Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မြစ်ငယ်မြို့က အသက် ၈၀ အရွယ် အဖွားကို သွားရောက် လှူဒါန်းခဲ့တဲ့ ထွန်းကိုကို

$
0
0

ပရဟိတအလုပ်များကို အလျဉ်းသင့်ရင် သင့်သလို လုပ်ကိုင်လေ့ရှိတဲ့ မော်ဒယ်၊ သရုပ်ဆောင် မန္တလေးကို ရောက်နေစဉ် ကာလအတွင်းမှာ ကုသိုလ်အလှူအဖြစ် မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့မှာ ရှိတဲ့ အသက် ၈၀ နှစ် အရွယ် အဖွားအို တဦးကို မေလ ၁၄ ရက်နေ့က ငွေကြေးနှင့် လိုအပ်သည့် ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ကျနော်နဲ့ ထွန်းကိုကို ချစ်ကြသူများရဲ့ ကုသိုလ်အဖြစ် မန္တလေးတိုင်း မြစ်ငယ်မြို့၊ မြန်မာ့မီးရထား စက်ရုံဝင်းနောက်တွင် တာဝန်ရှိသူများ၏ စာနာဖေးမမှုဖြင့် တဲကလေးဆောက်ကာ နေထိုင်သော အသက် ၈၀ အရွယ်၊ အဘွား ဒေါ်ခင်ထွေးအား မုန့်ပုံး၊ အိုဗာတင်း၊ စောင်၊ ဖိုက်ဘာBox နှင့် အလှူငွေ (၁) သိန်းအား သွားရောက်ကန်တော့ခဲ့ပါတယ်” လို့ ထွန်းကိုကိုက သူ့ Facebook အကောင့်မှာ ရေးသားတင်ထားပါတယ်။

“အဘွားက လမ်းမလျောက်နိုင်ပါဘူး။ ဒါပေမယ့် ဓားလေးတွေကို ဆိုက်ကားငှားပြီး လှည့်လည်ရောင်းရင်း ဝမ်းရေးအတွက် ခက်ခက်ခဲ ဖြေရှင်းနေရပါတယ်တဲ့။ အဲ့ဒါကြောင့် ကျနော်နဲ့ ထွန်းကိုကို ချစ်ကြသူများ အရောက်သွားပြီး ကန်တော့ခဲ့ခြင်း ဖြစ်ပါတယ်” လို့ ထွန်းကိုကိုက ဆိုပါတယ်။

ထွန်းကိုကိုက ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းမှာလည်း မကြာခဏ ဆိုသလို လုပ်အားပေး ကူညီမှုများ ပြုလုပ်လေ့ရှိပြီး မကြာသေးခင်ကလည်း ရန်ကုန်မြို့၊ လှိုင်သာယာ၊ ထိန်ပင် အမှိုက်ပုံ မီးလောင်မှုမှာလည်း မီးငြှိမ်းသတ်ခဲ့တဲ့ မီးသတ်သမားများနဲ့အတူ သွားရောက် ကူညီ မီးငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ထွန်းကိုကိုဟာ ယခုလအတွင်း ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ “ဒလန်” ရုပ်ရှင်ဇာတ်ကား မှာလည်း သရုပ်ဆောင် ထွန်းထွန်း၊ ထူးခြား၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ အေးမြတ်သူ၊ ရွှေသမီးတို့နဲ့အတူ ပါဝင် ရိုက်ကူး သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

The post မြစ်ငယ်မြို့က အသက် ၈၀ အရွယ် အဖွားကို သွားရောက် လှူဒါန်းခဲ့တဲ့ ထွန်းကိုကို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)