရတီရဲ့ မွေးနေ့ပွဲအလှူမှာ ရွှေမှုံရတီက သူမ ဝတ်စားဆင်ယင်ခဲ့တဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရပါတယ်။ ရွှေမှုံရတီက မွေးနေ့ပွဲမှာ မြန်မာဝတ်စုံ အဖြူရောင် ဝတ်ဆင်ခဲ့ပြီး မှော်ဘီ အောင်ဇဗ္မူတောရ ဘုန်းကြီးကျောင်းမှာ အလှူလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကုသိုလ်ပြုလုပ်ပုံတွေကို လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာ တက်လာပြီးနောက်မှာပဲ ဝေဖန်ခဲ့ခဲ့ရတာ ဖြစ်ပါတယ်။

ရွှေမှုံရတီ ဝတ်ဆင်ထားတဲ့ ဝတ်စုံက အဆန်းကြီး မဟုတ်ဘဲ ရိုးရိုးမြန်မာဝတ်စုံ ရင်ခံပေါ်မှာ ဇာအပါးလေး ထပ်အုပ်ထားတဲ့ ဝတ်စုံဖြစ်ပါတယ်။ ဒါပေမယ့် ဝတ်စုံရဲ့ ရင်ခံက ဟိုက်နေတဲ့အတွက် ရင်ညွန့်ပေါ်နေတာကြောင့် ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။ Facebook သုံးစွဲသူများကြား Comment တွေမှာ ဘုန်းကြီးကျောင်းကို ဘယ်လို ဝတ်စုံမျိုးတွေ ဝတ်လဲ ဆိုပြီး အပြောဆိုခံနေရတာပါ။

ဒါနဲ့ ပတ်သက်လို့ ရွှေမှုံရတီကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာမှာ သူမရဲ့ အမေက “အန်တီတို့က ရိုးရိုးယဉ်ယဉ်လေးပဲ မြန်မာဝတ်စုံလေး ဝတ်ထားတာပါ။ အရင်ထဲက ဒီထက်တောင် အပြောအဆို ခံထားရတာ၊ ဒီလောက်ကတော့ မပြောပလောက်ပါဘူး။ အဲ့လို ပြောတဲ့သူရှိမှလည်း အောင်မြင်တာလေ။ အဲ့တော့ အကောင်းဘက်ကနေပဲ တွေးပြီး နေလိုက်တယ်။ သူတို့ဟာ သူတို့ရေးချင်တာရေးပြီး ပြောချင်တာပြောပါစေလို့။ အန်တီကိုတောင် Tag တွဲထားတာ။ အန်တီကတော့ စိတ်ကို မဝင်စားဘူး” လို့ ဖြေကြားပေးခဲ့ပါတယ်။

ဒီဝတ်စုံကို ဝေဖန်ပြောဆိုနေတာနဲ့ ပတ်သက်ပြီး ရွှေမှုံရတီရဲ့ မွေးနေ့ ဝတ်စုံကို ချုပ်ပေးထားတဲ့ ဒီဇိုင်နာ ကောင်းမြတ်ကို ဧရာဝတီက မေးမြန်းတဲ့အခါမှာ “အဲ့တာက တကယ်တော့ ကျနော်တို့က ချုပ်နေကျပုံစံပဲ ချုပ်ထားတာပါ။ ကင်မရာရိုက်တဲ့ သူတွေကများတော့ ရိုက်တဲ့ အချိန်အဆနဲ့ကင်မရာယူတဲ့ Angle တွေကြောင့် အင်္ကျ ီက နည်းနည်းလေး အမြင်ရိုင်း သလိုလေးဖြစ်သွားတာပါ။ တခြားတော့ ဘာမှမဟုတ်ပါဘူး”လို့ ဖြေကြားပေးခဲ့ပါတယ်။

The post အသက် ၂၀ နှစ်ပြည့် မွေးနေ့အလှူမှာ အဝတ်အစားနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ ရွှေမှုံရတီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)