Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကမ္ဘာပေါ်မှာ ပဉ္စမမြောက် ရုံဝင်ငွေ အများဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Avengers: Infinity War”

$
0
0

“Avengers: Infinity War” ရုပ်ရှင်ဟာ ရုံတင်ပြသတာ တတိယသီတင်းပတ်ကို ရောက်ရှိလာချိန်မှာပဲ ဆက်တိုက် စံချိန်တွေကို ချိုးဖျက်နေပါတယ်။

နာမည်ကျော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Robert Downey Jr ., Chris Evans, Chris Hemsworth, Chadwick Boseman, Scarlett Johanssonand နဲ့ Josh Brolin တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ အဲဒီ Marvel ရုပ်ရှင်ဟာ အခုသီတင်းပတ် မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ဒေါ်လာ ၆၁ ဒသမ ၈ သန်းရရှိခဲ့ပြီး ဇယားထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။ အခုဆိုရင် မြောက်အမေရိက တခုတည်းမှာတင် ရုံဝင်ငွေ ဒေါ်လာ ၅၄၇ ဒသမ ၈ သန်း ရရှိထားပြီး ဖြစ်တဲ့အပြင် တရုတ်နိုင်ငံမှာ ရရှိခဲ့တဲ့ ရုံဝင်ငွေ ဒေါ်လာ သန်း ၂၀၀ ပါထပ်ပေါင်းလိုက်မယ်ဆိုရင်တော့ ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံရရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒီအရေအတွက်ဟာ ကမ္ဘာ့ ရုံဝင်ငွေ သမိုင်းမှာ ပဉ္စမမြောက်ရုံဝင်ငွေ အများဆုံးရုပ်ရှင်နဲ့ ရုံဝင်ငွေ အများဆုံး စူပါဟီးရိုး ရုပ်ရှင် ဖြစ်လာစေခဲ့ပါတယ်။ “Infinity War” ရုပ်ရှင်ဟာ ပဉ္စမမြောက်ရုံဝင်ငွေ အများဆုံး ရုပ်ရှင် နေရာမှာ အချိန် အတော်ကြာ ရပ်တည်နေတဲ့ ၂၀၁၂ ခုနှစ်ရဲ့ “The Avengers” ရုပ်ရှင်ကို ကျော်တက်နိုင်ခဲ့ပြီး စတုတ္ထနေရာမှာ ရှိနေတဲ့ ဒေါ်လာ ၁ ဒသမ ၆၇၁ ဘီလီယံရရှိထားတဲ့ “Jurassic World’ ရုပ်ရှင်ကိုလည်း ကျော်တက်ဖို့ တာဆူနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ရုံဝင်ငွေ အများဆုံး နံပါတ် ၁ နေရာကို “Avatar” ရုပ်ရှင်က ဒေါ်လာ ၂ ဒသမ ၇၈၈ ဘီလီယံနဲ့ ရရှိထားပြီး အဲဒီ နောက်မှာတော့ ဒေါ်လာ ၂ ဒသမ ၁၈၇ ဘီလီယံနဲ့ “Titanic” ၊ ဒေါ်လာ ၂ ဒသမ ၀၆၈ ဘီလီယံနဲ့ “Star Wars: The Force Awakens” ရုပ်ရှင်တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ရဲ့ မြောက်အမေရိက ရုံဝင်ငွေ စာရင်းကို ပြန်ကြည့်မယ်ဆိုရင် မင်းသမီး Melissa McCarthy ပါဝင်ထား တဲ့ “Life of the Party” ရုပ်ရှင်က ဒေါ်လာ ၁၈ ဒသမ ၅ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး မင်းသမီး Gabrielle Union ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင် “Breaking In” ကတော့ ဒေါ်လာ ၁၆ ဒသမ ၅ သန်းနဲ့ တတိယနေရာမှာ ရပ်တည် နေပါတယ်။ ရုံတင်တာ သီတင်းပတ်နှစ်ပတ်ကြာခဲ့ပြီဖြစ်တဲ့ “Overboard” ရုပ်ရှင်ကတော့ စတုတ္ထနေရာမှာ ရှိနေပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်နေတဲ့ “A Quiet Place” ရုပ်ရှင်ကတော့ ရုံဝင်ငွေ နံပါတ် ၅ နေရာမှာ ရပ်တည်လျက် ရှိနေ ပါတယ်။

Ref: aceshowbiz

The post ကမ္ဘာပေါ်မှာ ပဉ္စမမြောက် ရုံဝင်ငွေ အများဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Avengers: Infinity War” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ