Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စကားလုံး လှလှတွေနဲ့ ယောကျာ်းကို ချုပ်လိုက်တဲ့ အဆိုတော် စန္ဒီမြင့်လွင်

$
0
0

ပရိသတ်တွေအကြိုက် Rap တွေ သီဆိုတတ်သူ ဖြစ်ပြီး၊ သရုပ်ဆောင်တဦးလည်းဖြစ်တဲ့ စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူကို စကားလုံး လှလှလေးတွေနဲ့ ချုပ်လိုက်ပါတယ်။

သူဘယ်လိုပုံစံ၊ ဘယ်လို အနေအထားပဲ နေနေ ချစ်နေတဲ့ ခင်ပွန်းကြောင့် စိတ်ချမ်းသာနေရသလို ခင်ပွန်းကိုလည်း တနေ့တခြား ပိုပိုချစ်လာတယ်လို့သူမရဲ့ Facebook မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ရေးသားထားတာ တွေ့ရပါတယ်။

စန္ဒီမြင့်လွင်က သူ့ရဲ့ Facebook အကောင့်မှာ “ကိုယ်ကသူများတွေလို ဘော်ဒီလေးလည်း မလှပါဘူး။ မျက်နှာလေးကလည်း ဝလုံးလေးရယ်ပါ။ အရပ်ကလေးကလည်း ရှည်သေးတာ။ သူဌေးမလေးကလည်း မဟုတ်ပြန်ဘူး။ စိတ်ကလည်း ပုပ်သေး၊ သီချင်းဆိုရင်လည်း အကြမ်းတွေချည်းပဲ (ယောကျာ်း မကောင်းကြောင်းတွေ ဆိုသေးတာ)။ လူကလည်း ကျွတ်ဆပ်ဆပ် မာကျောကျောရယ်ပါ။ မှန်တာတွေပြော သစ္စာရှိ မြက်ပင်ပေါက်လွန်းလို့လည်း တချို့လူတွေကိုယ့်ကို မနှစ်မျို့ပြန်ဘူး။ ကိုယ် ဘယ်လိုပုံစံ ဘယ်လိုအနေအထားပဲ ဖြစ်ဖြစ် ကိုယ့်အပေါ် အရမ်းချစ်တဲ့ ကိုယ့်ရဲ့အိမ်ဦးနတ် ကျားကျားကို ပိုပို ချစ်လာတယ် တနေ့ တခြား” ဆိုပြီး ရေးသားထားပါတယ်။

စန္ဒီမြင့်လွင် ရေးထားတဲ့ ပို့စ်အောက်မှာ သူမရဲ့ ပရိသတ်တွေ အနုပညာသူငယ်ချင်းတွေက သူမကို အားကျကြောင်း ပြောထားတဲ့ Comment တွေ တွေ့ရပါတယ်။ သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ စန္ဒီမြင့်လွင်ကို အားလုံးက အားကျနေကြပါတယ်။

စန္ဒီမြင့်လွင်ဟာ မတ်လက မင်္ဂလာဆောင်ခဲ့ပြီး မင်္ဂလာပွဲပြီးနောက်ပိုင်းမှာလည်း ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်ဆိုသလို သွားနေရတာ တွေ့ရပြီး အပျော်ခရီးတွေလည်း သွားဖြစ်နေတာ တွေ့ရပါတယ်။ ဒါ့အပြင့် အလှူအတန်းတွေနဲ့ ပတ်သက်လာရင်လည်း လက်မနှေးဘဲ ရှေ့သွားနောက်လိုက် ညီလွန်းလှတဲ့ စုံတွဲပါ။

စန္ဒီမြင့်လွင်ဟာ အနုပညာရှင်မောင်နှမတွေနဲ့ အတူ သုဝဏ္ဏသျှံ ဖောင်ဒေးရှင်း ကိုတည်ထောင်ပြီး လိုအပ်တဲ့ နေရာတွေကို အဓိကထား လှူဒါန်းဖြစ်နေတယ်လို့ သိရပါတယ်။

The post စကားလုံး လှလှတွေနဲ့ ယောကျာ်းကို ချုပ်လိုက်တဲ့ အဆိုတော် စန္ဒီမြင့်လွင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ