Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ကားတွေရဲ့ နောက်ကွယ်က အံ့အားသင့်စရာ မိတ်ကပ်ပြင်ဆင်မှုများ

$
0
0

ရုပ်ရှင်သမိုင်းကြောင်း ဖန်တီးမှုတလျှောက်မှာ ရုပ်ရှင်ဇာတ်ကားကောင်းတွေရဲ့ နောက်ကွယ်က ပြောင်မြောက်တဲ့ မိတ်ကပ်ဖန်တီးမှုတွေဟာလည်း အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။

ဇာတ်လမ်းနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်ပြင်ဆင်မှုတွေဟာ ရုပ်ရှင်ကို ပိုမိုကောင်းမွန်အောင် အထောက်အပံ့ ပေးနိုင်တာကြောင့် ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်က အံအားသင့်စရာ မိတ်ကပ်ပြင်ဆင်မှုတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းကို ရိုက်ကူးထားတဲ့ Darkest Hour ဆိုတဲ့ ဒီဇာတ်ကားမှာတော့ ဝင်စတန်ချာချီအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Gary Oldman ဟာ ချာချီလို ဗိုက်ပူပူနဲ့ လူကောင်လုံးလုံးကြီး ဖြစ်အောင် လူခန္ဓာကိုယ် ပုံစံတူ ပြုလုပ်ထားတဲ့ ဝတ်စုံကြီးကို ဝတ်ဆင်ခဲ့ပြီး ရှိရင်းစွဲအသက်ထက် ပိုကြီးအောင် မိတ်ကပ် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

(၂) မွေးရာပါ ချို့ယွင်းချက်တွေကြောင့် ခွဲစိတ်မှုပေါင်းများစွာ ပြုလုပ်ခဲ့ရတဲ့ အသက် ၁၁ နှစ်အရွယ်ကောင်လေး Auggie Pullman အဖြစ် Jacob Tremblay က သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားကို ကြည့်ရှုကြည့်ရုံနဲ့ မိတ်ကပ် ပြင်ဆင်မှု အပိုင်းမှာ ဘယ်လောက်ထိ အားထုတ်ထားလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

(၃) ခန့်မှန်းလို့ မရနိုင်အောင်ကို အံ့အားသင့်စရာဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲ တခု ဖြစ်တဲ့ Game Of Thrones ဇာတ်လမ်းတွဲထဲက Night King အဖြစ်သရုပ်ဆောင်ထားတဲ့ Richard Brake ဟာ သူ့ရဲ့ ဇာတ်ရုပ်နဲ့ တထပ်တည်း ကျစေဖို့ မိတ်ကပ်ပြင်ဆင်ချိန် ၄ နာရီလောက် ကုန်ဆုံးခဲ့ရပါတယ်။

(၄) AIDS ရောဂါသည်နဲ့တူအောင် မျက်တွင်းဟောက်ပက် ၊ အရိုးပေါ်အရေတင်နဲ့ မိတ်ကပ်ပြင်ဆင်မှုအပိုင်းမှာရော Body Transformation အပိုင်းမှာပါ မယုံနိုင်စရာ ကောင်းလောက်အောင်ကို ပြောင်းလဲပြင်ဆင်ထားတဲ့ Joker မင်းသားလို့ လူသိများကြတဲ့ Jared Leto ကို Dallas Buyers Club ဆိုတဲ့ ရုပ်ရှင်ထဲမှာ တွေ့ရင် ရုတ်တရက်ဆိုသလို မှတ်မိမှာတောင် မဟုတ်ပါဘူး။

(၅) The Grand Budapest Hotel ဆိုတဲ့ဇာတ်ကားထဲက Madame D အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Tilda Swinton ဟာ အဝတ်အစားပုံစံ ခပ်ဆန်းဆန်းတွေအပြင် သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်နဲ့ အံဝင်ဂွင်ကျဖြစ်စေဖို့ မိတ်ကပ် ထိုင်ခုံပေါ်မှာတင် အချိန် ၅ နာရီလောက် မိတ်ကပ်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

Ref. https://brightside.me

The post ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ကားတွေရဲ့ နောက်ကွယ်က အံ့အားသင့်စရာ မိတ်ကပ်ပြင်ဆင်မှုများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ