Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“တယောက်တည်း ဖြစ်သွားတဲ့အတွက် လွတ်လပ်တဲ့ အရသာကို ပထမဆုံး ခံစားဖူးတာ” ဆိုတဲ့ ရွှေမှုံရတီ

$
0
0

သရုပ်ဆောင် ရွှေမှုံရတီက အခုချိန်မှာ Single တယောက်ဖြစ်သွားတဲ့အတွက် အရမ်းပျော်နေပြီး လွတ်လပ်တဲ့ အရသာကို ဘဝမှာ ပထမဆုံး ခံစားဖူးတာလို့ ပြောပါတယ်။

“Single ဖြစ်သွားပါပြီ။ အရမ်းပျော်ပါတယ်။ လွတ်လပ်တဲ့အရသာကို ဘဝမှာ ပထမဆုံး ခံစားဖူးတာဆိုတော့ အရမ်းပျော်ပါတယ်။ နောက်ထပ်ကတော့ ညီမအသက်က အခုမှငယ်ငယ်လေး ရှိသေးတာဆိုတော့ မပြောသေးပါဘူး။ အချိန်တွေ အများကြီး ရှိပါသေးတယ်။ မွေးနေ့မှာ အရမ်းလွတ်လပ်နေတယ်။ ပျော်ရွှင်နေတယ်” လို့ ရွှေမှုံရတီက ဒီနေ့ပြုလုပ်ခဲ့တဲ့ မွေးနေ့အလှူမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သူမဟာ မကြာသေးမီက ချစ်သူနဲ့ လမ်းခွဲခဲ့တာ ဖြစ်တဲ့အတွက် မေလ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ မှာတော့ တကိုယ်တော် ဖြစ်လို့နေပါတယ်။ မွေးနေ့ပွဲကိုတော့ မှော်ဘီမြို့မှာရှိတဲ့ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းမှာ သံဃာတော် ၁၀၈ပါးနှင့် လူအယောက် တထောင်ကို ထောပတ်ထမင်းနဲ့ ကြက်သားဟင်း ကျွေးမွေးပြီး အလှူဒါနပြုခဲ့ပါတယ်။

အသက်က ထိပ်စီးလည်း ပြောင်းသွားပြီး အချစ်ရေးမှာ တကိုယ်တော်ဖြစ်သွားပေမယ့် ယုံကြည်မှုရှိစွာ သွားလာနေပြီး အနုပညာလှုပ်ရှားမှုများကို အမြဲမပြတ်လုပ်ဆောင်နေတဲ့ ရွှေမှုံရတီကတော့ အရွယ်နဲ့မလိုက်အောင် တည်ငြိမ်နေတာ တွေ့ရပါတယ်။

တည်ငြိမ်သူ တယောက်အဖြစ် တွေ့မြင်ရတဲ့ ရွှေမှုံရတီက “ညီမအိုက်တင်ပိုင်းမှာလည်း အကောင်းဆုံး သရုပ်ဆောင် ပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် နောက်ပြီးတော့ ညီမတို့က အနုပညာသမားတွေ ဖြစ်တဲ့ အတွက် အပြင်မှာ သွားတာလာတာ နေတာထိုင်တာကအစ အစစအရာရာ ဂရုစိုက်ရပါတယ်။ အကျီၤ အဝတ်အစား ပဲဖြစ်ဖြစ် စားပုံသောက်ပုံ ခြေဆုံးခေါင်းဆုံး ဂရုစိုက်ရပါတယ်။ နံရံတိုင်းမှာ နားတွေရှိသလို မျက်စိတွေရှိတယ်။ လက်လွတ် စပယ်နေလို့ မရတဲ့သူတွေ ဖြစ်တဲ့အတွက် ညီမက ညီမအသက်အရွယ်နဲ့မလိုက်အောင် သတိထားပြီး ရင့်ကျက်အောင် နေနေရပါတယ်” လို့ ဆိုပါတယ်။

အသက် ၁၃ နှစ်အရွယ်မှစတင်ကာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး မကြာခင်မှာလည်း ကိုယ်ပိုင် ထုတ်လုပ်ရေး တည်ထောင်ကာ ရုပ်ရှင်ဇာတ်ကားများကို ထုတ်လုပ်ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ညီမ ၁၃နှစ်အရွယ်ကတည်းက အနုပညာအလုပ်စလုပ်ပါတယ်။ အခု အသက် ၂၀မှာ ညီမ ထုတ်လုပ်သူတယောက် လုပ်ဖို့ အတွက်ကို အမေ့ကို တတ်နိုင်သလောက် ဝိုင်းလုပ်ပေးပါတယ်။ ခေါင်းစားပေးပါတယ်။ ညီမအတွက် ဘယ်အရာမဆို ကြိုဆိုပါတယ်။ ခက်ခဲမှုတွေရော အန္တရာယ်တွေလည်း ကြိုဆိုတယ်။ အားလုံးကို ရင်ဆိုင်နိုင်တယ်။ အားလုံးကို ရင်ဆိုင်နိုင်အောင် ညီမအမေက ပြင်ဆင်ပေးပြီးသားဆိုတော့ ညီမက ဘာလာလာ ဒေါင်းပါတယ်” လို့ ရွှေမှုံရတီက ပြောပါတယ်။

ရွှေမှုံရတီကတော့ အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မြန်မာပြည်ရဲ့ မင်းသမီး တလက် ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ ထွန်းတောက်လာသူ ရွှေမှုံရတီ

The post “တယောက်တည်း ဖြစ်သွားတဲ့အတွက် လွတ်လပ်တဲ့ အရသာကို ပထမဆုံး ခံစားဖူးတာ” ဆိုတဲ့ ရွှေမှုံရတီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ